17
..............................................
ရေသူတွေက ထိုသို့ပြောပြီးနောက်သူတို့ရဲ့ ကိုယ်ကို ကိုင်းကာ ဦးညွှတ်လိုက်သည်။
"ထပါ"
ထိုင်ခုံအကြီးတစ်ခုပေါ်တွင် လှပသော မိန်းမပျိုလေးတစ်ယောက်ထိုင်နေကာ သူမတွင်ရှည်လျားသော ရွှေရောင် ဆံနွယ် အနီရောင်တောက်တောက်မျက်လုံး ခရမ်းနုရောင်အမြီးတို့ကို ပိုင်ဆိုင်ထားသည်။
သူမခေါင်းတွင် တလက်လက်တောက်နေသော အပြာနုရောင် ခရစ်စတယ်နှင့်ဆင်သော အရာမှလုပ်ထားသည့်သရဖူလေးရှိကာ ထိုသရဖူမှ အလင်းဖျော့ဖျော့လေးထုတ်လွှတ်နေသည်။
uni
စာမစစ်ထားသောကြောင့်အမှားပါလျှင်ကြိုတင်တောင်းပန်ပါသည်။ ဟဲဟဲ
မိုမို ထိုရေသူထီးများက သူ့လက်ကိုဆွဲပီးတွဲလောင်းကဲ့သို့ အရှိန်ဖြင့် ပါသွားလေသည်။ သူရေထဲမှာအသက်ရှုနိုင်ပေမယ့် ခုလိုအရှိန်ဖြင့် ကူးခက်နေတော့ သူကရေသူထီးတွေအရှိန်ကိုမလိုက်နိုင်ဘဲ သူတို့ဆွဲရာပါသွားသည်။
ရေမှုန်များကလည်းသူ့မျက်နှာကို လာထိနေပြီး မနာပေမယ့် စိတ်မသက်မသာဖြစ်စေသည်။
ထို့နောက်ရေကူးသည့်အရှိန်က တဖြည်းဖြည်းနှေးသွားပြီး နောက်ဆုံးတော့ မိုမို ထိုရေသူထီးများရဲ့ အရှိန်ကိုလိုက်နိုင်သွားသည်။
သူဘေးပတ်ပတ်လည်ကို ကြည့်မိတော့ နောက်တစ်ကြိမ်အံဩမိပြန်သည်။ သူတို့အခုရောက်နေသည့်နေရာက ပင်လယ်ကြမ်းပြင်နှင့်တူသော ရေအနက်ပိုင်းကိုရောက်နေသည်။
ရေနက်ပိုင်းဆိုပေမယမ့ အတော်လေးထူးခြားတာတစ်ခုရှိသည်။ သူရှေ့တွင်ရှိနေသောနေရာက ရေနက်ပိုင်းကဲ့သို့ မှောင်မဲမနေဘဲ အပေါ်ယံ ရေလွှာကဲ့သို့ ထူးခြားသည့်အလင်းရောင်ကရောင်ပြန်ဟပ်နေသည်။
သူအပေါ်မော့ကြည့်လိုက်တော့ ဘာမှကိုမမြင်ရလောက်အောင်နက်မှောင်နေသော ရေများကိုမြင်လိုက်ရကာ ပြောရရင် အလင်းနှင့်အမှောင်နှစ်ခြမ်း ခွဲထားသလိုပင်။
သူတို့ဖြည်းညင်းစွာကူးခက်သွားပြီး ခဏကြာတော့ ခ်စ္စရာ ငါးသေးသေးလေးတွေကို အုပ်စုလိုက်ဖြင့်မြင်နေရသည်။ ရှေ့နည်းနည်းသွားလိုက်တော့ကြီးမားသော ဝေလငါးနှင့် အခြားကြီးမားသောငါးအချို့က ဖောက်ထွင်းမြင်ရသော ရေပူဖောင်းကြီးကိုသယ်ထားပြီး ထိုထဲတွင် ပစ္စည်းအချို့လည်းရှိနေသည်။
