Chapter 4
February လကုန်ဆုံးပြီးMarchလကိုရောက်လာတဲ့အခါမှတော့ထုံးစံအတိုင်းကျောင်းတွေပြန်ဖွင့်ကြတော့မည်။ဒါကြောင့်Juyeonနေတဲ့မြို့ငယ်လေးမှာလည်းကျောင်းအပ်သည့်သူများ.....ကျောင်းဝတ်စုံဝယ်သည့်သူများနှင့်လည်ပတ်လို့နေသည်။သူကတော့ကျောင်းဝတ်စုံဝယ်ပြီးသားမလို့ထပ်ဝယ်စရာမလိုတော့ချေ။
ကျောင်းပထမဆုံးတက်ရမည့်နေ့မှာတော့Juyeonခါတိုင်းထက်အနည်းငယ်စောစွာထလိုက်ပြီးလုပ်စရာရှိသည်များကိုလုပ်ရတော့သည်။ခါတိုင်းလိုအဝတ်အစားလဲ...သူ့ဝေယျာဝစ္စလုပ်ပေးမည့်မေမေမှမရှိတော့ဘဲ။ဒါကြောင့်ကိုယ့်အားကိိုကိုးရတော့မည်။
မဝတ်ရတာကြာပြီဖြစ်တဲ့ကျောင်းuniformလေးကိုသေချာကျကျနနဝတ်ဆင်လိုက်ပြီးnecktieကိုအနည်းငယ်ဖြေလျော့လိုက်သည်။Juyeonကnecktieစီးရတာကိုလုံးဝမနှစ်သက်ပါ။ဒါပေမဲ့အတန်းငယ်သေးတော့ဆရာမတွေကဆူမှာစိုးသည့်အတွက်သူတပ်ရခြင်းဖြစ်သည်။
သူ့အဝတ်အစားဗီဒိုထဲမှမေမေဝယ်ခဲ့ပေးသည့်ကျောပိုးအိတ်လေးကိုယူလိုက်ပြီးထည့်စရာရှိသည့်စာရေးကိရိယာများကိုထည့်လေသည်။ပြီးသွားတော့အောက်ထပ်ဆင်းပြီးရေဘူးထဲရေထည့်ကာသွားမည်အလုပ်လှေကားမှဆင်းလာသည့််ပထွေးနဲ့တွေ့တော့သည်။
"မင်းကျောင်းသွားတော့မှာလား"
"ဟုတ်ကဲ့"
"ရော့....ဒီပိုက်ဆံယူထားပြီးနေ့လည်စာဝယ်စားလိုက်!!!"
ဆိုကာသူ့လက်ထဲသို့ထည့်ပေးလာသောပိုက်ဆံအထပ်။ပမာဏကလိုအပ်သည်ထက်များနေသည်မလို့
"ဟိုခနလေး.....ဒါကျွန်တော့်အတွက်အရမ်းများတယ်....."
"မင်းကိုငါနေ့လည်စာလည်းမထုတ်ပေးနိုင်ဘူးအဲ့တော့နောက်နေ့တွေအတွက်ပါချန်ထား...မပျောက်စေနဲ့ လိုရင်ထပ်တောင်း"
ပြောပြီးအပေါ်ထပ်ပြန်တက်သွားလေသည်။Juyeonလည်းပေးသည့်ပိုက်ဆံထပ်ကိုသူ့ကျောပိုးအိတ်လေးထဲထည့်လိုက်ပြီးကျောင်းသွားရန်အိမ်ထဲမှထွက်လာခဲ့တော့သည်။
မြို့ငယ်လေးဖြစ်သလို...Juyeonနေအိမ်နဲ့ကျောင်းနဲ့ဟာအရမ်းတော့မနီးပေမဲ့အရမ်းလည်းမဝေးချေ။စက်ဘီးနဲ့သွားလျှင်မိနစ်20လောက်သာကြာသည်။ဖေဖေဝယ်ခဲ့ပေးသည့်စက်ဘီးလေးကိုအိမ်ရဲ့ဂိုထောင်ထဲမှJuyeonထုတ်လာလိုက်ပြီးဖုန်အနည်းငယ်ခါကာအိမ်ထဲမှထွက်လာလိုက်သည်။
အိမ်ရှေ့ရောက်တော့ဘေးအိမ်ကိုလှည့်ကြည့်မိလိုက်သေးသည်။ထိုကောင်လေးများထွက်လာဦးမလားဆိုသည့်သိချင်စိတ်လေးဖြင့်။Jaehyunလေးကဒီကိုပြောင်းလာတာမကြာသေးတော့သူ့ကိုကျောင်းuniformလေးနဲ့တစ်ခါမှမမြင်ဖူးသေးချေ။ပုံမှန်အဝတ်စားတွေနဲ့တောင်ချစ်ဖို့ကောင်းနေသည့်ကောင်လေးကကျောင်းuniformအပြာဝမ်းဆက်ကလေးနဲ့ဆိုဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်မလည်းနော်။ဒါပေမဲ့လည်းအခုချိန်မှမသွားရင်ကျောင်းရောက်တာနောက်ကျနေမှာမလို့Juyeonစက်ဘီးလေးကိုနင်းကာကျောင်းကိုသွားတော့သည်။
