Chapter 8
နောက်နေ့မနက်ရောက်တော့JaeHyunတစ်ဖန်ပြန်နိုးလာခဲ့သည်။ပြတင်းပေါက်ကနေထိုးနေတဲ့နေရဲ့အလင်းရောင်ကြောင့်မျက်လုံးကိုဖြေးဖြေးချင်းဖွင့်ယူရသည်။
သူရဲ့ညာဘက်လက်ကတစ်စုံတစ်ယောက်ရဲ့ကိုင်ခြင်းကိုခံထားရတာသိတော့ဘေးကိုလှည့်ကြည့်လိုက်မိသည်။ကုတင်ပေါ်ကိုမှောက်ကာသူ့ရဲ့လက်ကိုကိုင်ထားပြီးအိပ်ပျော်နေတဲ့JuYeon။
JaeHyun's pov - နေပါဦးသူတစ်ညလုံးဒီလိုအိပ်နေခဲ့တာလားဘယ်လိုဖြစ်ပြီး???
"JuYeon shi.....JuYeon shi....."
JaeHyunအသာလေးလှုပ်နိုးတော့မှနိုးလာတဲ့JuYeon။
"ဟင်....အော်....JaeHyun shiနိုးပြီလား"
"ဒါနဲ့JuYeon shiကဘယ်လိုဖြစ်ပြီးအောက်မှာအိပ်နေတာလဲ"
"အာ..ဒါက....."
Flash back......
မနေ့ညကJuYeon Ericအခန်းထဲမှာအိပ်ပေမဲ့သူ့ရဲ့ချစ်ရသူကိုစိတ်မချ၍မအိပ်သေးဘဲတစ်ခေါက်လာကြည့်လိုက်သည်။
လာကြည့်တော့JaeHyunမှာကြောက်လွန်းလို့အိပ်မက်ဆိုးတွေမက်နေလို့ထင်ပါရဲ့။JaeHyunအိပ်မက်ယောင်နေလေသည်။
"တောင်းပန်ပါတယ်....ကျွန်တော့်ကိုလွှတ်ပေး...လွှတ်ပေးပါ"
JuYeon JaeHyunနားလေးကိုသွားလိုက်ပြီးလှုပ်နိုးလိုက်သည်။ဒါပေမဲ့JaeHyunကကြောက်လွန်းလို့ထင်ပါရဲ့မနိုးသေးဘဲတုန်နေလေသည်။
"JaeHyun shi...စိတ်ထိန်းပါဦး"
JaeHyunရဲ့ကိုယ်လေးကိုအသာလေးဆွဲမလိုက်တော့သူ့ကိုဖက်တွယ်လာတဲ့JaeHyun။
"ကျွန်တော့်ကိုကယ်ပါဦး.....သူတို့ကျွန်တော့်ကိုရိုက်တယ်....."
ပြောပြီးတော့ထပ်ငိုလာပြန်တဲ့JaeHyunကြောင့်JuYeonပါမျက်ရည်ကျရတော့သည်။ချစ်ရသူနာကျင်နေတာမြင်တော့သူ့အတွက်တစ်ကယ့်ငရဲလိုပင်။
JaeHyunကိုအသာလေးချော့ပေးတော့မှပြန်အိပ်ပျော်သွားလေသည်။JuYeonထပ်ပြီးစိတ်မချတာနဲ့သူဒီမှာပဲစောင့်အိပ်ပေးဖို့ဆုံးဖြတ်လိုက်သည်။
ဘေးနားမှာအိပ်ပေးချင်ပေမဲ့သူ့ကိုလည်းတစ်မျိုးထင်မှာစိုးတာကြောင့်ကုတင်စောင်းမှာမှောက်ပြီးအိပ်လိုက်သည်။JaeHyunထပ်ပြီးလန့်နေမှာစိုး၍လည်းလက်ကလေးကိုကိုင်ပြီးအိပ်စေလိုက်သည်။
Flash back end.....
JaeHyunကေတာ့JuYeonကိုအားနာလွန်း၍မျက်နှာတောင်မပြချင်တော့။
JuYeonထဖို့ပြင်လိုက်တော့ရုတ်တစ်ရက်ခါးနေရာမှနာလာသည်။
"အ!!"
