Truyen2U.Net quay lại rồi đây! Các bạn truy cập Truyen2U.Com. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Chapter 5

< တစ်ခြားသူရဲ့ဂရုစိုက်တဲ့စကားတစ်ခွန်း အလေးထားတဲ့စကားတစ်ခွန်းတည်းနဲ့တင်သူအကြာကြီးပျော်နေတတ်တယ် >



"ကိုကိုအိမ်ပြန်တော့မလို့လား"

"အင်း.....Jaeကောဘယ်လိုပြန်မှာလည်း"

"Jaeကိုကမေမေလာကြိုမှာ"

"အာ...ဟုတ်ပါပြီ"

"ကိုကိုကစက်ဘီးစီးတတ်တာလား"

"ဟုတ်တယ်"

"ဝါး.....မိုက်လိုက်တာ....Jaeတိုခုချိန်ထိစက်ဘီးကောင်းကောင်းမစိးတတ်သေးဘူး ဟိး"

"အော်....စီးတတ်ချင်ရင်သင်လေ"

"ကိုကိုသင်ပေး........."

"JaeJae!!!!"

သူတို့နှစ်ယောက်ကျောင်းပေါက်ဝရှေ့နားမှစကားပြောနေတုန်းမှာပဲJaehyunအမေဖြစ်သူလှမ်းခေါ်လိုက်သည့်အသံကြောင့်ပြောနေလက်စစကားပြတ်သွားကြလေသည်။

"မေမေ!!"

Jaehyunအမေရဲ့မျက်နှာပေါ်မှာစိတ်မတင်မကျဖြစ်နေသည့်အမူအရာကိုအသက်ငယ်သော်လည်းလူကဲခတ်တတ်သည့်Juyeonမှသတိထားမိသွားသောကြောင့်သူ့ကိုအလိုမကျဖြစ်နေမှန်းရိပ်စားမိလေသည်။ဒါကြောင့်Jaehyunလေးအားမြန်မြန်နှုတ်ဆက်ခဲ့ပြီးပြန်လာခဲ့လိုက်သည်။
............

"Jaeကိုမေမေပြောထားတယ်လေ....ဘယ်သူနဲ့မှသူငယ်ချင်းမလုပ်ပါနဲ့လို့"

"ဟင်.....ဟုတ်ပြောဖူးပါတယ်"

"အဲ့ဒါဆိုဘာလို့ဘေးအိမ်ကကောင်လေးနဲ့စကားအတူတူပြောနေတာလည်း"

"မေမေကလည်းJaeလည်းသူများတွေလိုတူတူဆော့ဖို့အဖော်တစ်ယောက်လောက်လိုချင်တယ်လေ"

"ဒါပေမဲ့မေမေပြောထားတယ်လေ....ဘယ်သူစိမ်းနဲ့မှသူငယ်ချင်းမလုပ်ရဘူးလို့"

"ကိုကိုကသူစိမ်းမှမဟုတ်တာမေမေကလည်း"

Jaehyunလေးအားသူ့မေမေမှသိတတ်စအရွယ်ကတည်းကပင်မည်သူနှင့်မျှအဖော်မလုပ်စေဘဲတစ်ယောက်တည်းသာနေတတ်အောင်သင်ထားပေးလေ့ရှိသည်။ဒါဟာအဖော်မက်တတ်သည့်Jaehyunလေးအတွက်တော့အဆင်မပြေချေ။Jaehyunကသူများတွေလိုအတူတူဆော့ချင်သည်။သူ့အတွက်သူငယ်ချင်းအများကြီးမရှိရင်တောင်တစ်ယောက်လောက်ဆိုသူကျေနပ်ပါသည်။ဒါပေမဲ့ဘာလို့မှန်းမသိ။အကြောင်းရင်းကိုရေရေရာရာမပြောပါဘဲမေမေကJaehyunကိုမည်သူနှင့်မျှအဖော်မလုပ်စေခဲ့ပါ။

"ဒါဆိုJae ကိုကိုတစ်ယောက်တည်းနဲ့ပဲသူငယ်ချင်းလုပ်မယ်လေ...နော်...မေမေနော်လို့.....အဲ့ကိုကိုနဲ့​တော့ပေးပေါင်းပါနော်......"

ဘယ်လိုပြောမရသည့်Jaehyunအားအမေ​ဖြစ်သူမှသက်ပြင်းချရုံကလွဲပြီးမတတ်နိုင်။ထိုစဥ်

"ငါ့သားကဘာတွေအဲ့လောက်တောင်တောင်းဆိုနေတာလည်း"

အိမ်ပေါက်ဝမှအသံကြားလို့လှည့်ကြည့်မိတော့Jaehyunရဲ့အဖေဖြစ်သူခရီးမှပြန်လာခြင်းဖြစ်သည်။Jaehyunကသူ့အဖေကိုတွေ့တွေ့ချင်းမှာပဲ

"ဖေဖေ!!!!"