မြို့ငယ်လေးဖြစ်နေသည်မလို့ပတ်ဝန်းကျင်မှာလည်းမြို့ကြီးတွေမှာလောက်အိမ်တွေတိုက်တွေမများဘဲသစ်ပင်ပန်းမန်တို့နဲ့စိမ်းလန်းစိုပြေလို့နေသည်။စက်ဘီးသွားရာလမ်းတစ်လျှောက်ရဲ့ဘေးဘက်တို့မှာလည်းစိမ်းညို့ရောင်သစ်ပင်ကြီးများကဖုံးလွှမ်းထားသည့်မလို့မနက်ခင်းနေရောင်ခြည်တို့အပင်တွေကြားထဲမှလမ်းပေါ်သို့ထိုးထွက်နေခြင်းမှာသဘာဝရဲ့ပကတိအလှတစ်ရားတစ်ခုပင်ဖြစ်သည်။
မနက်ခင်းနေရောင်နဲ့အတူတိုက်ခတ်လာသည့်လေပြေအေးတို့ဟာလည်းစက်ဘီးနင်းနေသည့်Juyeonရဲ့ဆံပင်တို့ကိုလွင့်မျောစေသည်။စက်ဘီးလေးနင်းရင်းလေပြေအေးကိုအပြုံးလေးတစ်ခုဖြင့်သူကျေနပ်စွာခံယူလိုက်သည်။နင်းလာရင်းနဲ့အချိန်အနည်းငယ်ကြာတော့ကျောင်းပေါက်ဝသို့ရောက်လေသည်မလို့စက်ဘီးကိုရပ်ကာထားနေကျနေရာတွင်သေချာထားလိုက်ပြီးကျောင်းထဲသို့ဝင်လာလိုက်သည်။
သူဝင်လာသည်နှင့်ဘယ်သူကမှလည်းအဖက်လုပ်ပြီးစကားလာမပြော။တူတူဆော့ဖို့လည်းမခေါ်ကြချေ။ဒါဟာသူ့အတွက်တော့ကျင့်သားရနေသည့်ပုံမှန်အနေအထားတစ်ခုပင်ဖြစ်သည်။ကျောင်းစတက်ခဲ့သည့်တိုင်အောင်ဘယ်သူနဲ့မှလည်းသူငယ်ချင်းမလုပ်ခဲ့သလိုသူလိုလည်းမလိုချင်ခဲ့ဖူးပါ။ဒါပေမဲ့ဟိုကောင်လေးကတော့ချွင်းချက်ပေါ့။
ကျောင်းခန်းကိုလည်းသိနေပြီဖြစ်တာမလို့ဘယ်သူ့မှမေးစရာမလိုဘဲတန်းတန်းမတ်မတ်ရောက်သွားလေသည်။နောက်ဆုံးနားမှနေရာလွတ်ခုံတစ်ခုမှာသူဝင်ထိုင်လိုက်ရင်းလွယ်လာသည့်ကျောပိုးအိတ်လေးကိုလည်းဘေးခုံမှာချလိုက်သည်။သူများတွေလိုချိတ်နေစရာမလို။သူ့နားမှာလာထိုင်မည့်သူမှမရှိဘဲကို။
အချိန်အနည်းငယ်ကြာတော့ကျောင်းခန်းလေးထဲမှာကျောင်းသားကျောင်းသူတွေလည်းရောက်နေကြပြီဖြစ်ပြီးအချိန်အားဖြင့်လည်း9နာရိထိုးနေသည်မလို့ကျောင်းတက်ခေါင်းလောင်းထိုးပါတော့သည်။သိပ်မကြာလိုက်အတန်းထဲသို့သူတို့ရဲ့အတန်းပိုင်ဆရာမဖြစ်ပုံရသည့်အမျိုးသမီးတစ်ဦးဝင်လာလေသည်။
"သားတို့သမီးတို့အားလုံးပဲမင်္ဂလာပါ.....Samကမင်းတို့လေးတွေရဲ့အတန်းပိုင်ဆရာမဖြစ်ပါတယ်နော်......ပြီးတော့ကျောင်းကိုဒီနှစ်မှစပြောင်စလာတဲ့သူငယ်ချင်းတစ်ယောက်ရှိတာမလို့အားလုံးပဲသူ့ကိုကြိုဆိုလိုက်ကြရအောင်နော်"
ဆရာမစကားဆုံးတော့သူတို့အတန်းထဲကိုကျောပိုးအိတ်အနီရောင်လေးနဲ့ကောင်ငယ်လေးတစ်ယောက်ဝင်လာလေသည်။ကောင်လေးကိုမြင်မြင်ချင်းမှာပဲJuyeonမျက်နှာထက်၌အပြုံးတို့ဟာရောက်ရှိလို့လာခဲ့သည်။သူကိုယ်တိုင်တောင်သတိမထားမိဘဲနဲ့ပေါ့။
"သားသားနာမည်ဘယ်လိုခေါ်လည်းသူငယ်ချင်းတွေသိအောင်မိတ်ဆက်လိုက်ပါဦး"
"ဟုတ်....သားသားနာမည်ကLee Jae Hyunပါ JaeJaeလို့ခေါ်လည်းရပါတယ်ဗျ"
"ကဲ....ဒါဆိုဒီကJaeJaeလေးလည်းမင်းတို့ရဲ့သူငယ်ချင်းဖြစ်သွားပြီမလို့အားလုံးပဲအတူတူခေါ်ဆော့ကြနော်"
"ဟုတ်ကဲ့ပါ"
"ဟုတ်ပြီ.....ဒါဆိုJaeJaeကဟိုနားကတတိယမြောက်ခုံတန်းမှာသွားထိုင်လိုက်နော်"
"ဟိုလေ......Sam....Jae...ဟိုနားကနောက်ဆုံးတန်းမှာသွားထိုင်လို့ရမလား"
"နောက်ဆုံးတန်းမှာလား??"