"JuYeon shi ခါးနာလို့လားဟင်"
အေးပေါ့လေ။သူတစ်ညလုံးဒီလိုအိပ်ထားရတော့နာနေရှာမှာပဲ။
"ရပါတယ်ကျွန်တော်က....JaeHyun shiကောသက်သာရဲ့လားဟင်"
"ဟုတ်ကဲ့သက်သာပါတယ်"
"ဒါဆိုထမယ်လေမနက်စာစားရအောင်"
JaeHyunခေါင်းအသာလေးငြိမ့်ပြလိုက်သည်။JuYeonထဖို့ပြင်တော့သတိထားမိသည်ကသူJaeHyunလက်ကိုအခုထက်ထိမလွှတ်ပေးရသေးဘူးဆိုတာပင်။
ထိုမှသာအမြန်လွှတ်လိုက်မိတော့JaeHyunလည်းရှက်သွားသည်ထင်။ပါးလေးနှစ်ဖက်ကအနည်းငယ်ရဲတက်လာလေသည်။
............
မနက်စာစားရန်JuYeonမှလာခေါ်တော့JaeHyunလည်းJuYeonနဲ့အတူDining roomထဲကိုဝင်လာလိုက်သည်။
"Morning Daddyနဲ့ဦးဦးချောချော"
"Morning သားလေး"
"ဒါနဲ့ဦးဦးချောချော...နေကောင်းသွားပြီလား"
BoMinလေးကပြောပြောဆိုဆိုJaeHyunရဲ့နဖူးလေးပေါ်ကိုလက်လေးတင်ပြီးမေးလိုက်သည်။
"နေကောင်းသွားပါပြီ"
"အဲ့ဒါဆိုဦးဦးချောချောမနက်စာကိုDaddyနဲ့ပဲစားလိုက်တော့နော်သားသားကဦးဦးEricနဲ့စားပြီးပြီ"
"ဟုတ်ပါပြီ"
"ဒါဆိုEric BoMinလေးကိုသေချာလိုက်ပို့လိုက်ဦးနော်"
JuYeonမှမှာတော့Ericခေါင်းငြိမ့်ပြလိုက်ပြီးBoMinကိုခေါ်ကာထွက်သွားလိုက်သည်။
"JuYeon shi....ကျွန်တော်ထပ်ပြီးကျေးဇူးတင်ပါတယ်မနေ့ညက ကျွန်တော့်ကိုကယ်ပေးခဲ့လို့"
"ရပါတယ်မလိုပါဘူး....ဒါနဲ့JaeHyunကိုကျွန်တော်တောင်းဆိုစရာတစ်ခုရှိတယ်"
"ဟုတ်ကဲ့ပြောပါ"
"JaeHyunကျွန်တော်တို့နဲ့ပဲလာနေလိုက်လို့ရမလား"
"ဗျာ"
ရုတ်တစ်ရက်ကြီးပြောချလိုက်တဲ့JuYeonစကားကြောင့်JaeHyunအနည်းငယ်အံ့အားသင့်သွားသည်။
"မနေ့ညကကိစ္စတွေဖြစ်ပြီးတော့ကျွန်တော်JaeHyunကိုဘယ်လိုမှစိတ်မချနိုင်တော့ဘူးဒါကြောင့်ဒီမှာပဲလာနေပေးပါလား"
"ဟိုဒါက..ကျွန်တော်အားနာမိလိမ့်မယ်"
"အားနာစရာမလိုပါဘူး.....BoMinနဲ့Ericလည်းJaeHyunသာလာနေရင်ပျော်မှာပဲ....သန်ဘက်ခါကျရင်ကျွန်တော်ကနေဒါကိုအလုပ်ကိစ္စနဲ့ခရီးသွားရမှာသုံးရက်လောက်ကြာမယ်Ericကိုလည်းခေါ်သွားမှာဆိုတော့BoMinလေးကိုထိန်းပေးမယ့်လူမရှိဘူးဖြစ်နေတာ...အဲ့တာJaeHyunကပဲလာနေပြီးထိန်းပေးလို့မရဘူးလား"
"ကျွန်တော့်အလုပ်က..."