ဟုဆိုကာပြေးပြီးခုန်တက်လေသည်။Jaehyunအဖေကလည်းပြန်ဖက်လိုက်ရင်း

"Aigoo.....ဖေဖေ့သားလေးလွမ်းနေရောပေါ့"

"ဟုတ်တာပေါ့....ဖေဖေကလည်း...ဒါနဲ့ဒီတစ်ခေါက်မြန်တယ်နော်....."

"အင်း...အလုပ်စောစောပြီးလို့လေ.....ဒါနဲ့နေပါဦးစောနကသားမေမေကိုဘာတွေအဲ့လောက်တောင်ပူဆာနေတာလည်း...ပြောပါဦး"

"အာ....ဟိုဘက်အိမ်ကကိုကိုနဲ့လေ....Jaeကသူငယ်ချင်းလုပ်ချင်တာကိုမေမေကပေးမလုပ်ဘူး....Jaeလည်းသူများတွေလိုအတူတူဆော့ဖို့အဖော်လေးတစ်ယောက်လောက်လိုချင်မိလို့ပါ"

JaehyunဖေဖေကJaehyunလေးကိုအလိုလိုက်တတ်မှန်းသိတော့ဘယ်လိုချွဲပြီးပူဆာရမလည်းဆိုတာလည်းသူကောင်းကောင်းသိလေသည်။ဒါကြောင့်နှုတ်ခမ်းလေးထော်agyeoလေးနည်းနည်းထုတ်သုံးလိုက်တော့ဖေဖေကပြုံးကာJaehyunကိုလည်းအောက်ပြန်ချလိုက်ရင်း

"ရတာပေါ့...Jaeရဲ့....အတူတူဆော့ကြပေါ့"

"တစ်ကယ်နော်.....ဟီး...အဲ့တာကြောင့်ဖေဖေ့ကိုပိုချစ်တာ"

ဆိုကာအပေါ်ထပ်ကိုပြေးတက်သွားသောJaehyunလေးရယ်ပါ။Juyeonနဲ့အတူတူသူငယ်ချင်းလုပ်ခွင့်ပေးလိုက်တာသူ့အတွက်ဒီလောက်ထိထီပေါက်သလိုပျော်စရာကောင်းနေခဲ့လေသည်။

Jaehyunလေးအပေါ်ထပ်ရောက်သွားသည်နှင့်အမေဖြစ်သူက

"ရှင်ဘာလို့သူငယ်ချင်းပေးလုပ်လိုက်တာလည်း"

"အော်...မင်းကလည်းသူကကလေးလေကွာ...ကလေးပီပီအဖော်လိုချင်မှာပေါ့"

"ဒါပေမဲ့ကျွန်မတို့အခြေအနေကိုရှင်သိနေတာပဲ"

"အဲ့အတွက်လည်းပူမနေစမ်းပါနဲ့.....အဲ့ဘေးအိမ်ကကောင်လေးကလည်းဘာမှမ​ဖြစ်လောက်ပါဘူး....အိမ်နီးနေတော့ငါတို့အတွက်တောင်ပိုကောင်းသေးတယ်...အထူးတစ်လည်ကြီးစောင့်ကြည့်စရာတောင်မလိုဘူး"

"ဒါပေမဲ့အဲ့ကောင်လေးပထွေးက....."

"အို....သူကဖြင့်အချိန်ပြည့်မူးနေတာပါ....ဘာမှတောင်ဂရုစိုက်မဲ့ပုံမပေါ်ဘူး...မင်းအဲ့လောက်ထိအစိုးရိမ်လွန်မနေစမ်းပါနဲ့..."

"အင်းပါ...."
....................

"ကိုကိုရေ!!!!!!"

ကျောင်းသွားခါနီးအိမ်ရှေ့စက်ဘီးရပ်ရုံရှိသေးလှမ်းခေါ်သည့်အသံလေးကြောင့်လှည့်ကြည့်မိတော့Jaehyunလေးကသ့အနားရောက်လာလေသည်။သူနဲ့အတူသူမေမေနဲ့ဖေဖေပါ ပါလေသည်။

"အင်းJae....."