"ဟုတ်ကဲ့....အဲ့တာသားသားသူငယ်ချင်းပါSam"
"အော်....ဟုတ်ပါပြီဒါဆို"
ရုတစ်တစ်ရက်ကြီးသူ့ဘေးနားလာထိုင်မယ်လုပ်တော့Juyeonလည်းသူ့ခုံဘေးကကျောပိုးအိတ်လေးကိုယူကာဘေးကိုချိတ်လိုက်ပြီးJaehyunအတွက်နေရာဖယ်ပေးလိုက်သည်။Jaehyunကတော့Samကခွင့်ပြုသည်နှင့်မပြေးရုံတစ်မယ်ရောက်လာကာJuyeonဘေးကိုဇွက်ခနဲဝင်ထိုင်လေသည်။ပြီးတော့Juyeonကိုမျက်လုံးလေးတွေမှေးသွားသည်ထိလာပြုံးပြသည်။
စာသင်ချိန်နှစ်ချိန်ပြီးလို့ခနတာနားသည့်အချိန်မှာတော့Jaehyunက
"ကိုကိုနဲ့အခန်းပါတူမယ်လို့မထင်ထားဘူး"
"အင်း......ဒါနဲ့တစ်ခြားခုံတွေမှာလည်းနေရာအများကြီးလွတ်နေတာကိုဘာလို့အကို့ဘေးမှာလာထိုင်တာလည်း"
Juyeonကမထိုင်စေချင်၍ပြောခြင်းတော့မဟုတ်။နောက်ဆုံးတန်းမှာဖြစ်နေတော့စာသေချာမမြင်ရမှာစိုးသည်ကတစ်ကြောင်း။Jaehyunလေးကဖော်ရွေတော့တစ်ခြားသူတွေနဲ့လည်းသူငယ်ချင်းလုပ်စေချင်သည်ကတစ်ကြောင်း။သူ့လိုတော့ဘယ်သူနဲ့မှအပေါင်းသင်းမလုပ်တာမျိုးမဖြစ်စေချင်ပါ။
"အော်....ကိုကို့ဘေးမှာထိုင်ချင်လို့ပေါ့.....ကိုကိုကJaeနဲ့တူတူမထိုင်ချင်လို့လား"
"မဟုတ်ပါဘူး......နောက်ဆုံးတန်းမှာဆိုတော့စာမမြင်စိုးလို့ပါ"
"အာ...မြင်ရပါတယ်....Jaeမမြင်ရလည်းကိုကို့ကိုမေးမှာပေါ့"
"ဟုတ်ပါပြီ"
......................
နေ့လည်ထမင်းစားချိန်နားတော့ကျောင်းသားကျောင်းသူတွေအကုန်လုံးထမင်းစားရန်လုပ်ပေးထားသည့်Canteenသို့သွားရသည်။Juyeonတို့အတန်းကငယ်သေးသည်အတွက်ကြောင့်ဆရာမကပါလိုက်ပြီးနေရာစီစဥ်ပေးရလေသည်။အကုန်လုံးနီးနီးလောက်ကကိုယ်ပိုင်ထမင်းချိုင့်လေးတွေထုတ်လာကြပေမဲ့Juyeonတစ်ယောက်တည်းသာCanteenကဝယ်စားရလေသည်။ဒီလိုကျပြန်တော့သူအားငယ်မိသား။Canteenမှပေးသည့်ထမင်းဗန်းလေးကိုစိတ်မပါစွာယူပြီးဘာကြောင့်မှန်းမသိမျက်လုံးကJaehyunကိုလိုက်ရှာမိသေးသည်။သူတို့အခန်းထဲကတစ်ခြားသူတွေနဲ့စကားပြောနေတာကိုသွားတွေ့တော့သက်ပြင်းလေးတစ်ချက်ချကာလူရှင်းသည့်စားပွဲကိုသာသွားလိုက်လေသည်။
Jaehyunလေးကိုသူ့လိုမျိုးဘယ်သူနဲ့မှအပေါင်းသင်းမလုပ်တာကိုမဖြစ်စေချင်ပေမဲ့အခုလိုတစ်ခြားကလေးတွေနဲ့စကားပြောနေတာမြင်ရတော့သူစိတ်ထဲဝမ်းနည်းသလိုလို။ဒီလိုတစ်ယောက်တည်းနေရတာမွေးကတည်းဆိုပေမဲ့သူလည်းသူငယ်ချင်းလေးတစ်ယောက်လောက်လိုချင်မိပါသည်။Jaehyunလေးကသူ့အားသူငယ်ချင်းလုပ်မည်ဟုပြောလာတော့အတိုင်းအဆမရှိဝမ်းသာမိခဲ့တာကိုသူကိုယ့်သူသာအသိဆုံး။ဒါပေမဲ့လည်းလေJaehyunကသူမှမဟုတ်တာ။တစ်ခြားကလေးတွေနဲ့လည်းပေါင်းခွင့်ရှိတာပေါ့။သူနဲ့ပဲသူငယ်ချင်းလုပ်လို့မရဘူးလေ။Jaehyunလေးကသူပိုင်တာမဟုတ်တာ။
ဗန်းထဲမှထမင်းကိုသာငုံ့စားနေရင်းလျှောက်တွေးနေသည့်သူ့ကိုယ်သူခေါင်းတစ်ချက်ခါလိုက်ကာစားစရာရှိတာဆက်စားနေတုန်းသူ့ပခုံးကိုလာထိသည်ကြောင့်လှည့်ကြည့်မိလိုက်တော့
"Jae..."
"ကိုကိုကJaeကိုထမင်းစားတာလာလည်းမခေါ်ဘူး"
ပြောရင်းဆိုရင်းဘေးနားမှာလာထိုင်ကာပါလာသည့်ချိုင့်လေးကိုလည်းဖွင့်နေလေသည်။
"Jaeက.....တစ်ခြားသူတွေနဲ့စားမယ်ထင်လို့ပါစောနကစကားပြောကြတာမြင်လိုက်လို့လေ"
"ဟာ...အဲ့တာကိုကို့ကိုမတွေ့လို့မေးနေတာ...."
"အော်....အဲ့လိုလား"
စောနကဝမ်းနည်းနေသည့်စိတ်တို့ကပျောက်ခြင်းမလှပျောက်သွားခဲ့။
"ဒါနဲ့ကိုကိုကဒီကပဲဝယ်စားတာလား"
"အင်း.....Jaeကထမင်းထုတ်လာတာလား"
"ဟုတ်တယ်.....ရော့ကိုကိုဒါလေးစားကြည့်"
ဆိုကာသူ့ရှေ့ကိုပေးလာသည့်အသားကင်လေးတစ်ခု။
"Jaeပဲစားပါ...ကိုကိုကဒီမှာစားနေတယ်"
"အော်....စားစေချင်လို့ကျွေးတာပေါ့....စားပါရော့အာ....."
စိတ်တိုင်းကျခွံ့ကျွေးတာလေးစားလိုက်တော့ထပ်ပြီးပြုံးပြလာပြန်ပါသည်။
"Lee Juyeonနဲ့Lee Jaehyun ထမင်းမြန်မြန်စားမယ်နော်....ထမင်းအချိန်ကြာကြီးဆွဲပြီးမစားကြနဲ့နော်"
Samမှပြောလာတော့နှစ်ယောက်သားအတူတူသွက်သွက်လေးစားကြလေသည်။စားနေရင်းJaehyunကJuyeonနားနားလေးကပ်ကာ
"ကိုကို....ထမင်းစားပြီးသွားရင်Jaeနဲ့အတူတူဆော့ဦးမယ်နော်" တဲ့။
.........................
