Part 9
[ ခံစားချက်တို့မည်သည် ရှုပ်ထွေးလာသောအခါ....]
အရာအားလုံးဟာ ပုံမှန်ပါပဲ။ အချိန်မှီပြေးဆွဲနေကြတဲ့ busကားတွေ မြေအောက်မီးရထားတွေ Taxiတွေ အကုန်သူတို့ ပုံမှန်အတိုင်း ပြေးဆွဲနေကြသည်။ ရုံးသွားသည့်သူကသွား ကျောင်းသွားသူကသွား သင်တန်းသွားသည့်သူကသွား။
အပင်ပေါ်မှ ရွက်ဟောင်းတွေကြွေလို့ ရွက်သစ်တို့လည်း ဝေခဲ့ပြီ။ ပန်းပင်လေးတွေဟာလည်း ပွင့်ချိန်ပွင့်ကြကုန်ပြီ။
အရာအားလုံးဟာ သူဟာနှင့် သူ့အလုပ်သူလုပ်၍ လည်ပတ်နေကြသည်မှာ ပုံမှန်ပင်။
Matthewတို့ကျောင်းတော်ကြီးဟာလည်း ပုံမှန်ကဲ့သို့။ ထူးထူးခြားခြားဘာမျှမရှိ။ ထိုနည်းတူစွာ Jiwoongနှင့် Matthewတို့၏ နှစ်ယောက်ကြားက ဆက်ဆံရေးလေးဟာလည်း ပုံမှန်အတိုင်းပင်။
Jiwoongဟာ သူ့ရင်ခွင်ထဲကို စိတ်ကူးပေါက်လျှင်ပေါက်သလို Matthewကို ထည့်တတ်စမြဲ။ Matthewကလည်း ချစ်မိနေစမြဲ။ ဖွင့်ပြောလိုက်ရလို့ ပေါ့ပါးသွားသည်ဆိုပေမဲ့ တစ်နေ့ကျ ဒီခံစားချက်ကြီး မရှိတော့အောင်လည်း လုပ်မိချင်ပါသေးသည်။
............
နေ့ခင်းထမင်းစားချိန်ဟာ အဖေလည်းမတူ အမေလည်းမတူ ညီအစ်ကိုသုံးယောက်၏ စကားဝိုင်းနှင့် စိုပြေလျက်ရှိသည်။ သာလိကာလေးက အပင်ကြီးပေါ်မှာ ပိကျိပိကျိအော်မြည်သည်ကို သက်ရှိအပင်ကြီးက မလှုပ်ပေမဲ့ ငြိမ်ငြိမ်လေး နားထောင်နေသကဲ့သို့ပင်။
Matthewက သာလိကာလေးလို စကားဖောင်ဖွဲ့ပြောနေသည်ကို ငြိမ်ငြိမ်လေး နားထောင်နေကြသည်မှာ သက်ရှိအပင်ကြီး Jiwoongနှင့် Rickyဖြစ်သည်။
" အဲ့တာလေ သိလား သူ့ကိုဆရာမက အဲ့လိုပြောရကောင်းလားဆိုပြီး အတန်းရှေ့ထွက်ပြီး ဒိုက်ထိုးခိုင်းတာ ခန္ဓာကိုယ်က မရွေ့ဘဲ တင်ပါးကပဲ လှုပ်နေလို့ တစ်ခန်းလုံးဝိုင်းရယ်ကြရော "
ဒီနေ့ နေ့ခင်းထမင်းစားချိန်မတိုင်ခင် အတန်းထဲမှာဖြစ်ပျက်ခဲ့သည့် အကြောင်းအရာအား ဟက်ဟက်ပက်ပက်ရယ်မောရင်း ပြန်ပြောနေသည့် Matthewရယ်ပါ။
ပြောရင်းဆိုရင်း ရယ်မိကာ မီယောဂုဟင်းရည်ကိုတစ်ဇွန်းခပ်သောက်မိတော့ သီးပါတော့သည်။
" အဟွတ် အဟွတ်! "
" ဟော...ကြည့် ရယ်ရင်းနဲ့သွားသောက်တာကို "
Jiwoongကပြောရင်းဆိုရင်း ရေဘူးကမ်းပေးသလို ပေသွားသည်ကို Rickyကလည်း တစ်ရှူးယူကာ သုတ်ပေးသည်။ အမယ်...ဒီလိုအစ်ကိုနှစ်ယောက်ရှိတာ မဆိုးဘူးပဲ။
" နောက်ဆို ဒီပေါင်ပေ့ကို ထမင်းပါခွံ့ကျွေးရတော့မယ်ထင်တယ် "
" အဲ့လောက်ထိတော့ မလိုပါဘူး အခန့်မသင့်လို့သီးတာပါ ဒါနဲ့ မကြာခင် Hyungတို့ CSATဖြေရတော့မှာမလား "
" အာ......အဲ့အကြောင်းကိုမေ့ထားပါတယ်ဆို "
Jiwoongကပြောတော့ Rickyက စွေကြည့်လာသည်။
"ကြောက်ပါတယ် အကိုRicky Shenရယ် ကျွန်တော်မျိုး စာလုပ်ပါ့မယ် "
" Hyungက တက္ကသိုလ်ကောင်းကောင်းမတက်ချင်ဘူးလား "
" အင်း....တက်ချင်တာပေါ့ Rickyကတော့ Seoul universityကို အတူတူဝင်ကြမယ်တဲ့ "
" Hyungရော Geရော ကျွန်တော့်ထက်ဉာဏ်ကောင်းကြတာပဲ ကြိုးစားကြိုးစား "
တစ်လက်စတည်း Rickyက
" ငါ့အိမ်ကလည်း Seoul universityမှာစီးပွားရေးမေဂျာယူပြီး တက်စေချင်တာ မင်းတို့သိတဲ့အတိုင်းပဲ ဒါပေမဲ့ ငါတစ်ယောက်တည်းဖြစ်နေမှာစိုးလို့ Jiwoongကိုပါ ရအောင် စာကြိုးစားခိုင်းနေတာ ဒီကောင်က ဉာဏ်ကောင်းသလောက် အပျင်းကြီးတယ် "
" မင်းကလည်း ငါ့ဆို ပြောဖို့လောက်ပဲ "
" မဟုတ်လို့လား မင်းက "
အမှန်တရားဆိုတော့လည်း Jiwoongမှ ပါးစပ်ပိတ်လိုက်ရပါတော့သည်။ Matthewကတော့ သူရှေ့မှာ ရှိနေသည့် နှစ်ယောက်အား သိပ်မကြာခင် ခွဲခွာရတော့မည့် အကြောင်းကိုတွေးရင်း ဝမ်းနည်းမိသယောင်။
နှစ်ယောက်လုံးက Matthewထက်အတန်းကြီးတော့ သေချာပေါက် Matthewထက်အရင် တက္ကသိုလ်တက်ရမည်လေ။ သူတို့က အမှတ်မှီလို့ Seoul university ကိုဝင်ခွင့်ရသွားတယ်ပဲထား။ Matthewက သူတို့လောက်စာမလုပ်နိုင်တော့ ဝင်ခွင့်ရပါ့မလားမသိ။
သည်လိုနှင့် တစ်သီးတစ်ခြားစီကွဲသွားကြပြီး သူစိမ်းတွေဖြစ်သွားကြမှာများလားဆိုသည့် ကလေးအတွေးနှင့် ငိုင်ကာ ရှေ့က စကားများနေသည့် နှစ်ယောက်ကိုပင် နားမထောင်နိုင်တော့ဘဲ ကျန်ရှိနေသည့် ထမင်းကိုသာ ဆက်စားနေလိုက်သည်။
.............