"ဒီမှာလေ....Jaehyunလေးမနက်ခင်းကတည်းကသားနဲ့ပဲကျောင်းအတူတူသွားမယ်လုပ်နေလို့"

Jaehyunဖေဖေမှပြောလာတော့Juyeonက

"အော်....ဟုတ်ကဲ့"

ထိုစဥ်Jaehyunအဖေမှထပ်ပြီး

"Jaehyunကသားကိုတော်တော်လေးခင်ရှာတယ်ကွယ်.....ဒါကြောင့်သူလေးကိုဂရူစိုက်ပေးပါဦးနော်"

"ဟုတ်ကဲ့ဗျ"

"ဒါဆိုJaeကိုကိုနဲ့အတူတူနေ့တိုင်းကျောင်းသွားမှာနော်"

"အင်း...ရပါတယ်"

"ဟုတ်ပြီ...ဒါဆိုသားတို့အတူတူသွားကြတော့နော်...စက်ဘီးလည်းဂရုစိုက်စီး"

"ဟုတ်ကဲ့ပါ"

မနေ့ကတော့သူနဲ့အတူစကားပြောတာကိုအလိုမကျသည့်မျက်နှာနှင့်Jaehyunအမေမှအခုကျတော့သူ့အားပြုံးပြကာJaehyunလေးကိုလည်းဂရုစိုက်ပေးဖို့မှာနေတော့Juyeonအနည်းတော့ကြောင်သွားသည်။ဒါပေမဲ့သူနဲ့အတူကျောင်းသွားရမှာမလို့ပျော်နေသည့်Jaehyunလေးကြောင့်သူပီတိဖြစ်ရပြန်သည်။

"ကဲ...ဒါဆိုတက်"

"ဟုတ်........."

ဟုတ်သာပြောတယ်....စက်ဘီးကJaehyunလေးအတွက်တော့အနည်းငယ်မြင့်နေသဖြင့်သူတက်ရခက်နေလေသည်။

"ဟိုလေ......Jaeတက်လို့မမှီဘူး"

"လာဒါဆို...ကိိုကိုချီပြီးတင်ပေးမယ်"

ဆိုကာစက်ဘီးအားခနဒေါက်ထောက်လိုက်ပြီးJaehyunချိုင်းလေးကနေမြှောက်ကာတင်ပေးတော့မှရလေသည်။

"ဒါဆိုထွက်ပြီနော်....သေချာကိုင်ထား"

"ဟုတ်ကဲ့"

ဒီလမ်းလေးကJuyeonကျောင်းစတက်သည့်အချိန်ကတည်းပင်သူတစ်ယောက်တည်းသွားနေကြလမ်းလေးဖြစ်ခဲ့ပေမဲ့ယခုအချိန်မှာတော့သူတစ်ယောက်တည်းမဟုတ်တော့ဘဲသူ့ရဲ့သူငယ်ချင်းဖြစ်သူလေးပါပါလာခဲ့ပြီဖြစ်သည်။

သူ့ခါးကိုလက်သေးသေးလေးတွေနဲ့အနောက်ကနေရစ်သိုင်းကာဖက်ထားပြီးကျောပြင်ကိုမျက်နှာအပ်ထားသဖြင့်လေမတိုးနိုင်သည့်အတွက်​နွေးထွေးမှုလေးကိုခံစားမိသောကြောင့်Juyeonမျက်နှာထက်၌အပြုံးတို့ဟာထပ်မံရောက်ရှိလို့လာခဲ့ပြန်ပါသည်။

တောင်ဘက်အရပ်ကိုသွားနေပေမဲ့ဆန့်ကျင်ဘက်မြောက်အရပ်မှလေညင်းတွေတိုက်ခတ်လာတာကြောင့်စက်ဘီးပေါ်မှခေါင်းလုံးလုံးလေးနှစ်ခုပေါ်ကဆံနွယ်လေးတို့ဟာလေညင်းနဲ့အတူယိမ်းနွဲ့တိုက်ခတ်နေကြလေသည်။

"ကိုကိုနဲ့အတူစက်ဘီးစီးရတာပျော်လိုက်တာ"

လေညင်းလေးတွေမှသယ်ဆောင်လာပေးသည့်အသံသေးသေးလေးကြောင့်လည်းJuyeonထပ်ပြီးပြုံးမိပြန်သည်။

"ပျော်ရင်နောက်နေ့တွေကျအတူတူစီးရအောင်"

"Jaeမှစက်ဘီးမစီးတတ်သေးတာ"

"ကိုကိုသင်ပေးမှာပေါ့"

"ဒါပေမဲ့Jaeကဒီလိုမျိုးကိုကို့နောက်ကလိုက်စီးရတာပိုကြိုက်တယ်"

ဆိုပြီးခါးကိုပိုတင်းကြပ်စွာဖက်လာသည့်Jaehyunလေးရဲ့မျက်နှာပေါ်မှာလည်းအပြုံးပန်းတ်ို့ဝေဆာနေခဲ့လေသည်။
................

"Jaeလာလေ......"