"ဟေ့....အဲ့တာLee Juyeonဆိုတဲ့တစ်ယောက်မလား"
"ဟင်.....အော်.....သူ့အဖေကနောက်မိန်းမယူပြီးသူနဲ့သူ့အမေကိုထားခဲ့တဲ့တစ်ယောက်မလား"
"အေးဟုတ်တယ်"
"ပြီးတော့သူ့အဖေယူသွားတဲ့မိန်းမကလည်းသူတို့အိမ်ကအိမ်ဖော်တဲ့"
"ဟယ်...ဟူတ်လား....."
Juyeonတစ်ယောက်မလှမ်းမကမ်းမှအတန်းကြီးဖြစ်ပုံရသည့်ကောင်လေးနှစ်ယောက်ပြောသည့်စကားများကိုနားမထောင်ပေမဲ့အတိုင်းသားကြားနေရသည်မလို့ထိုင်နေရာမှထထွက်ရန်ပြင်လိုက်လေသည်။ဒါပေမဲ့ထိုကောင်လေးနှစ်ယောက်မှထပ်ပြီး
"ဟေ့....Lee Juyeon!!!! မင်းပထွေးနဲ့နေရတာပျော်လား...HA HA HA!!"
"ဘယ်ပျော်ပါ့မလည်းကွာ....သူ့မှာအမေမှမရှိတော့တာ......အဖေကလည်းပစ်ထားခဲ့တာပဲကိုမိဘမဲ့လေး..."
"အေးနော်......မိဘမဲ့လေးကဘာလို့ဒီကျောင်းလာတက်တာလည်း...ဟိုးဘက်ကမိဘမဲ့ကျောင်းမှာသွားတက်ရမှာမဟုတ်ဘူးလား...HAHA!!"
ပြောသည့်စကားတွေကအတော်ကိုလွန်လာပြီဖြစ်တာကြောင့်Juyeonပြန်လှည့်ကာပြောမည်ကြံနေတုန်းမှာပဲ
"Yah!!!!.......အတန်းကဖြင့်ငါးတန်းရောက်နေပြီ...အသိဉာဏ်လေးဘာလေးမရှိကြဘူးလား!!!နင်တို့ကဘာမလို့ငါ့ကိုကိုကိုပြောနေကြတာလည်း.....နင်တို့ကမှအရှက်မရှိကလေးတွေဆီကမုန့်လုစားနေရပြီးတော့များ!!!"
ဘယ်ကနေဘယ်လိုတောင်ရောက်လာမှန်းမသိတဲ့Jaehyunမှဟိုကောင်လေးနှစ်ယောက်ကိုပြန်ပြောနေခြင်းကြောင့်Juyeonတစ်ချက်ကြောင်သွားလေသည်။
"မင်းကဘယ်သူလည်း"
"ဘယ်သူဖြစ်ဖြစ်.....နင်တို့ပြောတာကိုဆရာမနားပြန်တိုင်မှာနော်"
ဆရာမနားပြန်တိုင်မယ်ပြောတော့ထိုကောင်လေးနှစ်ယောက်မှပြေးထွက်သွားလေသည်။
"အလကားလူတွေ....ဟွန့်..လက်သီးနဲ့ထိုးလိုက်ရ"
သူ့လက်သီးသေးသေးလေးကိုဆုပ်ပြီးကြိမ်းဝါးနေသောJaehyunကြောင့်Juyeonရယ်မိပြန်သည်။
"ကိုကို!!"
"အင်းပြော...."
"ကိုကိုဘာမှမဖြစ်သွားဘူးမလား"
"ဟင့်အင်း....ဘာမှမဖြစ်ပါဘူး...သူတို့မှဘာမှမလုပ်တာ"
"ဒါမဲ့ကိုကို့ကိုပြောသွားတာတွေကလွန်လို့လေ...ဘယ်လိုဟာတွေမှန်းမသိဘူး....ကိုကိုဘာမှစိတ်ထဲမထားနဲ့နော်"
"အင်းပါJaeရဲ့"
"နောက်ပြီးသူတို့အနိုင်ကျင့်တာလည်းမခံနဲ့သိလား....တစ်ခုခုဆိုJaeကိုပြောJaeကာကွယ်ပေးမယ်"
"ဟုတ်ပါပြီJaeရယ်......"