" Ricky! ငါမင်းအိမ်မှာဒီနေ့ စာအတူလိုက်လုပ်မလို့ "
အတန်းဆင်းတော့ စာအုပ်တွေသိမ်းနေရင်း Jiwoongက ပြောလာခြင်းဖြစ်သည်။
" ငါလည်း မင်းကိုပြောတော့မလို့ ဒီရက်ပိုင်းတွေ ငါ့အိမ်မှာအတူစာလုပ်မယ်ဆိုပြီး "
" အေး ပြီးတော့ ငါမင်းကို ပြောပြစရာလေးလည်း ရှိလို့ကွာ "
တွေးတွေးဆဆပြောလာသည့် Jiwoongရဲ့ စကားကြောင့် Rickyက ကြည့်မိလိုက်သည်။ ဘယ်လိုအကြောင်းအရာမျိုး ဖြစ်မလဲဆိုတာ ခန့်မှန်းမိပေမဲ့ မှန်ချင်မှ မှန်မှာမလို့ သူထုတ်မမေးတော့ချေ။
Ricky အိမ်ကိုရောက်တော့ နှစ်ယောက်သား ရေမိုးချိုး ညစာစားပြီးသည်နှင့် စာအတူတူလုပ်ကြသည်။ Jiwoongက လာနေကြမလို့ Rickyအိမ်မှာပါ Jiwoongအတွက်ဆိုပြီး Rickyမိဘတွေ အခန်းတစ်ခန်းလုပ်ပေးထားပါသေးသည်။
မိဘအချင်းချင်းကလည်း စီးပွားဖက်တွေဆိုတော့ နှစ်ယောက်သားလည်း ရင်းနှီးကြသည်ကို ဝမ်းသာကြပါသည်လေ။
ညစာစားပြီး ခြောက်နာရီလောက်ကတည်းက စာအတူတူလုပ်လိုက်ကြတာ ညကိုးနားရီထိုးခါနီးတော့ နှစ်ယောက်သားလည်း တစ်နေကုန် ကျောင်းမှာရော အခုအိမ်မှာပါ စာထပ်လုပ်ရတာမလို့ အနည်းငယ်တော့ ပင်ပန်းနေပြီဖြစ်သည်။
" အားးး.......စာလုပ်ရတာပင်ပန်းလိုက်တာ "
Jiwoongက Rickyအိပ်ယာပေါ် လှဲချရင်း ညည်းလိုက်သည်။
" မပင်ပန်းရအောင် ငါတို့က တစ်နဲ့တစ်ပေါင်း နှစ် ဆိုတဲ့ ပုစ္ဆာတွေ သင်နေရတဲ့အတန်းမှ မဟုတ်တော့တာ "
" အင်းပါ အဖေရယ်....ဆူမယ်ဆိုတာချည်းပဲ မင်းနဲ့စာလုပ်ရင် အမြဲတမ်း အဆူခံနေရတာ Matthewနဲ့ စာလုပ်ရင် Hyungပင်ပန်းနေရင် နားတော့လေ Hyungအအေးလေးသောက်မလား Hyung cakeစားချင်လား နဲ့ စာလုပ်ရတာ စိတ်ချမ်းသာအောင် ပြောပေးတာ "
" အဲ့တာ Matthewက မင်းကိုချစ်နေလို့လေ ငတုံးရဲ့ "
ဤစကားအား Ricky စိတ်ထဲကနေသာပြောမိလိုက်ပါသည်။ တစ်ကယ်တမ်းအပြင်မှာထွက်လာသည့် စကားကတစ်ခြား။
" Matthewကတော့ ငါတို့ထက်တစ်တန်းငယ်တာကိုး အဲ့တော့စာအေးဆေးလုပ်လို့ရသေးတယ်လေ "
" အင်း.....ဒါနဲ့ Ricky! "
အိပ်ယာပေါ် လှဲနေရာမှ ရုတ်တစ်ရက်ထလာရင်း
" ငါ မင်းကိုပြောပြစရာရှိတယ်ဆိုတာလေ..."
" ခဏ ငါတို့ ရေကူးကန်နားသွားကြမလား "
" အေး အဲ့နားဆို အိမ်ကအစောင့်တွေနဲ့လည်း ဝေးတယ် သွားရအောင် "
Rickyက နားလည်ကြောင်းခေါင်းငြိမ့်ပြလိုက်ပြီး အတူတူအခန်းထဲမှ ထွက်လာလိုက်ကြသည်။ အခန်းရှေ့မှာ အသီးသီး သူ့နေရာနှင့် သူ စောင့်နေကြသည့် Rickyအဖေရဲ့ လူတွေကိုမြင်တော့ Rickyက
" ဦးလေးဝမ် "
" ဟုတ်ကဲ့ သခင်လေး ဘာများအလိုရှိပါလဲခင်ဗျ "
" ကျွန်တော်နဲ့ Jiwoongအတွက် အအေးတစ်ခွက်စီနဲ့ မုန့်လာချပေးဖို့ အန်တီချင်းချင်းတို့ကိုပြောပေးပါဦး ရေကူးကန်နားမှာရှိမယ်လို့ "
" ဟုတ်ကဲ့ပါသခင်လေး "
" ကျေးဇူးပါ ဦးလေးဝမ် "
Rickyတို့အိမ်က ချမ်းသာသည်ဟုပင် မပြောရ။ အိမ်ကလည်း ကြီးသလို ခြံဝန်းကလည်း အကျယ်ကြီးပင်။ မျိုးရိုးစဥ်ဆက်အလိုက် ချမ်းသာကြသည်မလို့ ဆွေကြီးမျိုးကြီးထဲကဟု ပြောလို့ရပါသည်။
Rickyတို့အိမ်၏ အနောက်ဘက်တွင် ရေကူးကန်တစ်ကန်လည်းရှိသေးသည်။ သာမန်သူဌေးတွေအိမ်မှာရှိသည့် ရေကူးကန်လိုမဟုတ်ဘဲ ဆောက်ထားတာ အတော်လေးကို အသေးစိတ်ပြီး လှပသည့် ရေကူးကန်ဖြစ်သည်။ ညဘက်တွေဆို ကန်ရေပြင်နှင့် ကောင်းကင်ပေါ်က လရောင်ဟာ အလွန်လိုက်ဖက်လျက်။
Jiwoongက Rickyတို့အိမ်ကို လာအိပ်လေ့ရှိတိုင်း ညမအိပ်ခင် နှစ်ယောက်သား ထိုရေကူးကန်နားတွင် ထိုင်ကာ စကားစမြည်ပြောလေ့ရှိကြသည်။ သူတို့ရဲ့ ကိုယ်ပိုင်နေရာလေးလိုပေါ့။
သူတို့ထိုင်ပြီး သိပ်မကြာလိုက် အန်တီချင်းချင်းက အအေးနှင့် မုန့်လာပို့ပေးသည်။
" ကျေးဇူးပါ အန်တီချင်းချင်း "
နှစ်ယောက်လုံးကျေးဇူးစကားဆိုလိုက်ကြသည်။ Ricky၏ စိတ်ဓာတ်တွင် Jiwoongအကြိုက်ဆုံးက Rickyက သူတို့အိမ်မှ အလုပ်သမားတွေကိုလည်း တန်းတူလေးစားတာပင်ဖြစ်သည်။ သူဌေးသားဆိုပြီး ဟိတ်ဟန်ထုတ်တာမျိုးလည်းမရှိ။ နှိမ်ချပြီးလည်းမဆက်ဆံ။
လူတစ်ကာကို ကျေးဇူးတင်ပါတယ် လို့မပြောတတ်သည့် Jiwoongတောင် Rickyနှင့်ကျမှ တစ်ခုခုဆို အရာရာကိုကျေးဇူးတင်ရမယ်မှန်း သိလာခြင်းဖြစ်သည်။
" ကဲ ပြော မင်းဘာပြောမှာလဲ "
Rickyက အအေးကိုထည့်ပေးရင်းမေးလိုက်သည်။
Jiwoongက ချက်ချင်းပြန်မဖြေသေးဘဲ ငှဲ့ပေးထားသည့် အအေးကိုအရင်သောက်လိုက်ကာ သက်ပြင်းဖွဖွလေးချမိသည်။
" မင်းပြောမဲ့အကြောင်းအရာက Matthewနဲ့ ပတ်သက်နေတယ်မလား "
ထိုအခါ Rickyကို လှည့်ကြည့်လာသည့် Jiwoong။
" မင်း....ဘယ်လိုသိတာလဲ "
" ဒီအတိုင်းခန့်မှန်းကြည့်တာပါ မှန်သွားတာပဲ "
" အင်း.......ဟုတ်တယ် Matthewနဲ့ ပတ်သက်တယ် "
" ပြောပါဦး ဘာအကြောင်းများလဲလို့ "
Jiwoongက တစ်ခုချင်းစီသေချာစွာ Rickyအား ပြောပြလာတော့သည်။
" Matthewက အခုရက်ပိုင်းမှ အရင်လိုပြန်ဖြစ်လာတယ်ဆိုပေမဲ့ အရင်ရက်တွေတုန်းက ငါ့ကိုဆို တစ်မျိုးဆက်ဆံတယ်ကွာ "
" ဘယ်လိုမျိုးလဲ "