"ဟုတ်လာပါပြီ....."

ဒီနေ့ကျောင်းပိတ်ရက်ဖြစ်နေသည်မလို့Jaehyunလေးအားစက်ဘီးစီးသင်ပေးရန်Juyeonခေါ်နေခြင်းဖြစ်သည်။ကောင်လေးကလည်းသူသင်ပေးမယ်ပြောတော့အပြေးလေးလာရှာသည်။

"ရော့....ဒီစက်ဘီးနဲ့အရင်စီးသင်ကြည့်...ဒါကိုကိုဒီထက်ငယ်တုန်းကစီးခဲ့တာ"

ဆိုကာစက်ဘီးအသေးလေးတစ်ခုကိုထုတ်ပြသည်။

"ဟုတ်ကဲ့"

"အရင်ဆုံးဒီစက်ဘီးပေါ်ကိုခွလိုက်....ပြီးရင်ဒီလိုလေးတက်ပြီးကိုင်ထားရုံပဲ"

Jaehyunကလည်းသူပြောသလိုလုပ်ရှာသည်။ဒီစက်ဘီးလေးကျတော့အရမ်းမကြီးသည့်အတွက်Jaehyunတက်ရတာအဆင်ပြေလေသည်။စက်ဘီးပေါ်ရောက်သွားတော့

"ဒါပြီးရင်ဘာဆက်လုပ်ရမှာလည်း"

"ဒါပြီးရင်လက်ကိုင်နှစ်ခုကိုဟောဒီလိုသေချာကိုင်ထား"

"ဟုတ်ကဲ့"

"ကိုင်ပြီးသွားရင်အရင်တစ်လှမ်းစနင်းကြည့်"

"ဟင့်အင်း....လဲမှာကြောက်တယ်"

"အော်....Jaeရယ်...ကိုကိုကိုင်ထားပေးတယ်လေအရင်ဆုံးနင်းကြည့်ပါ"

"ဒါပေမဲ့ လဲရင်နာမှာပေါ့"

"ကိုကိုကိုင်ထားပေးပါ့မယ် အရင်ဆုံးတစ်ချင်နင်းကြည့်ပါ"

Juyeonမှပြောလာတော့Jaehyunလည်းမရဲတစ်ရဲလေးနဲ့စက်ဘီးကိုစနင်းကြည့်လေသည်။နင်းရတာအဆင်ပြေတော့Juyeonမှနောက်ကနေကိုင်ပေးထားတာလွှတ်လိုက်မိသည်။အဲ့တော့ဘုန်းခနဲပဲJaehyunလေးလဲကျပါတော့သည်။

"အီး...ဟီး.....ကိုကို့ကိုပြောတယ်....လဲမှာကြောက်ပါတယ်ဆို...ဘာလို့လွှတ်လိုက်တာလည်း"

ဟုဆိုကာထိုင်ငိုနေသောJaehyunလေးအားJuyeonမှာစိုးရိမ်စိတ်တစ်ဝက်ရယ်ချင်စိတ်တစ်ဝက်နှင့်သာ။အရင်ဆုံးလဲနေသည့်Jaehyunလေးကိုထစေရန်ဆွဲထူလိုက်တော့သူ့အားဂုတ်ကနေသိုင်းဖက်လာပြီးတစ်ရှုံ့ရှုံ့နဲ့ပြောသည်က

"တော်ပြီ....စက်ဘီးစီးမသင်ချင်တော့ဘူး...ကိုကို့နောက်မှာပဲလိုက်စီးတော့မယ်" တဲ့လေ။

ထိုညနေခင်းလေးကတော့Jaehyunကိုစက်ဘီးစီးသင်ရန်လုပ်ထားခဲ့ပေမဲ့နောက်ကနေသာလိုက်စီးခိုင်းပြီးရပ်ကွက်တစ်ပတ်ပတ်လိုက်ရတော့သည်။
_________________________________________

Thanks for reading🌸

Zawgyi

< တစ္ျခားသူရဲ႕ဂ႐ုစိုက္တဲ့စကားတစ္ခြန္း အေလးထားတဲ့စကားတစ္ခြန္းတည္းနဲ႕တင္သူအၾကာႀကီးေပ်ာ္ေနတတ္တယ္ >



"ကိုကိုအိမ္ျပန္ေတာ့မလို႔လား"

"အင္း.....Jaeေကာဘယ္လိုျပန္မွာလည္း"

"Jaeကိုကေမေမလာႀကိဳမွာ"

"အာ...ဟုတ္ပါၿပီ"

"ကိုကိုကစက္ဘီးစီးတတ္တာလား"

"ဟုတ္တယ္"

"ဝါး.....မိုက္လိုက္တာ....Jaeတိုခုခ်ိန္ထိစက္ဘီးေကာင္းေကာင္းမစိးတတ္ေသးဘူး ဟိး"

"ေအာ္....စီးတတ္ခ်င္ရင္သင္ေလ"

"ကိုကိုသင္ေပး........."