ကာကွယ်ပေးမယ်ဆိုတဲ့စကားလေးကကြားရရင်သာဘာမှမဟုတ်သလိုဆိုပေမဲ့တစ်ကယ်တမ်းအထီးကျန်နေသူအဖို့တော့အလွန်ကိုအဖိုးတန်တဲ့စကားမှန်းဖြစ်ကြောင်းကိုအချို့တွေသာသိလေရဲ့။
__________________________________________
Thanks for reading🌸
Zawgyi
February လကုန္ဆုံးၿပီးMarchလကိုေရာက္လာတဲ့အခါမွေတာ့ထုံးစံအတိုင္းေက်ာင္းေတြျပန္ဖြင့္ၾကေတာ့မည္။ဒါေၾကာင့္Juyeonေနတဲ့ၿမိဳ႕ငယ္ေလးမွာလည္းေက်ာင္းအပ္သည့္သူမ်ား.....ေက်ာင္းဝတ္စုံဝယ္သည့္သူမ်ားႏွင့္လည္ပတ္လို႔ေနသည္။သူကေတာ့ေက်ာင္းဝတ္စုံဝယ္ၿပီးသားမလို႔ထပ္ဝယ္စရာမလိုေတာ့ေခ်။
ေက်ာင္းပထမဆုံးတက္ရမည့္ေန႕မွာေတာ့Juyeonခါတိုင္းထက္အနည္ာစြာထလိုက္ၿပီးလုပ္စရာရွိသည္မ်ားကိုလုပ္ရေတာ့သည္။ခါတိုင္းလိုအဝတ္အစားလဲ...သူ႕ေဝယ်ာဝစၥလုပ္ေပးမည့္ေမေမမွမရွိေတာ့ဘဲ။ဒါေၾကာင့္ကိုယ့္အားကိိုကိုးရေတာ့မည္။
မဝတ္ရတာၾကာၿပီျဖစ္တဲ့ေက်ာင္းuniformေလးကိုေသခ်ာက်က်နနဝတ္ဆင္လိုက္ၿပီးnecktieကိုအနည္းငယ္ေျဖေလ်ာ့လိုက္သည္။Juyeonကnecktieစီးရတာကိုလုံးဝမႏွစ္သက္ပါ။ဒါေပမဲ့အတန္းငယ္ေသးေတာ့ဆရာမေတြကဆူမွာစိုးသည့္အတြက္သူတပ္ရျခင္းျဖစ္သည္။
သူ႕အဝတ္အစားဗီဒိုထဲမွေမေမဝယ္ခဲ့ေပးသည့္ေက်ာပိုးအိတ္ေလးကိုယူလိုက္ၿပီးထည့္စရာရွိသည့္စာေရးကိရိယာမ်ားကိုထည့္ေလသည္။ၿပီးသြားေတာ့ေအာက္ထပ္ဆင္းၿပီးေရဘူးထဲေရထည့္ကာသြားမည္အလုပ္ေလွကားမွဆင္းလာသည့္္ပေထြးနဲ႕ေတြ႕ေတာ့သည္။
"မင္းေက်ာင္းသြားေတာ့မွာလား"
"ဟုတ္ကဲ့"
"ေရာ့....ဒီပိုက္ဆံယူထားၿပီးေန႕လည္စာဝယ္စားလိုက္!!!"
ဆိုကာသူ႕လက္ထဲသို႔ထည့္ေပးလာေသာပိုက္ဆံအထပ္။ပမာဏကလိုအပ္သည္ထက္မ်ားေနသည္မလို႔
"ဟိုခနေလး.....ဒါကြၽန္ေတာ့္အတြက္အရမ္းမ်ားတယ္....."
"မင္းကိုငါေန႕လည္စာလည္းမထုတ္ေပးနိုင္ဘူးအဲ့ေတာ့ေနာက္ေန႕ေတြအတြက္ပါခ်န္ထား...မေပ်ာက္ေစနဲ႕ လိုရင္ထပ္ေတာင္း"
ေျပာၿပီးအေပၚထပ္ျပန္တက္သြားေလသည္။Juyeonလည္းေပးသည့္ပိုက္ဆံထပ္ကိုသူ႕ေက်ာပိုးအိတ္ေလးထဲထည့္လိုက္ၿပီးေက်ာင္းသြားရန္အိမ္ထဲမွထြက္လာခဲ့ေတာ့သည္။
ၿမိဳ႕ငယ္ေလးျဖစ္သလို...Juyeonေနအိမ္နဲ႕ေက်ာင္းနဲ႕ဟာအရမ္းေတာ့မနီးေပမဲ့အရမ္းလည္းမေဝးေခ်။စက္ဘီးနဲ႕သြားလွ်င္မိနစ္20ေလာက္သာၾကာသည္။ေဖေဖဝယ္ခဲ့ေပးသည့္စက္ဘီးေလးကိုအိမ္ရဲ႕ဂိုေထာင္ထဲမွJuyeonထုတ္လာလိုက္ၿပီးဖုန္အနည္းငယ္ခါကာအိမ္ထဲမွထြက္လာလိုက္သည္။
အိမ္ေရွ႕ေရာက္ေတာ့ေဘးအိမ္ကိုလွည့္ၾကည့္မိလိုက္ေသးသည္။ထိုေကာင္ေလးမ်ားထြက္လာဦးမလားဆိုသည့္သိခ်င္စိတ္ေလးျဖင့္။Jaehyunေလးကဒီကိုေျပာင္းလာတာမၾကာေသးေတာ့သူ႕ကိုေက်ာင္းuniformေလးနဲ႕တစ္ခါမွမျမင္ဖူးေသးေခ်။ပုံမွန္အဝတ္စားေတြနဲ႕ေတာင္ခ်စ္ဖို႔ေကာင္းေနသည့္ေကာင္ေလးကေက်ာင္းuniformအျပာဝမ္းဆက္ကေလးနဲ႕ဆိုဘယ္ေလာက္ေတာင္ခ်စ္ဖို႔ေကာင္းလိုက္မလည္းေနာ္။ဒါေပမဲ့လည္းအခုခ်ိန္မွမသြားရင္ေက်ာင္းေရာက္တာေနာက္က်ေနမွာမလို႔Juyeonစက္ဘီးေလးကိုနင္းကာေက်ာင္းကိုသြားေတာ့သည္။