" ငါ့အနားရောက်ရင် ဟန်ဆောင်နေသလိုပုံစံမျိုးကွာ မင်းနဲ့ဆိုရင် စိတ်လွတ်လက်လွတ်ပျော်ပါးပေမဲ့ ငါနဲ့ဆို အဲ့လိုမဟုတ်တော့တာ သတိထားမိလာတာကြာပြီ။ ငါတို့ စပါကတီသွားစားတဲ့နေ့ကလည်း waiterကောင်နဲ့ကျ ပြုံးဖြီးနေပြီး ငါ့ကိုကျ ပြန်ခံပြောနေတာလေ "
Rickyက နားထောင်ရင်း အသာလေးခေါင်းငြိမ့်မိလိုက်သည်။
" အဲ့တာနဲ့ ငါလည်း မင်းပြန်ပို့ပေးမယ်ဆိုတာတောင် Matthewကိုငါခေါ်သွားမယ်ပြောတာရော် အဲ့တာ ငါသူ့ကို မြို့စွန်ဘက် ခဏခေါ်သွားတာ "
" အဲ့အထိတောင် ရောက်သွားတာလား "
" အေး ရောက်တတ်ရာရာ မောင်းလိုက်တာ မြို့စွန်ရောက်သွားတာပဲ အဲ့တာ ငါနဲ့Matthewနဲ့ စကားများကြတယ်ကွာ အဲ့လိုနဲ့....ငါက Matthewကို ဘာလို့အဲ့လိုပြောင်းလဲလာတာလို့မေးတော့ ဘာဖြေတယ်ထင်လဲ "
" ......... "
" ငါ့ကို ချစ်မိနေလို့တဲ့လေ အဲ့ကောင်လေးက ငါ့ကိုချစ်မိနေလို့ ပိုပိုပြီးချစ်မိလာမှာစိုးလို့ သူစိတ်တွေကို ထိန်းနေတာတဲ့ "
Jiwoongရဲ့ စကားအဆုံးမှာတောင် Rickyက မည်သို့မျှ အံ့သြခြင်းတုံ့ပြန်မှုကို မပေးတာမလို့
" မင်း သိနေခဲ့တာလား Ricky "
" အင်း....."
" Matthewပြောပြတာလား "
" မဟုတ်ဘူး သူမပြောပြသေးခင်ကတည်းက ငါရိပ်မိတာ မေးကြည့်လိုက်တော့မှ ဟုတ်ကြောင်းပြောပြလာတာ သူကမင်းသိမှာစိုးလို့ ငါ့ကိုတောင် အဲ့အကြောင်းမပြောပြခဲ့ဘူး "
" သြော်....."
သို့နှင့် နှစ်ယောက်လုံး အအေးကိုယ်စီသောက်လိုက်ကြပြီး အတွေးကိုယ်စီဖြင့် ခဏတာ ဆိတ်ငြိမ်သွားကြပြန်သည်။
လရောင်ထင်ဟပ်နေသည့် အပြာရောင် ကန်ရေပြင်အား အကြောင်းမဲ့စွာ နှစ်ယောက်သားကြည့်နေရင်း သောက်နေသည့် အအေးတို့ဟာလည်း ကုန်လုဆဲပင်။
တိတ်ဆိတ်မှုကြီးစိုးနေသည်ကို စဖြိုခွဲလိုက်သူက Jiwoong ပင်။
" ငါ....ကိုယ့်ကိုယ်ကို ဒေါသထွက်မိတယ်သိလား......အဲ့နေ့တုန်းကဆိုလေ Matthewကပြောပြီး ငါ့ရင်ခွင်ထဲမှာ ငိုနေခဲ့တာ အဲ့ကောင်လေး အဲ့လောက်ထိ ရှိုက်ကြီးတစ်ငင် ငိုတာ ငါအဲ့တစ်ခါပဲ တွေ့ဖူးတယ်။ အမြဲတမ်း ပြုံးပျော်နေတတ်တဲ့ ကောင်လေးက ငါ့ကြောင့်နဲ့ငိုရတယ်ဆိုတဲ့ အသိကလေ ငါ့ကိုယ်ငါ အတော်လေးဒေါသထွက်စေတယ် "
" ဒါဆို မင်း ဘယ်လိုခံစားရလဲ Matthewက မင်းအပေါ် ချစ်မိနေတယ်ဆိုတော့ "
Rickyမေးချင်တဲ့မေးခွန်းရဲ့ ဆိုလိုရင်းကို သဘောပေါက်တာမလို့
" ငါ ကြားကြားချင်းတော့ အံ့သြသွားတာပေါ့ ဒါပေမဲ့ သူစငိုတဲ့အချိန်မှာ ငါဘယ်လိုမှ မခံစားနိုင်ဘူး ငါ့ကြောင့်နဲ့ သူငိုရတာမျိုးကိုမလိုလားဘူး။ သူငါ့ကို ကြိုက်ပိုင်ခွင့်ရှိပါတယ် ဒါသူ့လွတ်လပ်ခွင့်လေ ဘယ်သူမှ ထိန်းပေးလို့ရတဲ့အရာမှမဟုတ်တာ။ အဲ့အတွက်ကြောင့်လေးနဲ့တော့ ငါတို့ရဲ့ သံယောဇဥ်ကိုအပျက်မခံနိုင်ပါဘူး "
" အင်း.....မင်းပြောတာလည်းဟုတ်ပါတယ် ဒါပေမဲ့ Yeriနဲ့အတူတူ အပြင်ထွက်ရင် Matthewကို ခေါ်သွားတာမျိုးမလုပ်နဲ့တော့။ မင်းလည်းအခုသိသွားပြီပဲ အဲ့တာဆို Matthew အနေခက်မယ်ဆိုတာ မင်းသဘောပေါက်လောက်ပါပြီ Yeriကိုလည်း အကျိုးသင့်အကြောင်းသင့်ရှင်းပြထားလိုက်ပေါ့ "
" အေးပါ Yeriက ဇွတ်တောင်းဆိုရင်တော့ မင်းလည်းအားတဲ့အခါကျ လိုက်ခဲ့ပေးပေါ့ "
Rickyက ခေါင်းငြိမ့်ပြလိုက်သည်။
" ငါမင်းကို အမှန်တိုင်းတစ်ခုလောက်ဖြေစေချင်တယ် Jiwoong "
" ဘာလဲ မေးလေ "
" အကယ်လို့သာပေါ့... အကယ်လို့ မင်းမှာသာ Yeriနဲ့တွဲနေတဲ့အခြေအနေ မဟုတ်ခဲ့ဘူးဆိုရင်ရော... Matthewကို လက်ခံပေးမှာလား "
" မင်းမေးချင်တာက ငါ Matthewကို တွဲဖို့လက်ခံလောက်မလားပေါ့ "
" အင်း...... "
" သေချာမပြောတတ်တော့ပါဘူးကွာ အမှန်တိုင်းဝန်ခံရရင် ငါစိတ်တွေရှုပ်ထွေးနေတာ အားကြီးပဲ။ "
" ဟျောင့်! မင်း နှစ်ယောက်ကို တစ်ပြိုင်တည်းတော့ တွဲလို့မရဘူးနော် "
Rickyရဲ့ အထင်လွဲနေမှုကြောင့် Jiwoongမယ် ပြာပြာသလဲရှင်းပြရသည်။
" ဟာ....မင်းကလည်း အဲ့လိုမဟုတ်ပါဘူးကွာ ငါနှစ်ယောက်လုံးအပေါ် နာကျင်ရတဲ့အထိတော့မလုပ်ပါဘူး ပြီးတော့ တစ်ပြိုင်တည်းတွဲရလောက်တဲ့အထိ ငါ့စိတ်ဓာတ်မညံ့ဖျင်းသေးပါဘူးကွာ "
" အေးပါ မင်းက စိတ်ရှုပ်ထွေးနေတယ်ဆိုတော့ Matthewအပေါ်လည်းစိတ်ရှိ Yeriကိုလည်းမစွန့်လွှတ်နိုင် အဲ့လိုတွေဖြစ်နေသလားလို့ပါ "
Rickyက အမှန်ကန် သူ့အားအထင်လွဲနေကြောင်း နားလည်လိုက်ပါပြီ။
" ငါစိတ်တွေရှုပ်ထွေးနေတယ်ဆိုတာကလည်း Matthewကို ငါ့ညီလေးတစ်ယောက်လို သူငယ်ချင်းလို ချစ်တာမင်းလည်းသိပါတယ်။ ငါ့ဘဝမှာ အယုံကြည်ရဆုံးသူတွေထဲမှာဆို မင်းရယ် Matthewရယ် ပါတယ် "
" Yeriကရော "
Rickyကမေးလာတော့ Jiwoongက တစ်ချက်ပြုံးမိလိုက်ကာ
" Yeriက မတူဘူး "
" ဘယ်လိုမတူတာလဲ "
Jiwoongက ချက်ချင်းပြန်မဖြေသေး။ လေတိုက်လို့လှုပ်ခတ်သွားသည့် ကန်ရေပြင်ကို ခဏငေးကြည့်လိုက်ကာ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွလေးချလိုက်သည်။
" ငါတစ်ခုခုဖြစ်ရင် Matthewနဲ့မင်းက ငါ့ဘက်မှာရှိနေပေးမယ်ဆိုပေမဲ့ Yeriကရှိနေပေးမှာမဟုတ်ဘူးဆိုတာ ငါသိနေတယ် Ricky..."