"JaeJae!!!!"

သူတို႔ႏွစ္ေယာက္ေက်ာင္းေပါက္ဝေရွ႕နားမွစကားေျပာေနတုန္းမွာပဲJaehyunအေမျဖစ္သူလွမ္းေခၚလိုက္သည့္အသံေၾကာင့္ေျပာေနလက္စစကားျပတ္သြားၾကေလသည္။

"ေမေမ!!"

Jaehyunအေမရဲ႕မ်က္ႏွာေပၚမွာစိတ္မတင္မက်ျဖစ္ေနသည့္အမူအရာကိုအသက္ငယ္ေသာ္လည္းလူကဲခတ္တတ္သည့္Juyeonမွသတိထားမိသြားေသာေၾကာင့္သူ႕ကိုအလိုမက်ျဖစ္ေနမွန္းရိပ္စားမိေလသည္။ဒါေၾကာင့္Jaehyunေလးအားျမန္ျမန္ႏႈတ္ဆက္ခဲ့ၿပီးျပန္လာခဲ့လိုက္သည္။
............

"Jaeကိုေမေမေျပာထားတယ္ေလ....ဘယ္သူနဲ႕မွသူငယ္ခ်င္းမလုပ္ပါနဲ႕လို႔"

"ဟင္.....ဟုတ္ေျပာဖူးပါတယ္"

"အဲ့ဒါဆိုဘာလို႔ေဘးအိမ္ကေကာင္ေလးနဲ႕စကားအတူတူေျပာေနတာလည္း"

"ေမေမကလည္းJaeလည္းသူမ်ားေတြလိုတူတူေဆာ့ဖို႔အေဖာ္တစ္ေယာက္ေလာက္လိုခ်င္တယ္ေလ"

"ဒါေပမဲ့ေမေမေျပာထားတယ္ေလ....ဘယ္သူစိမ္းနဲ႕မွသူငယ္ခ်င္းမလုပ္ရဘူးလို႔"

"ကိုကိုကသူစိမ္းမွမဟုတ္တာေမေမကလည္း"

Jaehyunေလးအားသူ႕ေမေမမွသိတတ္စအ႐ြယ္ကတည္းကပင္မည္သူႏွင့္မွ်အေဖာ္မလုပ္ေစဘဲတစ္ေယာက္တည္းသာေနတတ္ေအာင္သင္ထားေပးေလ့ရွိသည္။ဒါဟာအေဖာ္မက္တတ္သည့္Jaehyunေလးအတြက္ေတာ့အဆင္မေျပေခ်။Jaehyunကသူမ်ားေတြလိုအတူတူေဆာ့ခ်င္သည္။သူ႕အတြက္သူငယ္ခ်င္းအမ်ားႀကီးမရွိရင္ေတာင္တစ္ေယာက္ေလာက္ဆိုသူေက်နပ္ပါသည္။ဒါေပမဲ့ဘာလို႔မွန္းမသိ။အေၾကာင္းရင္းကိုေရေရရာရာမေျပာပါဘဲေမေမကJaehyunကိုမည္သူႏွင့္မွ်အေဖာ္မလုပ္ေစခဲ့ပါ။

"ဒါဆိုJae ကိုကိုတစ္ေယာက္တည္းနဲ႕ပဲသူငယ္ခ်င္းလုပ္မယ္ေလ...ေနာ္...ေမေမေနာ္လို႔.....အဲ့ကိုကိုနဲ႕​ေတာ့ေပးေပါင္းပါေနာ္......"

ဘယ္လိုေျပာမရသည့္Jaehyunအားအေမ​ျဖစ္သူမွသက္ျပင္းခ်႐ုံကလြဲၿပီးမတတ္နိုင္။ထိုစဥ္

"ငါ့သားကဘာေတြအဲ့ေလာက္ေတာင္ေတာင္းဆိုေနတာလည္း"

အိမ္ေပါက္ဝမွအသံၾကားလို႔လွည့္ၾကည့္မိေတာ့Jaehyunရဲ႕အေဖျဖစ္သူခရီးမွျပန္လာျခင္းျဖစ္သည္။Jaehyunကသူ႕အေဖကိုေတြ႕ေတြ႕ခ်င္းမွာပဲ

"ေဖေဖ!!!!"