"SangYeon Hyungကိုကျွန်တော်ပြောပေးပါ့မယ်BoMinလေးကိုကျောင်းပို့ပေးပြီးမှအလုပ်ကိုသွားလည်းရတာပဲ"
JaeHyunအမှန်အတိုင်းပြောရလျှင်သူမနေ့ညကကိစ္စဖြစ်ပြီးသွားတော့တော်တော်ကြောက်သွားသည်။အခုJuYeonပြောသလိုပဲလုပ်ရင်ကောင်းမလားဟုသာတွေးနေမိသည်။
JuYeon's pov - ကျွန်တော်Jaeကိုစိတ်မချလို့ဒီလိုလာနေခိုင်းမိတာကျွန်တော်လောဘများကြီးသွားသလား။
JaeHyunလည်းအတန်ကြာစဥ်းစားပြီးသွားတော့သူဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
"JuYeon shiကျွန်တော်လာနေပါ့မယ်"
လိုချင်နေတဲ့အဖြေကိုရလိုက်သည်မို့JuYeonမျက်နှာမှာချက်ချင်းအပြုံးပန်းတွေဝေသွားသည်။
"ကောင်းပါပြီဒါဆိုညနေအလုပ်ပြန်မှကျွန်တော်နဲ့အတူအထုပ်တွေဝင်ယူတာပေါ့အခုတော့ကျွန်တော်ပဲအလုပ်ကိုလိုက်ပို့ပေးပါ့မယ်"
"ဟုတ်ကဲ့"
JaeHyun's pov - ငါJuYeonရဲ့မျက်နှာလေးကိုနေ့တိုင်းငေးကြည့်ချင်လို့လက်ခံမိတာလောဘကြီးရာမရောက်ပါဘူးနော်။မပိုင်ဆိုင်ရရင်တောင်ဒီလောက်လောဘလေးကတက်ခွင့်ရှိတယ်မလား။
...................
JuYeonလည်းJaeHyunကိုဆိုင်ထိလိုက်ပို့ပေးပြီးSangYeonက်ိုပါအကုန်လုံးပြောပြလိုက်သည်။
"ယုတ်မာလိုက်တဲ့ကောင်တွေကွာ"
"အဲ့တာပြောတာHyungရေ..."
"အေးမင်းအဲ့လိုလုပ်ချင်တယ်ဆိုလည်းရပါတယ်BoMinလေးကိုမူကြိုပို့ပေးပြီးမှဆိုင်လာလည်းဘာမှမဖြစ်ပါဘူး"
"ဒါဆိုလည်းကျေးဇူးပါHyung"
"အင်း"
.............
ဒီလိုနဲ့အဲ့နေ့ကစပြီးJaeHyunဟာJuYeonရဲ့အိမ်မှာပဲလာနေတော့တာပေါ့။BoMinနဲ့Ericဆိုပျော်လွန်းလို့ထတောင်ခုန်ကြသည်။
နောက်တစ်နေ့ရောက်တော့JuYeonကအလုပ်ကိစ္စနဲ့ကနေဒါသွားရမှာမလို့အိမ်မှာJaeHyunရယ်BoMinလေးရယ်ပဲကျန်ခဲ့သည်။
အခုလည်းBoMinလေးကိုမူကြိုမပို့ခင်မနက်စာကျွေးနေသည်။အိမ်အကူအန်တီကြီးတွေကလည်းစိတ်ထားကောင်းတဲ့JaeHyunလေးကိုခင်ကြသည်။JaeHyunကBoMinလေးကိုကျောင်းပို့ပြီးတာနဲ့အလုပ်သွားသည်။Ommaဆီကိုလည်းသွားဖြစ်သည်။
BoMinလေးကတော့JaeHyunပြောင်းလာမှပဲထမင်းကျွေးလည်းJaeHyunမှရေချိုးအဝတ်အစားလဲတာဆိုလည်းJaeHyunမှကျောင်းလိုက်ပို့လည်းJaeHyunမှအကုန်လုံးကိုJaeHyunလုပ်ပေးမှသာကြိုက်သည်။
နောက်ပြီးBoMinလေးကစကားနားထောင်ပြီးလိမ္မာတဲ့ကလေးလေးဖြစ်တာကြောင့်JaeHyunပြောစကားလည်းနားထောင်ပြီးဆိုးတာမျိုးလည်းမရှိပေ။ပိုပြီးတောင်လိမ္မာလာသည်ဟုပြောလို့ရသည်။
...........