" မင်း ဘာကြောင့် Yeriကို အဲ့လိုတွေးထင်နေရတာလဲ ဒါဆို ဘာလို့များတွဲခဲ့သေးလဲ "
" ငါဆိုလိုချင်တာ မကောင်းတဲ့သဘောအနေနဲ့မဟုတ်ဘူး Ricky! မင်းတို့ကတော့ Yeriကိုခဏပဲခင်မင်ဖူးတော့ သူ့အကျင့်စရိုက်ဘယ်လိုမှန်းသေချာမသိဘူး။ ငါကတွဲနေရတဲ့သူဆိုတော့သေချာသိတယ်။ "
Jiwoongရဲ့ ပြောစကားများကို Rickyစိတ်ဝင်တစားဖြင့် နားထောင်နေမိသည်။ ပုံမှန်ဆို သူ့ကောင်မလေးနှင့် ပတ်သက်ပြီးဘာမှသိပ်မပြောတတ်သည့်သူက ဒီနေ့မှဘယ်လိုဖြစ်တယ်ရယ်မသိ။
" Yeriကလေ အားလုံးထက်သူ့ကိုယ်သူ အရင်ဂရုစိုက်မဲ့သူမျိုး၊ သူ့ကိုယ်သူပိုချစ်တာမျိုး။ မင်းတို့လည်း မင်းတို့ကိုယ့်ကို ချစ်တယ်ဆိုပေမဲ့ တစ်ဖက်သားကိုတွေးပေးတတ်သေးတယ်။ Yeriကတော့ အဲ့လိုမဟုတ်ဘူး။ Matthewနေပူလို့ခေါင်းကိုက်မှာထက် သူ့vlogတို့ ဓာတ်ပုံတို့ ပုံထွက်လှဖို့က ပိုအရေးကြီးနေတာမျိုးလေ "
Rickyကထိုမှသာ ခေါင်းလေးတစ်ငြိမ့်ငြိမ့်ဖြင့် နားလည်သဘောပေါက်ကြောင်းဖော်ပြလာသည်။
" မင်းတို့အခုတွဲနေတာ ငါးလကျော်ပြီမလား "
" အင်း ခုနှစ်လပြည့်တော့မယ် "
" မင်းဘက်ကပဲဖြည့်တွေးပေါ့ကွာ မင်းYeriနဲ့တွဲဖို့ဆုံးဖြတ်ခဲ့တာ မင်းရွေးချယ်မှုမလို့ ငါဘာမှမပြောလိုပေမဲ့ ရွေးချယ်ပြီးသားကိုတော့ အကောင်းဆုံးလုပ်ပေါ့။ အေး..ဒါပေမဲ့တစ်ခုတော့မှတ်ထားနော် "
အစပိုင်းစကားကတော့ သူငယ်ချင်းကိုအားပေးသည့်စကားမလို့ လေပြေချိုအေးနေပေမဲ့ နောက်ဆက်လာသည့်တစ်ကြောင်းက အနည်းငယ်တော့ ပြင်းထန်သည်မလို့ Jiwoong Rickyဘက်ကိုလှည့်ကြည့်မိကာ
" ပြောလေ "
" မင်း Matthewကိုတော့ နာကျင်ရအောင်မလုပ်မိစေနဲ့။ Matthewကြောင့်နဲ့ မင်းတို့ပြဿနာတက်ဖို့ဆိုတာမဖြစ်နိုင်ပေမဲ့ အဲ့လိုအခြေအနေမျိုးဖြစ်အောင် ဖန်တီးတတ်ကြတယ်ဆိုတာကိုလည်း မမေ့နဲ့ "
Rickyရဲ့ စကားကဘာကိုဆိုလိုမှန်းသဘောပေါက်သည်မလို့ Jiwoongခေါင်းငြိမ့်ပြသည်။
" အေးပါ ငါနားလည်ပါတယ် "
သို့နှင့် ကောင်လေးနှစ်ယောက်ရဲ့ ရေကူးကန်နားက စကားဝိုင်းလေးဟာ အဆုံးသတ်သွားသလို Jiwoongကလည်း Yeriနှင့် ဖုန်းပြောရဦးမှာမလို့ Rickyကို နှုတ်ဆက်ကာ အရင်ထသွားလေသည်။
ကျန်ခဲ့သူ Rickyက အအေးကိုဆက်လက်သောက်ကာ ကန်ရေပြင်ကိုအကြောင်းမဲ့ ငေးနေမိပြန်သည်။
သူလည်း ခံစားချက်တွေရှုပ်ထွေးနေရပါသည်။ အချစ်ဆုံးသူငယ်ချင်းကို အချစ်ဆုံးညီလေးလိုခင်ရသည့်သူက ချစ်မိနေကြောင်းဖွင့်ပြောထားသည်တဲ့လေ။
သူနှင့်တော့ တိုက်ရိုက်မဆိုင်ပေမဲ့ သူငယ်ချင်းတွေဖြစ်နေသည်မလို့ သူလည်း စိတ်ရှုပ်ထွေးနေရပါသည်။
*Ring Ring*
Jiwoongပြောခဲ့သည်များကို တွေးရင်း ဖုန်းမြည်လာတော့ ကြည့်လိုက်တာ Matthewဖြစ်နေသည်။ သြော်....တိုက်ဆိုင်တတ်ပါပေ။
" ပေါင်ပေ့ ပြော! "
" ဟာ....အဲ့ပေါင်ပေ့ဆိုတာကြီး ခေါ်ပြန်ပြီ မခေါ်ပါနဲ့ဆိုတာကို! "
ဖုန်းစကိုင်သည်နှင့် Helloတောင် မကြားရတော့ဘဲ တန်းစွာနေသည့် ပေါင်ပေ့ အယ်လေ...Matthewရယ်ပါ။ Rickyက ချစ်စနိုးနဲ့ တရုတ်လို ကလေးလေးလို့ခေါ်သည်ကို သဘောမကျဘူးထင်ပ။
" အင်းပါ မခေါ်တော့ဘူး။ အခုဖုန်းဆက်တာဘာလို့လဲ ပြော "
" ဟို...ဒီည Hyungက Geဆီမှာ အိပ်တာမလား "
" အင်း ဟုတ်တယ် "
" သူအခု အနားမှာရှိနေလား "
" မရှိပါဘူး Jiwoongက အခု သူ့အခန်းထဲသွားလိုက်ပြီ ဘာမေးချင်လို့လဲ မေးလေ "
Rickyက Matthew အကြောင်းကိုသိနေသည့်နှယ်။
" ဟိုဟာ......Hyungက ကျွန်တော့်အကြောင်းပြောသေးလား "
သြော်....နောက်ဆုံးတော့ ဒီကောင်လေးဖုန်းဆက်ရသည့်အကြောင်းအရင်းကို Rickyကောင်းကောင်းသိလိုက်ပါသည်။
" ပြောဖြစ်တယ် Matthewက Jiwoongကို ဖွင့်ပြောမိလိုက်တယ်ဆို "
အစကတော့ တစ်ဖက်မှငြိမ်ကျသွားပေမဲ့ နောက်တော့မှ
" အင်း...............မထင်မှတ်ဘဲ ပြောဖြစ်သွားတယ် Ge အဲ့တာ ကျွန်တော်ဘယ်လိုလုပ်ရတော့မလဲ... Hyungက ရပါတယ် ဒါကြောင့်နဲ့ ကျွန်တော်တို့ကြားက သံယောဇဥ်ကိုဖြတ်လို့မရပါဘူး ဘာညာသာပြောနေတာ တစ်ကယ်တမ်း သူ့စိတ်ထဲမှာ ကျွန်တော်ကသူ့ကိုချစ်နေမိလို့ဆိုပြီး မသိမသာရှောင်ဖယ် ရှောင်ဖယ်တွေ လုပ်နေရင်ရော အားး.....အဲ့လိုဆို ကျွန်တော် တစ်ကယ်ရူးသွားလိမ့်မယ်ထင်တယ် Geရယ်......ကျန်တာမစိုးရိမ်ပေမဲ့ Hyung ငြိုငြင်မှာကို စိုးရိမ်မိတယ်......."