ၿမိဳ႕ငယ္ေလးျဖစ္ေနသည္မလို႔ပတ္ဝန္းက်င္မွာလည္းၿမိဳ႕ႀကီးေတြမွာေလာက္အိမ္ေတြတိုက္ေတြမမ်ားဘဲသစ္ပင္ပန္းမန္တို႔နဲ႕စိမ္းလန္းစိုေျပလို႔ေနသည္။စက္ဘီးသြားရာလမ္းတစ္ေလွ်ာက္ရဲ႕ေဘးဘက္တို႔မွာလည္းစိမ္းညို႔ေရာင္သစ္ပင္ႀကီးမ်ားကဖုံးလႊမ္းထားသည့္မလို႔မနက္ခင္းေနေရာင္ျခည္တို႔အပင္ေတြၾကားထဲမွလမ္းေပၚသို႔ထိုးထြက္ေနျခင္းမွာသဘာဝရဲ႕ပကတိအလွတစ္ရားတစ္ခုပင္ျဖစ္သည္။
မနက္ခင္းေနေရာင္နဲ႕အတူတိုက္ခတ္လာသည့္ေလေျပေအးတို႔ဟာလည္းစက္ဘီးနင္းေနသည့္Juyeonရဲ႕ဆံပင္တို႔ကိုလြင့္ေမ်ာေစသည္။စက္ဘီးေလးနင္းရင္းေလေျပေအးကိုအၿပဳံးေလးတစ္ခုျဖင့္သူေက်နပ္စြာခံယူလိုက္သည္။နင္းလာရင္းနဲ႕အခ်ိန္အနည္းငယ္ၾကာေတာ့ေက်ာင္းေပါက္ဝသို႔ေရာက္ေလသည္မလို႔စက္ဘီးကိုရပ္ကာထားေနက်ေနရာတြင္ေသခ်ာထားလိုက္ၿပီးေက်ာင္းထဲသို႔ဝင္လာလိုက္သည္။
သူဝင္လာသည္ႏွင့္ဘယ္သူကမွလည္းအဖက္လုပ္ၿပီးစကားလာမေျပာ။တူတူေဆာ့ဖို႔လည္းမေခၚၾကေခ်။ဒါဟာသူ႕အတြက္ေတာ့က်င့္သားရေနသည့္ပုံမွန္အေနအထားတစ္ခုပင္ျဖစ္သည္။ေက်ာင္းစတက္ခဲ့သည့္တိုင္ေအာင္ဘယ္သူနဲ႕မွလည္းသူငယ္ခ်င္းမလုပ္ခဲ့သလိုသူလိုလည္းမလိုခ်င္ခဲ့ဖူးပါ။ဒါေပမဲ့ဟိုေကာင္ေလးကေတာ့ခြၽင္းခ်က္ေပါ့။
ေက်ာင္းခန္းကိုလည္းသိေနၿပီျဖစ္တာမလို႔ဘယ္သူ႕မွေမးစရာမလိုဘဲတန္းတန္းမတ္မတ္ေရာက္သြားေလသည္။ေနာက္ဆုံးနားမွေနရာလြတ္ခုံတစ္ခုမွာသူဝင္ထိုင္လိုက္ရင္းလြယ္လာသည့္ေက်ာပိုးအိတ္ေလးကိုလည္းေဘးခုံမွာခ်လိဳက္သည္။သူမ်ားေတြလိုခ်ိတ္ေနစရာမလို။သူ႕နားမွာလာထိုင္မည့္သူမွမရွိဘဲကို။
အခ်ိန္အနည္းငယ္ၾကာေတာ့ေက်ာင္းခန္းေလးထဲမွာေက်ာင္းသားေက်ာင္းသူေတြလည္းေရာက္ေနၾကၿပီျဖစ္ၿပီးအခ်ိန္အားျဖင့္လည္း9နာရိထိုးေနသည္မလို႔ေက်ာင္းတက္ေခါင္းေလာင္းထိုးပါေတာ့သည္။သိပ္မၾကာလိုက္အတန္းထဲသို႔သူတို႔ရဲ႕အတန္းပိုင္ဆရာမျဖစ္ပုံရသည့္အမ်ိဳးသမီးတစ္ဦးဝင္လာေလသည္။
"သားတို႔သမီးတို႔အားလုံးပဲမဂၤလာပါ.....Samကမင္းတို႔ေလးေတြရဲ႕အတန္းပိုင္ဆရာမျဖစ္ပါတယ္ေနာ္......ၿပီးေတာ့ေက်ာင္းကိုဒီႏွစ္မွစေျပာင္စလာတဲ့သူငယ္ခ်င္းတစ္ေယာက္ရွိတာမလို႔အားလုံးပဲသူ႕ကိုႀကိဳဆိုလိုက္ၾကရေအာင္ေနာ္"
ဆရာမစကားဆုံးေတာ့သူတို႔အတန္းထဲကိုေက်ာပိုးအိတ္အနီေရာင္ေလးနဲ႕ေကာင္ငယ္ေလးတစ္ေယာက္ဝင္လာေလသည္။ေကာင္ေလးကိုျမင္ျမင္ခ်င္းမွာပဲJuyeonမ်က္ႏွာထက္၌အၿပဳံးတို႔ဟာေရာက္ရွိလို႔လာခဲ့သည္။သူကိုယ္တိုင္ေတာင္သတိမထားမိဘဲနဲ႕ေပါ့။
"သားသားနာမည္ဘယ္လိုေခၚလည္းသူငယ္ခ်င္းေတြသိေအာင္မိတ္ဆက္လိုက္ပါဦး"
"ဟုတ္....သားသားနာမည္ကLee Jae Hyunပါ JaeJaeလို႔ေခၚလည္းရပါတယ္ဗ်"
"ကဲ....ဒါဆိုဒီကJaeJaeေလးလည္းမင္းတို႔ရဲ႕သူငယ္ခ်င္းျဖစ္သြားၿပီမလို႔အားလုံးပဲအတူတူေခၚေဆာ့ၾကေနာ္"
"ဟုတ္ကဲ့ပါ"
"ဟုတ္ၿပီ.....ဒါဆိုJaeJaeကဟိုနားကတတိယေျမာက္ခုံတန္းမွာသြားထိုင္လိုက္ေနာ္"
"ဟိုေလ......Sam....Jae...ဟိုနားကေနာက္ဆုံးတန္းမွာသြားထိုင္လို႔ရမလား"
"ေနာက္ဆုံးတန္းမွာလား??"