"အန်တီကျွန်တော့်ကိုပေး...ကျွန်တော်ပဲရေဆက်လောင်းလိုက်မယ်"
အိမ်ရှေ့ကပန်းခြံမှာအိမ်အကုအန်တီကြီးတစ်ယောက်ရေလောင်းနေတာမြင်တော့JaeHyunသွားကူပေးမိသည်။
"ရပါတယ်အကိုလေးကနားလိုက်ဦးလေ"
"မလိုပါဘူးဒါကဘယ်လောက်ပင်ပန်းတာမလို့လဲ"
"ဒါဆိုအကိုလေးပဲဆက်လောင်းလိုက်ပါဦးအန်တီမီးဖိုချောင်ထဲမှာမပြီးသေးတာတွေသွားလုပ်လိုက်ဦးမယ်"
"ဟုတ်ကဲ့"
JaeHyunဒီနေ့ပိတ်ရက်ဖြစ်တာမလို့BoMinလေးကိုနေ့လည်စာကျွေးပြီးအိပ်ပျော်တော့မှအောက်ထပ်ကိုခနဆင်းလာရင်းနဲ့အပင်လေးတွေကိုရေလောင်းနေလိုက်သည်။
သူအပင်ရေလောင်းရင်းနဲ့တွေးမိသည်ကJuYeonကိုပင်။မတွေ့ရတာတစ်ပတ်နီးနီးလောက်ရှိတော့မယ်။အိမ်မှာလာနေလို့နေ့တိုင်းမျက်နှာလေးကိုတွေ့ရမယ်ထင်နေတာ။
အခုတော့အဲ့လိုမဟုတ်။လွမ်းနေရသည်။အော်...ချစ်မိရင်လည်းနောက်ဆက်တွဲတွေကမလွယ်ပါလားနော်။သူတွေးမိသည်။သူဘယ်အချိန်ကတည်းကJuYeonကိုစချစ်မိသွားတာလဲဆိုတာစဥ်းစားမရချေ။
သူဟန်မြစ်မှာငိုနေတုန်းကလည်းအနားကိုရောက်လာပြီးနှစ်သိမ့်ပေးခဲ့သည်။သူလူတစ်ယောက်ဆီမှာအနိုင်ကျင့်ခံနေရတုန်းကလည်းJuYeonပဲလာကယ်ပေးခဲ့သည်။
သူအဲ့တုန်းကဆိုဝမ်းသာတာဘာနဲ့မှနှိုင်းမရပေ။သူJuYeonကိုအားကိုးမိသည်။ငယ်ငယ်ကတည်းက ကိုယ့်အားကိုကိုးလာခဲ့ပေမဲ့အခုလိုမျိုးချစ်မိပြန်တော့လည်းသူအားကိုးချင်မိသည်။
လူပဲဟာ။အမြဲတမ်းသန်မာနေတာမှမဟုတ်ဘဲ။တစ်ခါတစ်လေလေးတော့အားကိုးရှာချင်တယ်လေ။သူ့ကိုJuYeonဖက်ထားပေးတုန်းကဆိုဘာနဲ့မှမတူတဲ့နွေးထွေးမှုကိုသူရသည်။သူပျော်မိသည်။ဒီတစ်ခေါက်တော့ကံကြမ္မာကိုကျေးဇူးတင်မိပါသည်။
Lee JuYeonဆိုတဲ့သူနဲ့တွေ့ဆုံခွင့်ပြုလို့လေ။ဒါပေမဲ့ခုတော့သူလွမ်းနေရပါသည်။အပင်လေးတွေကိုရေလောင်းရင်းချစ်ရသူကိုလွမ်းနေရတာကဗျာတော့မဆန်ပါဘူး။ဒါပေမဲ့JaeHyunရဲ့ပါးပြင်ထက်ကိုစီးကျလာတဲ့စိုစွတ်မှူတစ်ခု။
သူသတိထားမိတော့မှသူငိုနေမိတာပဲ။သူလွမ်းလွန်းလို့သူငိုနေမိတယ်။Lee JaeHyunရူးများသွားသလား။မြန်မြန်ပြန်လာပါတော့Lee JuYeonရေ။
____________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen2U.Com