"..........."
Matthewကသာ တရစပ် ပြောနေပေမဲ့တစ်ဖက်မှ Rickyက ဘာစကားမှမပြောလာတော့တာကြောင့် ဖုန်းလိုင်းများကျသွားသလားဟု Matthewမယ် ပြန်စစ်ရသေးသည်။
" Hello! Ge! GeGe! Ricky Ge! ကြားလား ကျွန်တော်ပြောတာကို "
" Matthew! "
တစ်ဖက်မှ ဖုန်းဖြေသံကိုကြားလိုက်ရသည့်အချိန်မှာတော့ ဖုန်းကိုင်ထားသူ Matthewတစ်ယောက် ကြက်သီးမွှေးညှင်းများထသွားရပါတော့သည်။
အကြောင်းကား ဖုန်းဖြေလိုက်သည့် တစ်ဖက်လူမှာ Rickyမဟုတ်ဘဲ Jiwoongဖြစ်နေခြင်းကြောင့်ပင်။
__________________________________________
Thanks for reading🌸
Zawgyi ver.
[ ခံစားခ်က္တို႔မည္သည္ ရႈပ္ေထြးလာေသာအခါ....]
အရာအားလုံးဟာ ပုံမွန္ပါပဲ။ အခ်ိန္မွီေျပးဆြဲေနၾကတဲ့ busကားေတြ ေျမေအာက္မီးရထားေတြ Taxiေတြ အကုန္သူတို႔ ပုံမွန္အတိုင္း ေျပးဆြဲေနၾကသည္။ ႐ုံးသြားသည့္သူကသြား ေက်ာင္းသြားသူကသြား သင္တန္းသြားသည့္သူကသြား။
အပင္ေပၚမွ ႐ြက္ေဟာင္းေတြေႂကြလို႔ ႐ြက္သစ္တို႔လည္း ေဝခဲ့ၿပီ။ ပန္းပင္ေလးေတြဟာလည္း ပြင့္ခ်ိန္ပြင့္ၾကကုန္ၿပီ။
အရာအားလုံးဟာ သူဟာႏွင့္ သူ႕အလုပ္သူလုပ္၍ လည္ပတ္ေနၾကသည္မွာ ပုံမွန္ပင္။
Matthewတို႔ေက်ာင္းေတာ္ႀကီးဟာလည္း ပုံမွန္ကဲ့သို႔။ ထူးထူးျခားျခားဘာမွ်မရွိ။ ထိုနည္းတူစြာ Jiwoongႏွင့္ Matthewတို႔၏ ႏွစ္ေယာက္ၾကားက ဆက္ဆံေရးေလးဟာလည္း ပုံမွန္အတိုင္းပင္။
Jiwoongဟာ သူ႕ရင္ခြင္ထဲကို စိတ္ကူးေပါက္လွ်င္ေပါက္သလို Matthewကို ထည့္တတ္စၿမဲ။ Matthewကလည္း ခ်စ္မိေနစၿမဲ။ ဖြင့္ေျပာလိုက္ရလို႔ ေပါ့ပါးသြားသည္ဆိုေပမဲ့ တစ္ေန႕က် ဒီခံစားခ်က္ႀကီး မရွိေတာ့ေအာင္လည္း လုပ္မိခ်င္ပါေသးသည္။
............
ေန႕ခင္းထမင္းစားခ်ိန္ဟာ အေဖလည္းမတူ အေမလည္းမတူ ညီအစ္ကိုသုံးေယာက္၏ စကားဝိုင္းႏွင့္ စိုေျပလ်က္ရွိသည္။ သာလိကာေလးက အပင္ႀကီးေပၚမွာ ပိက်ိပိက်ိေအာ္ျမည္သည္ကို သက္ရွိအပင္ႀကီးက မလႈပ္ေပမဲ့ ၿငိမ္ၿငိမ္ေလး နားေထာင္ေနသကဲ့သို႔ပင္။
Matthewက သာလိကာေလးလို စကားေဖာင္ဖြဲ႕ေျပာေနသည္ကို ၿငိမ္ၿငိမ္ေလး နားေထာင္ေနၾကသည္မွာ သက္ရွိအပင္ႀကီး Jiwoongႏွင့္ Rickyျဖစ္သည္။
" အဲ့တာေလ သိလား သူ႕ကိုဆရာမက အဲ့လိုေျပာရေကာင္းလားဆိုၿပီး အတန္းေရွ႕ထြက္ၿပီး ဒိုက္ထိုးခိုင္းတာ ခႏၶာကိုယ္က မေ႐ြ႕ဘဲ တင္ပါးကပဲ လႈပ္ေနလို႔ တစ္ခန္းလုံးဝိုင္းရယ္ၾကေရာ "
ဒီေန႕ ေန႕ခင္းထမင္းစားခ်ိန္မတိုင္ခင္ အတန္းထဲမွာျဖစ္ပ်က္ခဲ့သည့္ အေၾကာင္းအရာအား ဟက္ဟက္ပက္ပက္ရယ္ေမာရင္း ျပန္ေျပာေနသည့္ Matthewရယ္ပါ။
ေျပာရင္းဆိုရင္း ရယ္မိကာ မီေယာဂုဟင္းရည္ကိုတစ္ဇြန္းခပ္ေသာက္မိေတာ့ သီးပါေတာ့သည္။
" အဟြတ္ အဟြတ္! "
" ေဟာ...ၾကည့္ ရယ္ရင္းနဲ႕သြားေသာက္တာကို "
Jiwoongကေျပာရင္းဆိုရင္း ေရဘူးကမ္းေပးသလို ေပသြားသည္ကို Rickyကလည္း တစ္ရႉးယူကာ သုတ္ေပးသည္။ အမယ္...ဒီလိုအစ္ကိုႏွစ္ေယာက္ရွိတာ မဆိုးဘူးပဲ။
" ေနာက္ဆို ဒီေပါင္ေပ့ကို ထမင္းပါခြံ႕ေကြၽးရေတာ့မယ္ထင္တယ္ "
" အဲ့ေလာက္ထိေတာ့ မလိုပါဘူး အခန့္မသင့္လို႔သီးတာပါ ဒါနဲ႕ မၾကာခင္ Hyungတို႔ CSATေျဖရေတာ့မွာမလား "
" အာ......အဲ့အေၾကာင္းကိုေမ့ထားပါတယ္ဆို "
Jiwoongကေျပာေတာ့ Rickyက ေစြၾကည့္လာသည္။
"ေၾကာက္ပါတယ္ အကိုRicky Shenရယ္ ကြၽန္ေတာ္မ်ိဳး စာလုပ္ပါ့မယ္ "
" Hyungက တကၠသိုလ္ေကာင္းေကာင္းမတက္ခ်င္ဘူးလား "
" အင္း....တက္ခ်င္တာေပါ့ Rickyကေတာ့ Seoul universityကို အတူတူဝင္ၾကမယ္တဲ့ "