ထိုငါးကြီးတွေဘေးတွင်ဖြစ်ဖြစ် အပေါ်တွင်ဖြစ်ဖြစ် ရေသူတွေရှိနေကြသည်။ အချို့က ငါးကြီးတွေနှင့်အတူရေလိုက်ကူးနေသည်။ အချို့က ငါးရဲ့ ဦးခေါင်း သို့မဟုတ် ရေယက်နားတွင်ထိုင်နေကြသည်။
သူတို့ထိုအုပ်စုကိုကျော်လာတော့ ချစ်စရာကောင်းသည့် သန္တာကျောက်ကဲ့သို့ လွပေသာ အရာများကိုတွေ့ရသည်။ ထိုအရာကြီးက အတော်လေးကြီးပြီး မော်ဒန်ခေတ်က လုံးကျဉ်း အိမ်တွေလိုမျိုး ဖြစ်ကာမတူတာက ထိုအိမ်ရဲ့နံရံက ကျောက်သားလိုလို နှင့် ချောမွေ့သောအထိတွေ့ရှိကာ လှပသောအရောင်များလည်းနံရံအပြည့်ရှိနေသည်။
ထိုကဲ့သို့ အိမ်များတဖြည်းဖြည်း များလာပြီး သူနောက်မှသိလိုက်ရတာက ထိုအရာက ရေသူတွေရဲ့အိမ်ဖြစ်တာပင်။ လှပပြီး တောက်ပသောအရောင်ရှိသော အမြီး များကိုပိုင်ဆိုင်ထားသည့်ရေသူတွေက နေရာအနှံ့ ကူးခက်သွားလာနေကြသည်။
သူ့ရှေ့ကမြင်ကွင်းဟာ ထိပ်တန်းပန်းချီဆရာတစ်ယောက်မှ အသေးစိတ်သေချာ ဆေးအကောင်းစားကိုအသုံးပြု၍ ရေးဆွဲထားသော နတ်သမီးပန်းချီနှင့်တောင်တူနေကာ အစစ်မှန်လောကဟုယုံဖွယ်မရှိပေ။
သူကိုမြင်တာတောင် ရေသူတွေကကြောက်လန့်မနေဘဲ ဖြစ်နေကျကိစ္စလို ဘေးမှသာဖြတ်သွားကြသည်။
ရေသူတွေ တဖြည်းဖြည်း ကျဲလာပြီးနောက်သူ့ရှေ့တွင် ကြီးများသော အခုံးကြီးကဲ့ စက်ဝိုင်းခြမ်းပုံရှိသော ဖောက်မြင်ရသော အလွှာတစ်ခုရှိကာ အထဲတွင် ပုလဲကဲ့သို့ အရောင်ရှိကာ တခြားသော အဆောက်အဦးတွေနှင့် မတူ ကွဲပြားသောအဆောက်ဦးကြီး တစ်ခုကိုတွေ့ရလေသည်။
သူအနားကပ်သွားမှထိုအဆောင်ဦးကြီးကပိုပြီးကြီးကာ နန်းတော်နှင့်တောင်ဆင်နေမှန်းသတိထားမိသည်။
သူ့ဘေးက ရေသူထီးက ဂိတ်ပေါက်လို့ပြောလို့ရသည့် နေရာသို့သွားကာ ကတ်ပြားတစ်ခုကိုပြလိုက်သည်။ ထို့နောက်အစောင့်များက ဝင်ခွင့်ပြုလိုက်လေသည်။
မိုမိုက တလျှောက်လုံးအသံမထွက်ဘဲတိတ်နေသည်။ နန်းတော်ကြီးထဲတွင်အတော်လေးတိတ်နေကာ ကြောက်စရာကောင်းသော အသွင် ့်ရှိသည့်အစောင့်များက နေရာအနှံ့ ရှိနေကာ မိုမို ရဲ့ကြောက်ရွံ ့မှု့ကိုနှစ်ဆ ဖြစ်စေသည်။
သူကဖုန်းကျင်းတို့ ဘယ်ရောက်နေလည်းမသိပေ။ သူတို့ကိုလည်းစိတ်ပူနေငလို တိတ်နေသည့် ပတ်ဝန်းကျင်ကြောင့်သူ့ကြောက်စိတ်ကတဟုန်ထိုးတတ်လာသည်။
ဟုတ်သည်သူက ခုလိုသူရဲဘောကြောင်သည့်သူမျိုးပင်။
..............................................