ဟုဆိုကာေျပးၿပီးခုန္တက္ေလသည္။Jaehyunအေဖကလည္းျပန္ဖက္လိုက္ရင္း

"Aigoo.....ေဖေဖ့သားေလးလြမ္းေနေရာေပါ့"

"ဟုတ္တာေပါ့....ေဖေဖကလည္း...ဒါနဲ႕ဒီတစ္ေခါက္ျမန္တယ္ေနာ္....."

"အင္း...အလုပ္ေစာေစာၿပီးလို႔ေလ.....ဒါနဲ႕ေနပါဦးေစာနကသားေမေမကိုဘာေတြအဲ့ေလာက္ေတာင္ပူဆာေနတာလည္း...ေျပာပါဦး"

"အာ....ဟိုဘက္အိမ္ကကိုကိုနဲ႕ေလ....Jaeကသူငယ္ခ်င္းလုပ္ခ်င္တာကိုေမေမကေပးမလုပ္ဘူး....Jaeလည္းသူမ်ားေတြလိုအတူတူေဆာ့ဖို႔အေဖာ္ေလးတစ္ေယာက္ေလာက္လိုခ်င္မိလို႔ပါ"

JaehyunေဖေဖကJaehyunေလးကိုအလိုလိုက္တတ္မွန္းသိေတာ့ဘယ္လိုခြၽဲၿပီးပူဆာရမလည္းဆိုတာလည္းသူေကာင္းေကာင္းသိေလသည္။ဒါေၾကာင့္ႏႈတ္ခမ္းေလးေထာ္agyeoေလးနည္းနည္းထုတ္သုံးလိုက္ေတာ့ေဖေဖကၿပဳံးကာJaehyunကိုလည္းေအာက္ျပန္ခ်လိဳက္ရင္း

"ရတာေပါ့...Jaeရဲ႕....အတူတူေဆာ့ၾကေပါ့"

"တစ္ကယ္ေနာ္.....ဟီး...အဲ့တာေၾကာင့္ေဖေဖ့ကိုပိုခ်စ္တာ"

ဆိုကာအေပၚထပ္ကိုေျပးတက္သြားေသာJaehyunေလးရယ္ပါ။Juyeonနဲ႕အတူတူသူငယ္ခ်င္းလုပ္ခြင့္ေပးလိုက္တာသူ႕အတြက္ဒီေလာက္ထိထီေပါက္သလိုေပ်ာ္စရာေကာင္းေနခဲ့ေလသည္။

Jaehyunေလးအေပၚထပ္ေရာက္သြားသည္ႏွင့္အေမျဖစ္သူက

"ရွင္ဘာလို႔သူငယ္ခ်င္းေပးလုပ္လိုက္တာလည္း"

"ေအာ္...မင္းကလည္းသူကကေလးေလကြာ...ကေလးပီပီအေဖာ္လိုခ်င္မွာေပါ့"

"ဒါေပမဲ့ကြၽန္မတို႔အေျခအေနကိုရွင္သိေနတာပဲ"

"အဲ့အတြက္လည္းပူမေနစမ္းပါနဲ႕.....အဲ့ေဘးအိမ္ကေကာင္ေလးကလည္းဘာမွမ​ျဖစ္ေလာက္ပါဘူး....အိမ္နီးေနေတာ့ငါတို႔အတြက္ေတာင္ပိုေကာင္းေသးတယ္...အထူးတစ္လည္ႀကီးေစာင့္ၾကည့္စရာေတာင္မလိုဘူး"

"ဒါေပမဲ့အဲ့ေကာင္ေလးပေထြးက....."

"အို....သူကျဖင့္အခ်ိန္ျပည့္မူးေနတာပါ....ဘာမွေတာင္ဂ႐ုစိုက္မဲ့ပုံမေပၚဘူး...မင္းအဲ့ေလာက္ထိအစိုးရိမ္လြန္မေနစမ္းပါနဲ႕..."

"အင္းပါ...."
....................

"ကိုကိုေရ!!!!!!"

ေက်ာင္းသြားခါနီးအိမ္ေရွ႕စက္ဘီးရပ္႐ုံရွိေသးလွမ္းေခၚသည့္အသံေလးေၾကာင့္လွည့္ၾကည့္မိေတာ့Jaehyunေလးကသ့အနားေရာက္လာေလသည္။သူနဲ႕အတူသူေမေမနဲ႕ေဖေဖပါ ပါေလသည္။

"အင္းJae....."