" Hyungေရာ Geေရာ ကြၽန္ေတာ့္ထက္ဉာဏ္ေကာင္းၾကတာပဲ ႀကိဳးစားႀကိဳးစား "
တစ္လက္စတည္း Rickyက
" ငါ့အိမ္ကလည္း Seoul universityမွာစီးပြားေရးေမဂ်ာယူၿပီး တက္ေစခ်င္တာ မင္းတို႔သိတဲ့အတိုင္းပဲ ဒါေပမဲ့ ငါတစ္ေယာက္တည္းျဖစ္ေနမွာစိုးလို႔ Jiwoongကိုပါ ရေအာင္ စာႀကိဳးစားခိုင္းေနတာ ဒီေကာင္က ဉာဏ္ေကာင္းသေလာက္ အပ်င္းႀကီးတယ္ "
" မင္းကလည္း ငါ့ဆို ေျပာဖို႔ေလာက္ပဲ "
" မဟုတ္လို႔လား မင္းက "
အမွန္တရားဆိုေတာ့လည္း Jiwoongမွ ပါးစပ္ပိတ္လိုက္ရပါေတာ့သည္။ Matthewကေတာ့ သူေရွ႕မွာ ရွိေနသည့္ ႏွစ္ေယာက္အား သိပ္မၾကာခင္ ခြဲခြာရေတာ့မည့္ အေၾကာင္းကိုေတြးရင္း ဝမ္းနည္းမိသေယာင္။
ႏွစ္ေယာက္လုံးက Matthewထက္အတန္းႀကီးေတာ့ ေသခ်ာေပါက္ Matthewထက္အရင္ တကၠသိုလ္တက္ရမည္ေလ။ သူတို႔က အမွတ္မွီလို႔ Seoul university ကိုဝင္ခြင့္ရသြားတယ္ပဲထား။ Matthewက သူတို႔ေလာက္စာမလုပ္နိုင္ေတာ့ ဝင္ခြင့္ရပါ့မလားမသိ။
သည္လိုႏွင့္ တစ္သီးတစ္ျခားစီကြဲသြားၾကၿပီး သူစိမ္းေတြျဖစ္သြားၾကမွာမ်ားလားဆိုသည့္ ကေလးအေတြးႏွင့္ ငိုင္ကာ ေရွ႕က စကားမ်ားေနသည့္ ႏွစ္ေယာက္ကိုပင္ နားမေထာင္နိုင္ေတာ့ဘဲ က်န္ရွိေနသည့္ ထမင္းကိုသာ ဆက္စားေနလိုက္သည္။
.............
" Ricky! ငါမင္းအိမ္မွာဒီေန႕ စာအတူလိုက္လုပ္မလို႔ "
အတန္းဆင္းေတာ့ စာအုပ္ေတြသိမ္းေနရင္း Jiwoongက ေျပာလာျခင္းျဖစ္သည္။
" ငါလည္း မင္းကိုေျပာေတာ့မလို႔ ဒီရက္ပိုင္းေတြ ငါ့အိမ္မွာအတူစာလုပ္မယ္ဆိုၿပီး "
" ေအး ၿပီးေတာ့ ငါမင္းကို ေျပာျပစရာေလးလည္း ရွိလို႔ကြာ "
ေတြးေတြးဆဆေျပာလာသည့္ Jiwoongရဲ႕ စကားေၾကာင့္ Rickyက ၾကည့္မိလိုက္သည္။ ဘယ္လိုအေၾကာင္းအရာမ်ိဳး ျဖစ္မလဲဆိုတာ ခန့္မွန္းမိေပမဲ့ မွန္ခ်င္မွ မွန္မွာမလို႔ သူထုတ္မေမးေတာ့ေခ်။
Ricky အိမ္ကိုေရာက္ေတာ့ ႏွစ္ေယာက္သား ေရမိုးခ်ိဳး ညစာစားၿပီးသည္ႏွင့္ စာအတူတူလုပ္ၾကသည္။ Jiwoongက လာေနၾကမလို႔ Rickyအိမ္မွာပါ Jiwoongအတြက္ဆိုၿပီး Rickyမိဘေတြ အခန္းတစ္ခန္းလုပ္ေပးထားပါေသးသည္။
မိဘအခ်င္းခ်င္းကလည္း စီးပြားဖက္ေတြဆိုေတာ့ ႏွစ္ေယာက္သားလည္း ရင္းႏွီးၾကသည္ကို ဝမ္းသာၾကပါသည္ေလ။
ညစာစားၿပီး ေျခာက္နာရီေလာက္ကတည္းက စာအတူတူလုပ္လိုက္ၾကတာ ညကိုးနားရီထိုးခါနီးေတာ့ ႏွစ္ေယာက္သားလည္း တစ္ေနကုန္ ေက်ာင္းမွာေရာ အခုအိမ္မွာပါ စာထပ္လုပ္ရတာမလို႔ အနည္းငယ္ေတာ့ ပင္ပန္းေနၿပီျဖစ္သည္။
" အားးး.......စာလုပ္ရတာပင္ပန္းလိုက္တာ "
Jiwoongက Rickyအိပ္ယာေပၚ လွဲခ်ရင္း ညည္းလိုက္သည္။
" မပင္ပန္းရေအာင္ ငါတို႔က တစ္နဲ႕တစ္ေပါင္း ႏွစ္ ဆိုတဲ့ ပုစ္ဆာေတြ သင္ေနရတဲ့အတန္းမွ မဟုတ္ေတာ့တာ "
" အင္းပါ အေဖရယ္....ဆူမယ္ဆိုတာခ်ည္းပဲ မင္းနဲ႕စာလုပ္ရင္ အၿမဲတမ္း အဆူခံေနရတာ Matthewနဲ႕ စာလုပ္ရင္ Hyungပင္ပန္းေနရင္ နားေတာ့ေလ Hyungအေအးေလးေသာက္မလား Hyung cakeစားခ်င္လား နဲ႕ စာလုပ္ရတာ စိတ္ခ်မ္းသာေအာင္ ေျပာေပးတာ "
" အဲ့တာ Matthewက မင္းကိုခ်စ္ေနလို႔ေလ ငတုံးရဲ႕ "
ဤစကားအား Ricky စိတ္ထဲကေနသာေျပာမိလိုက္ပါသည္။ တစ္ကယ္တမ္းအျပင္မွာထြက္လာသည့္ စကားကတစ္ျခား။
" Matthewကေတာ့ ငါတို႔ထက္တစ္တန္းငယ္တာကိုး အဲ့ေတာ့စာေအးေဆးလုပ္လို႔ရေသးတယ္ေလ "
" အင္း.....ဒါနဲ႕ Ricky! "
အိပ္ယာေပၚ လွဲေနရာမွ ႐ုတ္တစ္ရက္ထလာရင္း
" ငါ မင္းကိုေျပာျပစရာရွိတယ္ဆိုတာေလ..."