ထိုရေသူတွေက သူ့ကိုကြီးမားသည့်ခန်းမတစ်ခုထဲသို့ခေါ်ဆောင်လာသည်။
"အရှင်မင်းကြီးကိုကျွန်တော်မျိုးတို့ ဂါရဝပြုပါတယ်"
ရေသူတွေက ထိုသို့ပြောပြီးနောက်သူတို့ရဲ့ ကိုယ္ကို ကိုင်းကာ ဦးညွှတ်လိုက်သည်။
ထိုအခါမွ မိုမိုရဲ့လက်က ရေသူတွေကိုင်ထားရာမှလွတ်သွားသည်။ သူ သူ့ရဲ့နာကျင်နေသော လက်ကောက်ဝတ်ကိုပွတ်ကာ ရောရောင်ပြီး ဦးညွတ်လိုက်မိသည်။
"ထပါ"
စင်မြင့်မှအသံထွက်လာသည်။
စင်မြင့်ပေါ်တွင် ထိုင်ခုံ အကြီး နှစ်ခုနှင့်အသေး နှစ်ခုရှိကာ အသေးနှစ်ခုကို ထိုင်ခုံအကြီးရဲ့ဘေးနှစ်ဖက်တွင်ချထားသည်။
ဘေးတွင်လှပပြီး ရောင်စုံသော ပုလဲများကမျောလွင့်နေပြီးမြင်ကွင်းက အလွန်လှပလေသည်။
ယခုတော့ စင်တွင် ထိုင်ခုံအကြီး သာပိုင်ရှင်တွေရှိနေကာ အသေးနှစ်ခုကတော့အလွတ်ဖြစ်နေသည်။
ထိုင်ခုံအကြီးတစ်ခုပေါ်တွင် လွပေသာ မိန်းမပျိုလေးတစ်ယောက်ထိုင်နေကာ သူမတွင်ရှည်လျားသော ရွှေရောင် ဆံနွယ် အနီရောင်တောက်တောက်မျက်လုံး ခရမ်းနုရောင်အမြီးတို့ကို ပိုင်ဆိုင်ထားသည်။
ထို့နောက်သူမရဲ့ကြီးမားသော ရင်နှစ်မွှာကို ခရုခွံကဲ့သို့ပုံရှိသော ပျော့ပျောင်းသော အရာနှင့်ဖုံးကွယ်ထားပြီး ရောင်စုံသော ပုလဲကြိုးများက သူမနောက် ကျောနောက်တွင် ချည်နှောင်ထားသည်။
သူမခေါင်းတွင် တလက်လက်တောက်နေသော အပြာနုရောင် ခရစ်စတယ်နှင့်ဆင်သော အရာမှလုပ်ထားသည့်သရဖူလေးရှိကာ ထိုသရဖူမွ အလင်းဖျော့ဖျော့လေးထုတ်လွှတ်နေသည်။
သူမဘေးတွင်တော့ တောင့်တင်းသည့်ကိုယ် ရှည်လျားသော အဖြူရောင်ဆံနွယ် အပြာဖျော့ဖျော့မျက်လုံး အပြာရင့်ရောင် အမြီးတို့ကိုပိုင်ဆိုင်ထားသည့်ရေသူထီးက ထိုင်နေသာ ထိုရေသူထီး ခေါင်းပေါ်က သရဖူက ဘေးကရေသူမလေးရဲ့ သရဖူထက်ကြီးကာ အလင်းရောင်ထုတ်လွှတ်မှု့ကပိုသိသာလေသည်။
Bạn đang đọc truyện trên: Truyen2U.Com