"ဒီမွာေလ....Jaehyunေလးမနက္ခင္းကတည္းကသားနဲ႕ပဲေက်ာင္းအတူတူသြားမယ္လုပ္ေနလို႔"

Jaehyunေဖေဖမွေျပာလာေတာ့Juyeonက

"ေအာ္....ဟုတ္ကဲ့"

ထိုစဥ္Jaehyunအေဖမွထပ္ၿပီး

"Jaehyunကသားကိုေတာ္ေတာ္ေလးခင္ရွာတယ္ကြယ္.....ဒါေၾကာင့္သူေလးကိုဂ႐ူစိုက္ေပးပါဦးေနာ္"

"ဟုတ္ကဲ့ဗ်"

"ဒါဆိုJaeကိုကိုနဲ႕အတူတူေန႕တိုင္းေက်ာင္းသြားမွာေနာ္"

"အင္း...ရပါတယ္"

"ဟုတ္ၿပီ...ဒါဆိုသားတို႔အတူတူသြားၾကေတာ့ေနာ္...စက္ဘီးလည္းဂ႐ုစိုက္စီး"

"ဟုတ္ကဲ့ပါ"

မေန႕ကေတာ့သူနဲ႕အတူစကားေျပာတာကိုအလိုမက်သည့္မ်က္ႏွာႏွင့္Jaehyunအေမမွအခုက်ေတာ့သူ႕အားၿပဳံးျပကာJaehyunေလးကိုလည္းဂ႐ုစိုက္ေပးဖို႔မွာေနေတာ့Juyeonအနည္းေတာ့ေၾကာင္သြားသည္။ဒါေပမဲ့သူနဲ႕အတူေက်ာင္းသြားရမွာမလို႔ေပ်ာ္ေနသည့္Jaehyunေလးေၾကာင့္သူပီတိျဖစ္ရျပန္သည္။

"ကဲ...ဒါဆိုတက္"

"ဟုတ္........."

ဟုတ္သာေျပာတယ္....စက္ဘီးကJaehyunေလးအတြက္ေတာ့အနည္းငယ္ျမင့္ေနသျဖင့္သူတက္ရခက္ေနေလသည္။

"ဟိုေလ......Jaeတက္လို႔မမွီဘူး"

"လာဒါဆို...ကိိုကိုခ်ီၿပီးတင္ေပးမယ္"

ဆိုကာစက္ဘီးအားခနေဒါက္ေထာက္လိုက္ၿပီးJaehyunခ်ိဳင္းေလးကေနျမႇောက္ကာတင္ေပးေတာ့မွရေလသည္။

"ဒါဆိုထြက္ၿပီေနာ္....ေသခ်ာကိုင္ထား"

"ဟုတ္ကဲ့"

ဒီလမ္းေလးကJuyeonေက်ာင္းစတက္သည့္အခ်ိန္ကတည္းပင္သူတစ္ေယာက္တည္းသြားေနၾကလမ္းေလးျဖစ္ခဲ့ေပမဲ့ယခုအခ်ိန္မွာေတာ့သူတစ္ေယာက္တည္းမဟုတ္ေတာ့ဘဲသူ႕ရဲ႕သူငယ္ခ်င္းျဖစ္သူေလးပါပါလာခဲ့ၿပီျဖစ္သည္။

သူ႕ခါးကိုလက္ေသးေသးေလးေတြနဲ႕အေနာက္ကေနရစ္သိုင္းကာဖက္ထားၿပီးေက်ာျပင္ကိုမ်က္ႏွာအပ္ထားသျဖင့္ေလမတိုးနိုင္သည့္အတြက္​ႏြေးေထြးမႈေလးကိုခံစားမိေသာေၾကာင့္Juyeonမ်က္ႏွာထက္၌အၿပဳံးတို႔ဟာထပ္မံေရာက္ရွိလို႔လာခဲ့ျပန္ပါသည္။

ေတာင္ဘက္အရပ္ကိုသြားေနေပမဲ့ဆန့္က်င္ဘက္ေျမာက္အရပ္မွေလညင္းေတြတိုက္ခတ္လာတာေၾကာင့္စက္ဘီးေပၚမွေခါင္းလုံးလုံးေလးႏွစ္ခုေပၚကဆံႏြယ္ေလးတို႔ဟာေလညင္းနဲ႕အတူယိမ္းႏြဲ႕တိုက္ခတ္ေနၾကေလသည္။

"ကိုကိုနဲ႕အတူစက္ဘီးစီးရတာေပ်ာ္လိုက္တာ"

ေလညင္းေလးေတြမွသယ္ေဆာင္လာေပးသည့္အသံေသးေသးေလးေၾကာင့္လည္းJuyeonထပ္ၿပီးၿပဳံးမိျပန္သည္။

"ေပ်ာ္ရင္ေနာက္ေန႕ေတြက်အတူတူစီးရေအာင္"

"Jaeမွစက္ဘီးမစီးတတ္ေသးတာ"

"ကိုကိုသင္ေပးမွာေပါ့"

"ဒါေပမဲ့Jaeကဒီလိုမ်ိဳးကိုကို႔ေနာက္ကလိုက္စီးရတာပိုႀကိဳက္တယ္"

ဆိုၿပီးခါးကိုပိုတင္းၾကပ္စြာဖက္လာသည့္Jaehyunေလးရဲ႕မ်က္ႏွာေပၚမွာလည္းအၿပဳံးပန္းတ္ို႔ေဝဆာေနခဲ့ေလသည္။
................