" ခဏ ငါတို႔ ေရကူးကန္နားသြားၾကမလား "
" ေအး အဲ့နားဆို အိမ္ကအေစာင့္ေတြနဲ႕လည္း ေဝးတယ္ သြားရေအာင္ "
Rickyက နားလည္ေၾကာင္းေခါင္းၿငိမ့္ျပလိုက္ၿပီး အတူတူအခန္းထဲမွ ထြက္လာလိုက္ၾကသည္။ အခန္းေရွ႕မွာ အသီးသီး သူ႕ေနရာႏွင့္ သူ ေစာင့္ေနၾကသည့္ Rickyအေဖရဲ႕ လူေတြကိုျမင္ေတာ့ Rickyက
" ဦးေလးဝမ္ "
" ဟုတ္ကဲ့ သခင္ေလး ဘာမ်ားအလိုရွိပါလဲခင္ဗ် "
" ကြၽန္ေတာ္နဲ႕ Jiwoongအတြက္ အေအးတစ္ခြက္စီနဲ႕ မုန့္လာခ်ေပးဖို႔ အန္တီခ်င္းခ်င္းတို႔ကိုေျပာေပးပါဦး ေရကူးကန္နားမွာရွိမယ္လို႔ "
" ဟုတ္ကဲ့ပါသခင္ေလး "
" ေက်းဇူးပါ ဦးေလးဝမ္ "
Rickyတို႔အိမ္က ခ်မ္းသာသည္ဟုပင္ မေျပာရ။ အိမ္ကလည္း ႀကီးသလို ၿခံဝန္းကလည္း အက်ယ္ႀကီးပင္။ မ်ိဳးရိုးစဥ္ဆက္အလိုက္ ခ်မ္းသာၾကသည္မလို႔ ေဆြႀကီးမ်ိဳးႀကီးထဲကဟု ေျပာလို႔ရပါသည္။
Rickyတို႔အိမ္၏ အေနာက္ဘက္တြင္ ေရကူးကန္တစ္ကန္လည္းရွိေသးသည္။ သာမန္သူေဌးေတြအိမ္မွာရွိသည့္ ေရကူးကန္လိုမဟုတ္ဘဲ ေဆာက္ထားတာ အေတာ္ေလးကို အေသးစိတ္ၿပီး လွပသည့္ ေရကူးကန္ျဖစ္သည္။ ညဘက္ေတြဆို ကန္ေရျပင္ႏွင့္ ေကာင္းကင္ေပၚက လေရာင္ဟာ အလြန္လိုက္ဖက္လ်က္။
Jiwoongက Rickyတို႔အိမ္ကို လာအိပ္ေလ့ရွိတိုင္း ညမအိပ္ခင္ ႏွစ္ေယာက္သား ထိုေရကူးကန္နားတြင္ ထိုင္ကာ စကားစျမည္ေျပာေလ့ရွိၾကသည္။ သူတို႔ရဲ႕ ကိုယ္ပိုင္ေနရာေလးလိုေပါ့။
သူတို႔ထိုင္ၿပီး သိပ္မၾကာလိုက္ အန္တီခ်င္းခ်င္းက အေအးႏွင့္ မုန့္လာပို႔ေပးသည္။
" ေက်းဇူးပါ အန္တီခ်င္းခ်င္း "
ႏွစ္ေယာက္လုံးေက်းဇူးစကားဆိုလိုက္ၾကသည္။ Ricky၏ စိတ္ဓာတ္တြင္ Jiwoongအႀကိဳက္ဆုံးက Rickyက သူတို႔အိမ္မွ အလုပ္သမားေတြကိုလည္း တန္းတူေလးစားတာပင္ျဖစ္သည္။ သူေဌးသားဆိုၿပီး ဟိတ္ဟန္ထုတ္တာမ်ိဳးလည္းမရွိ။ ႏွိမ္ခ်ၿပီးလည္းမဆက္ဆံ။
လူတစ္ကာကို ေက်းဇူးတင္ပါတယ္ လို႔မေျပာတတ္သည့္ Jiwoongေတာင္ Rickyႏွင့္က်မွ တစ္ခုခုဆို အရာရာကိုေက်းဇူးတင္ရမယ္မွန္း သိလာျခင္းျဖစ္သည္။
" ကဲ ေျပာ မင္းဘာေျပာမွာလဲ "
Rickyက အေအးကိုထည့္ေပးရင္းေမးလိုက္သည္။
Jiwoongက ခ်က္ခ်င္းျပန္မေျဖေသးဘဲ ငွဲ႕ေပးထားသည့္ အေအးကိုအရင္ေသာက္လိုက္ကာ သက္ျပင္းဖြဖြေလးခ်မိသည္။
" မင္းေျပာမဲ့အေၾကာင္းအရာက Matthewနဲ႕ ပတ္သက္ေနတယ္မလား "
ထိုအခါ Rickyကို လွည့္ၾကည့္လာသည့္ Jiwoong။
" မင္း....ဘယ္လိုသိတာလဲ "
" ဒီအတိုင္းခန့္မွန္းၾကည့္တာပါ မွန္သြားတာပဲ "
" အင္း.......ဟုတ္တယ္ Matthewနဲ႕ ပတ္သက္တယ္ "
" ေျပာပါဦး ဘာအေၾကာင္းမ်ားလဲလို႔ "
Jiwoongက တစ္ခုခ်င္းစီေသခ်ာစြာ Rickyအား ေျပာျပလာေတာ့သည္။
" Matthewက အခုရက္ပိုင္းမွ အရင္လိုျပန္ျဖစ္လာတယ္ဆိုေပမဲ့ အရင္ရက္ေတြတုန္းက ငါ့ကိုဆို တစ္မ်ိဳးဆက္ဆံတယ္ကြာ "
" ဘယ္လိုမ်ိဳးလဲ "
" ငါ့အနားေရာက္ရင္ ဟန္ေဆာင္ေနသလိုပုံစံမ်ိဳးကြာ မင္းနဲ႕ဆိုရင္ စိတ္လြတ္လက္လြတ္ေပ်ာ္ပါးေပမဲ့ ငါနဲ႕ဆို အဲ့လိုမဟုတ္ေတာ့တာ သတိထားမိလာတာၾကာၿပီ။ ငါတို႔ စပါကတီသြားစားတဲ့ေန႕ကလည္း waiterေကာင္နဲ႕က် ၿပဳံးၿဖီးေနၿပီး ငါ့ကိုက် ျပန္ခံေျပာေနတာေလ "
Rickyက နားေထာင္ရင္း အသာေလးေခါင္းၿငိမ့္မိလိုက္သည္။
" အဲ့တာနဲ႕ ငါလည္း မင္းျပန္ပို႔ေပးမယ္ဆိုတာေတာင္ Matthewကိုငါေခၚသြားမယ္ေျပာတာေရာ္ အဲ့တာ ငါသူ႕ကို ၿမိဳ႕စြန္ဘက္ ခဏေခၚသြားတာ "
" အဲ့အထိေတာင္ ေရာက္သြားတာလား "
" ေအး ေရာက္တတ္ရာရာ ေမာင္းလိုက္တာ ၿမိဳ႕စြန္ေရာက္သြားတာပဲ အဲ့တာ ငါနဲ႕Matthewနဲ႕ စကားမ်ားၾကတယ္ကြာ အဲ့လိုနဲ႕....ငါက Matthewကို ဘာလို႔အဲ့လိုေျပာင္းလဲလာတာလို႔ေမးေတာ့ ဘာေျဖတယ္ထင္လဲ "
" ......... "
" ငါ့ကို ခ်စ္မိေနလို႔တဲ့ေလ အဲ့ေကာင္ေလးက ငါ့ကိုခ်စ္မိေနလို႔ ပိုပိုၿပီးခ်စ္မိလာမွာစိုးလို႔ သူစိတ္ေတြကို ထိန္းေနတာတဲ့ "
Jiwoongရဲ႕ စကားအဆုံးမွာေတာင္ Rickyက မည္သို႔မွ် အံ့ၾသျခင္းတုံ႕ျပန္မႈကို မေပးတာမလို႔
" မင္း သိေနခဲ့တာလား Ricky "
" အင္း....."
" Matthewေျပာျပတာလား "
" မဟုတ္ဘူး သူမေျပာျပေသးခင္ကတည္းက ငါရိပ္မိတာ ေမးၾကည့္လိုက္ေတာ့မွ ဟုတ္ေၾကာင္းေျပာျပလာတာ သူကမင္းသိမွာစိုးလို႔ ငါ့ကိုေတာင္ အဲ့အေၾကာင္းမေျပာျပခဲ့ဘူး "
" ေၾသာ္....."