"ဟုတ္ကဲ့....အဲ့တာသားသားသူငယ္ခ်င္းပါSam"
"ေအာ္....ဟုတ္ပါၿပီဒါဆို"
႐ုတစ္တစ္ရက္ႀကီးသူ႕ေဘးနားလာထိုင္မယ္လုပ္ေတာ့Juyeonလည္းသူ႕ခုံေဘးကေက်ာပိုးအိတ္ေလးကိုယူကာေဘးကိုခ်ိတ္လိုက္ၿပီးJaehyunအတြက္ေနရာဖယ္ေပးလိုက္သည္။Jaehyunကေတာ့Samကခြင့္ျပဳသည္ႏွင့္မေျပး႐ုံတစ္မယ္ေရာက္လာကာJuyeonေဘးကိုဇြက္ခနဲဝင္ထိုင္ေလသည္။ၿပီးေတာ့Juyeonကိုမ်က္လုံးေလးေတြေမွးသြားသည္ထိလာၿပဳံးျပသည္။
စာသင္ခ်ိန္ႏွစ္ခ်ိန္ၿပီးလို႔ခနတာနားသည့္အခ်ိန္မွာေတာ့Jaehyunက
"ကိုကိုနဲ႕အခန္းပါတူမယ္လို႔မထင္ထားဘူး"
"အင္း......ဒါနဲ႕တစ္ျခားခုံေတြမွာလည္းေနရာအမ်ားႀကီးလြတ္ေနတာကိုဘာလို႔အကို႔ေဘးမွာလာထိုင္တာလည္း"
Juyeonကမထိုင္ေစခ်င္၍ေျပာျခင္းေတာ့မဟုတ္။ေနာက္ဆုံးတန္းမွာျဖစ္ေနေတာ့စာေသခ်ာမျမင္ရမွာစိုးသည္ကတစ္ေၾကာင္း။Jaehyunေလးကေဖာ္ေ႐ြေတာ့တစ္ျခားသူေတြနဲ႕လည္းသူငယ္ခ်င္းလုပ္ေစခ်င္သည္ကတစ္ေၾကာင္း။သူ႕လိုေတာ့ဘယ္သူနဲ႕မွအေပါင္းသင္းမလုပ္တာမ်ိဳးမျဖစ္ေစခ်င္ပါ။
"ေအာ္....ကိုကို႔ေဘးမွာထိုင္ခ်င္လို႔ေပါ့.....ကိုကိုကJaeနဲ႕တူတူမထိုင္ခ်င္လို႔လား"
"မဟုတ္ပါဘူး......ေနာက္ဆုံးတန္းမွာဆိုေတာ့စာမျမင္စိုးလို႔ပါ"
"အာ...ျမင္ရပါတယ္....Jaeမျမင္ရလည္းကိုကို႔ကိုေမးမွာေပါ့"
"ဟုတ္ပါၿပီ"
......................
ေန႕လည္ထမင္းစားခ်ိန္နားေတာ့ေက်ာင္းသားေက်ာင္းသူေတြအကုန္လုံးထမင္းစားရန္လုပ္ေပးထားသည့္Canteenသို႔သြားရသည္။Juyeonတို႔အတန္းကငယ္ေသးသည္အတြက္ေၾကာင့္ဆရာမကပါလိုက္ၿပီးေနရာစီစဥ္ေပးရေလသည္။အကုန္လုံးနီးနီးေလာက္ကကိုယ္ပိုင္ထမင္းခ်ိဳင့္ေလးေတြထုတ္လာၾကေပမဲ့Juyeonတစ္ေယာက္တည္းသာCanteenကဝယ္စားရေလသည္။ဒီလိုက်ျပန္ေတာ့သူအားငယ္မိသား။Canteenမွေပးသည့္ထမင္းဗန္းေလးကိုစိတ္မပါစြာယူၿပီးဘာေၾကာင့္မွန္းမသိမ်က္လုံးကJaehyunကိုလိုက္ရွာမိေသးသည္။သူတို႔အခန္းထဲကတစ္ျခားသူေတြနဲ႕စကားေျပာေနတာကိုသြားေတြ႕ေတာ့သက္ျပင္းေလးတစ္ခ်က္ခ်ကာလူရွင္းသည့္စားပြဲကိုသာသြားလိုက္ေလသည္။
Jaehyunေလးကိုသူ႕လိုမ်ိဳးဘယ္သူနဲ႕မွအေပါင္းသင္းမလုပ္တာကိုမျဖစ္ေစခ်င္ေပမဲ့အခုလိုတစ္ျခားကေလးေတြနဲ႕စကားေျပာေနတာျမင္ရေတာ့သူစိတ္ထဲဝမ္းနည္းသလိုလို။ဒီလိုတစ္ေယာက္တည္းေနရတာေမြးကတည္းဆိုေပမဲ့သူလည္းသူငယ္ခ်င္းေလးတစ္ေယာက္ေလာက္လိုခ်င္မိပါသည္။Jaehyunေလးကသူ႕အားသူငယ္ခ်င္းလုပ္မည္ဟုေျပာလာေတာ့အတိုင္းအဆမရွိဝမ္းသာမိခဲ့တာကိုသူကိုယ့္သူသာအသိဆုံး။ဒါေပမဲ့လည္းေလJaehyunကသူမွမဟုတ္တာ။တစ္ျခားကေလးေတြနဲ႕လည္းေပါင္းခြင့္ရွိတာေပါ့။သူနဲ႕ပဲသူငယ္ခ်င္းလုပ္လို႔မရဘူးေလ။Jaehyunေလးကသူပိုင္တာမဟုတ္တာ။
ဗန္းထဲမွထမင္းကိုသာငုံ႕စားေနရင္းေလွ်ာက္ေတြးေနသည့္သူ႕ကိုယ္သူေခါင္းတစ္ခ်က္ခါလိုက္ကာစားစရာရွိတာဆက္စားေနတုန္းသူ႕ပခုံးကိုလာထိသည္ေၾကာင့္လွည့္ၾကည့္မိလိုက္ေတာ့
"Jae..."
"ကိုကိုကJaeကိုထမင္းစားတာလာလည္းမေခၚဘူး"
ေျပာရင္းဆိုရင္းေဘးနားမွာလာထိုင္ကာပါလာသည့္ခ်ိဳင့္ေလးကိုလည္းဖြင့္ေနေလသည္။
"Jaeက.....တစ္ျခားသူေတြနဲ႕စားမယ္ထင္လို႔ပါေစာနကစကားေျပာၾကတာျမင္လိုက္လို႔ေလ"
"ဟာ...အဲ့တာကိုကို႔ကိုမေတြ႕လို႔ေမးေနတာ...."
"ေအာ္....အဲ့လိုလား"
ေစာနကဝမ္းနည္းေနသည့္စိတ္တို႔ကေပ်ာက္ျခင္းမလွေပ်ာက္သြားခဲ့။
"ဒါနဲ႕ကိုကိုကဒီကပဲဝယ္စားတာလား"
"အင္း.....Jaeကထမင္းထုတ္လာတာလား"
"ဟုတ္တယ္.....ေရာ့ကိုကိုဒါေလးစားၾကည့္"
ဆိုကာသူ႕ေရွ႕ကိုေပးလာသည့္အသားကင္ေလးတစ္ခု။
"Jaeပဲစားပါ...ကိုကိုကဒီမွာစားေနတယ္"
"ေအာ္....စားေစခ်င္လို႔ေကြၽးတာေပါ့....စားပါေရာ့အာ....."