"Jaeလာေလ......"

"ဟုတ္လာပါၿပီ....."

ဒီေန႕ေက်ာင္းပိတ္ရက္ျဖစ္ေနသည္မလို႔Jaehyunေလးအားစက္ဘီးစီးသင္ေပးရန္Juyeonေခၚေနျခင္းျဖစ္သည္။ေကာင္ေလးကလည္းသူသင္ေပးမယ္ေျပာေတာ့အေျပးေလးလာရွာသည္။

"ေရာ့....ဒီစက္ဘီးနဲ႕အရင္စီးသင္ၾကည့္...ဒါကိုကိုဒီထက္ငယ္တုန္းကစီးခဲ့တာ"

ဆိုကာစက္ဘီးအေသးေလးတစ္ခုကိုထုတ္ျပသည္။

"ဟုတ္ကဲ့"

"အရင္ဆုံးဒီစက္ဘီးေပၚကိုခြလိုက္....ၿပီးရင္ဒီလိုေလးတက္ၿပီးကိုင္ထား႐ုံပဲ"

Jaehyunကလည္းသူေျပာသလိုလုပ္ရွာသည္။ဒီစက္ဘီးေလးက်ေတာ့အရမ္းမႀကီးသည့္အတြက္Jaehyunတက္ရတာအဆင္ေျပေလသည္။စက္ဘီးေပၚေရာက္သြားေတာ့

"ဒါၿပီးရင္ဘာဆက္လုပ္ရမွာလည္း"

"ဒါၿပီးရင္လက္ကိုင္ႏွစ္ခုကိုေဟာဒီလိုေသခ်ာကိုင္ထား"

"ဟုတ္ကဲ့"

"ကိုင္ၿပီးသြားရင္အရင္တစ္လွမ္းစနင္းၾကည့္"

"ဟင့္အင္း....လဲမွာေၾကာက္တယ္"

"ေအာ္....Jaeရယ္...ကိုကိုကိုင္ထားေပးတယ္ေလအရင္ဆုံးနင္းၾကည့္ပါ"

"ဒါေပမဲ့ လဲရင္နာမွာေပါ့"

"ကိုကိုကိုင္ထားေပးပါ့မယ္ အရင္ဆုံးတစ္ခ်င္နင္းၾကည့္ပါ"

Juyeonမွေျပာလာေတာ့Jaehyunလည္းမရဲတစ္ရဲေလးနဲ႕စက္ဘီးကိုစနင္းၾကည့္ေလသည္။နင္းရတာအဆင္ေျပေတာ့Juyeonမွေနာက္ကေနကိုင္ေပးထားတာလႊတ္လိုက္မိသည္။အဲ့ေတာ့ဘုန္းခနဲပဲJaehyunေလးလဲက်ပါေတာ့သည္။

"အီး...ဟီး.....ကိုကို႔ကိုေျပာတယ္....လဲမွာေၾကာက္ပါတယ္ဆို...ဘာလို႔လႊတ္လိုက္တာလည္း"

ဟုဆိုကာထိုင္ငိုေနေသာJaehyunေလးအားJuyeonမွာစိုးရိမ္စိတ္တစ္ဝက္ရယ္ခ်င္စိတ္တစ္ဝက္ႏွင့္သာ။အရင္ဆုံးလဲေနသည့္Jaehyunေလးကိုထေစရန္ဆြဲထူလိုက္ေတာ့သူ႕အားဂုတ္ကေနသိုင္းဖက္လာၿပီးတစ္ရႈံ႕ရႈံ႕နဲ႕ေျပာသည္က

"ေတာ္ၿပီ....စက္ဘီးစီးမသင္ခ်င္ေတာ့ဘူး...ကိုကို႔ေနာက္မွာပဲလိုက္စီးေတာ့မယ္" တဲ့ေလ။

ထိုညေနခင္းေလးကေတာ့Jaehyunကိုစက္ဘီးစီးသင္ရန္လုပ္ထားခဲ့ေပမဲ့ေနာက္ကေနသာလိုက္စီးခိုင္းၿပီးရပ္ကြက္တစ္ပတ္ပတ္လိုက္ရေတာ့သည္။
_________________________________________

Thanks for reading🌸

Bạn đang đọc truyện trên: Truyen2U.Com