စိတ္တိုင္းက်ခြံ႕ေကြၽးတာေလးစားလိုက္ေတာ့ထပ္ၿပီးၿပဳံးျပလာျပန္ပါသည္။
"Lee Juyeonနဲ႕Lee Jaehyun ထမင္းျမန္ျမန္စားမယ္ေနာ္....ထမင္းအခ်ိန္ၾကာႀကီးဆြဲၿပီးမစားၾကနဲ႕ေနာ္"
Samမွေျပာလာေတာ့ႏွစ္ေယာက္သားအတူတူသြက္သြက္ေလးစားၾကေလသည္။စားေနရင္းJaehyunကJuyeonနားနားေလးကပ္ကာ
"ကိုကို....ထမင္းစားၿပီးသြားရင္Jaeနဲ႕အတူတူေဆာ့ဦးမယ္ေနာ္" တဲ့။
.........................
"ေဟ့....အဲ့တာLee Juyeonဆိုတဲ့တစ္ေယာက္မလား"
"ဟင္.....ေအာ္.....သူ႕အေဖကေနာက္မိန္းမယူၿပီးသူနဲ႕သူ႕အေမကိုထားခဲ့တဲ့တစ္ေယာက္မလား"
"ေအးဟုတ္တယ္"
"ၿပီးေတာ့သူ႕အေဖယူသြားတဲ့မိန္းမကလည္းသူတို႔အိမ္ကအိမ္ေဖာ္တဲ့"
"ဟယ္...ဟူတ္လား....."
Juyeonတစ္ေယာက္မလွမ္းမကမ္းမွအတန္းႀကီးျဖစ္ပုံရသည့္ေကာင္ေလးႏွစ္ေယာက္ေျပာသည့္စကားမ်ားကိုနားမေထာင္ေပမဲ့အတိုင္းသားၾကားေနရသည္မလို႔ထိုင္ေနရာမွထထြက္ရန္ျပင္လိုက္ေလသည္။ဒါေပမဲ့ထိုေကာင္ေလးႏွစ္ေယာက္မွထပ္ၿပီး
"ေဟ့....Lee Juyeon!!!! မင္းပေထြးနဲ႕ေနရတာေပ်ာ္လား...HA HA HA!!"
"ဘယ္ေပ်ာ္ပါ့မလည္းကြာ....သူ႕မွာအေမမွမရွိေတာ့တာ......အေဖကလည္းပစ္ထားခဲ့တာပဲကိုမိဘမဲ့ေလး..."
"ေအးေနာ္......မိဘမဲ့ေလးကဘာလို႔ဒီေက်ာင္းလာတက္တာလည္း...ဟိုးဘက္ကမိဘမဲ့ေက်ာင္းမွာသြားတက္ရမွာမဟုတ္ဘူးလား...HAHA!!"
ေျပာသည့္စကားေတြကအေတာ္ကိုလြန္လာၿပီျဖစ္တာေၾကာင့္Juyeonျပန္လွည့္ကာေျပာမည္ႀကံေနတုန္းမွာပဲ
"Yah!!!!.......အတန္းကျဖင့္ငါးတန္းေရာက္ေနၿပီ...အသိဉာဏ္ေလးဘာေလးမရွိၾကဘူးလား!!!နင္တို႔ကဘာမလို႔ငါ့ကိုကိုကိုေျပာေနၾကတာလည္း.....နင္တို႔ကမွအရွက္မရွိကေလးေတြဆီကမုန့္လုစားေနရၿပီးေတာ့မ်ား!!!"
ဘယ္ကေနဘယ္လိုေတာင္ေရာက္လာမွန္းမသိတဲ့Jaehyunမွဟိုေကာင္ေလးႏွစ္ေယာက္ကိုျပန္ေျပာေနျခင္းေၾကာင့္Juyeonတစ္ခ်က္ေၾကာင္သြားေလသည္။
"မင္းကဘယ္သူလည္း"
"ဘယ္သူျဖစ္ျဖစ္.....နင္တို႔ေျပာတာကိုဆရာမနားျပန္တိုင္မွာေနာ္"
ဆရာမနားျပန္တိုင္မယ္ေျပာေတာ့ထိုေကာင္ေလးႏွစ္ေယာက္မွေျပးထြက္သြားေလသည္။
"အလကားလူေတြ....ဟြန့္..လက္သီးနဲ႕ထိုးလိုက္ရ"
သူ႕လက္သီးေသးေသးေလးကိုဆုပ္ၿပီးႀကိမ္းဝါးေနေသာJaehyunေၾကာင့္Juyeonရယ္မိျပန္သည္။
"ကိုကို!!"
"အင္းေျပာ...."
"ကိုကိုဘာမွမျဖစ္သြားဘူးမလား"
"ဟင့္အင္း....ဘာမွမျဖစ္ပါဘူး...သူတို႔မွဘာမွမလုပ္တာ"
"ဒါမဲ့ကိုကို႔ကိုေျပာသြားတာေတြကလြန္လို႔ေလ...ဘယ္လိုဟာေတြမွန္းမသိဘူး....ကိုကိုဘာမွစိတ္ထဲမထားနဲ႕ေနာ္"
"အင္းပါJaeရဲ႕"
"ေနာက္ၿပီးသူတို႔အနိုင္က်င့္တာလည္းမခံနဲ႕သိလား....တစ္ခုခုဆိုJaeကိုေျပာJaeကာကြယ္ေပးမယ္"
"ဟုတ္ပါၿပီJaeရယ္......"
ကာကြယ္ေပးမယ္ဆိုတဲ့စကားေလးကၾကားရရင္သာဘာမွမဟုတ္သလိုဆိုေပမဲ့တစ္ကယ္တမ္းအထီးက်န္ေနသူအဖို႔ေတာ့အလြန္ကိုအဖိုးတန္တဲ့စကားမွန္းျဖစ္ေၾကာင္းကိုအခ်ိဳ႕ေတြသာသိေလရဲ႕။
__________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen2U.Com