သို႔ႏွင့္ ႏွစ္ေယာက္လုံး အေအးကိုယ္စီေသာက္လိုက္ၾကၿပီး အေတြးကိုယ္စီျဖင့္ ခဏတာ ဆိတ္ၿငိမ္သြားၾကျပန္သည္။
လေရာင္ထင္ဟပ္ေနသည့္ အျပာေရာင္ ကန္ေရျပင္အား အေၾကာင္းမဲ့စြာ ႏွစ္ေယာက္သားၾကည့္ေနရင္း ေသာက္ေနသည့္ အေအးတို႔ဟာလည္း ကုန္လုဆဲပင္။
တိတ္ဆိတ္မႈႀကီးစိုးေနသည္ကို စၿဖိဳခြဲလိုက္သူက Jiwoong ပင္။
" ငါ....ကိုယ့္ကိုယ္ကို ေဒါသထြက္မိတယ္သိလား......အဲ့ေန႕တုန္းကဆိုေလ Matthewကေျပာၿပီး ငါ့ရင္ခြင္ထဲမွာ ငိုေနခဲ့တာ အဲ့ေကာင္ေလး အဲ့ေလာက္ထိ ရွိုက္ႀကီးတစ္ငင္ ငိုတာ ငါအဲ့တစ္ခါပဲ ေတြ႕ဖူးတယ္။ အၿမဲတမ္း ၿပဳံးေပ်ာ္ေနတတ္တဲ့ ေကာင္ေလးက ငါ့ေၾကာင့္နဲ႕ငိုရတယ္ဆိုတဲ့ အသိကေလ ငါ့ကိုယ္ငါ အေတာ္ေလးေဒါသထြက္ေစတယ္ "
" ဒါဆို မင္း ဘယ္လိုခံစားရလဲ Matthewက မင္းအေပၚ ခ်စ္မိေနတယ္ဆိုေတာ့ "
Rickyေမးခ်င္တဲ့ေမးခြန္းရဲ႕ ဆိုလိုရင္းကို သေဘာေပါက္တာမလို႔
" ငါ ၾကားၾကားခ်င္းေတာ့ အံ့ၾသသြားတာေပါ့ ဒါေပမဲ့ သူစငိုတဲ့အခ်ိန္မွာ ငါဘယ္လိုမွ မခံစားနိုင္ဘူး ငါ့ေၾကာင့္နဲ႕ သူငိုရတာမ်ိဳးကိုမလိုလားဘူး။ သူငါ့ကို ႀကိဳက္ပိုင္ခြင့္ရွိပါတယ္ ဒါသူ႕လြတ္လပ္ခြင့္ေလ ဘယ္သူမွ ထိန္းေပးလို႔ရတဲ့အရာမွမဟုတ္တာ။ အဲ့အတြက္ေၾကာင့္ေလးနဲ႕ေတာ့ ငါတို႔ရဲ႕ သံေယာဇဥ္ကိုအပ်က္မခံနိုင္ပါဘူး "
" အင္း.....မင္းေျပာတာလည္းဟုတ္ပါတယ္ ဒါေပမဲ့ Yeriနဲ႕အတူတူ အျပင္ထြက္ရင္ Matthewကို ေခၚသြားတာမ်ိဳးမလုပ္နဲ႕ေတာ့။ မင္းလည္းအခုသိသြားၿပီပဲ အဲ့တာဆို Matthew အေနခက္မယ္ဆိုတာ မင္းသေဘာေပါက္ေလာက္ပါၿပီ Yeriကိုလည္း အက်ိဳးသင့္အေၾကာင္းသင့္ရွင္းျပထားလိုက္ေပါ့ "
" ေအးပါ Yeriက ဇြတ္ေတာင္းဆိုရင္ေတာ့ မင္းလည္းအားတဲ့အခါက် လိုက္ခဲ့ေပးေပါ့ "
Rickyက ေခါင္းၿငိမ့္ျပလိုက္သည္။
" ငါမင္းကို အမွန္တိုင္းတစ္ခုေလာက္ေျဖေစခ်င္တယ္ Jiwoong "
" ဘာလဲ ေမးေလ "
" အကယ္လို႔သာေပါ့... အကယ္လို႔ မင္းမွာသာ Yeriနဲ႕တြဲေနတဲ့အေျခအေန မဟုတ္ခဲ့ဘူးဆိုရင္ေရာ... Matthewကို လက္ခံေပးမွာလား "
" မင္းေမးခ်င္တာက ငါ Matthewကို တြဲဖို႔လက္ခံေလာက္မလားေပါ့ "
" အင္း...... "
" ေသခ်ာမေျပာတတ္ေတာ့ပါဘူးကြာ အမွန္တိုင္းဝန္ခံရရင္ ငါစိတ္ေတြရႈပ္ေထြးေနတာ အားႀကီးပဲ။ "
" ေဟ်ာင့္! မင္း ႏွစ္ေယာက္ကို တစ္ၿပိဳင္တည္းေတာ့ တြဲလို႔မရဘူးေနာ္ "
Rickyရဲ႕ အထင္လြဲေနမႈေၾကာင့္ Jiwoongမယ္ ျပာျပာသလဲရွင္းျပရသည္။
" ဟာ....မင္းကလည္း အဲ့လိုမဟုတ္ပါဘူးကြာ ငါႏွစ္ေယာက္လုံးအေပၚ နာက်င္ရတဲ့အထိေတာ့မလုပ္ပါဘူး ၿပီးေတာ့ တစ္ၿပိဳင္တည္းတြဲရေလာက္တဲ့အထိ ငါ့စိတ္ဓာတ္မညံ့ဖ်င္းေသးပါဘူးကြာ "
" ေအးပါ မင္းက စိတ္ရႈပ္ေထြးေနတယ္ဆိုေတာ့ Matthewအေပၚလည္းစိတ္ရွိ Yeriကိုလည္းမစြန့္လႊတ္နိုင္ အဲ့လိုေတြျဖစ္ေနသလားလို႔ပါ "
Rickyက အမွန္ကန္ သူ႕အားအထင္လြဲေနေၾကာင္း နားလည္လိုက္ပါၿပီ။
" ငါစိတ္ေတြရႈပ္ေထြးေနတယ္ဆိုတာကလည္း Matthewကို ငါ့ညီေလးတစ္ေယာက္လို သူငယ္ခ်င္းလို ခ်စ္တာမင္းလည္းသိပါတယ္။ ငါ့ဘဝမွာ အယုံၾကည္ရဆုံးသူေတြထဲမွာဆို မင္းရယ္ Matthewရယ္ ပါတယ္ "
" Yeriကေရာ "
Rickyကေမးလာေတာ့ Jiwoongက တစ္ခ်က္ၿပဳံးမိလိုက္ကာ
" Yeriက မတူဘူး "
" ဘယ္လိုမတူတာလဲ "
Jiwoongက ခ်က္ခ်င္းျပန္မေျဖေသး။ ေလတိုက္လို႔လႈပ္ခတ္သြားသည့္ ကန္ေရျပင္ကို ခဏေငးၾကည့္လိုက္ကာ သက္ျပင္းတစ္ခ်က္ကို ခပ္ဖြဖြေလးခ်လိဳက္သည္။
" ငါတစ္ခုခုျဖစ္ရင္ Matthewနဲ႕မင္းက ငါ့ဘက္မွာရွိေနေပးမယ္ဆိုေပမဲ့ Yeriကရွိေနေပးမွာမဟုတ္ဘူးဆိုတာ ငါသိေနတယ္ Ricky..."
" မင္း ဘာေၾကာင့္ Yeriကို အဲ့လိုေတြးထင္ေနရတာလဲ ဒါဆို ဘာလို႔မ်ားတြဲခဲ့ေသးလဲ "
" ငါဆိုလိုခ်င္တာ မေကာင္းတဲ့သေဘာအေနနဲ႕မဟုတ္ဘူး Ricky! မင္းတို႔ကေတာ့ Yeriကိုခဏပဲခင္မင္ဖူးေတာ့ သူ႕အက်င့္စရိုက္ဘယ္လိုမွန္းေသခ်ာမသိဘူး။ ငါကတြဲေနရတဲ့သူဆိုေတာ့ေသခ်ာသိတယ္။ "
Jiwoongရဲ႕ ေျပာစကားမ်ားကို Rickyစိတ္ဝင္တစားျဖင့္ နားေထာင္ေနမိသည္။ ပုံမွန္ဆို သူ႕ေကာင္မေလးႏွင့္ ပတ္သက္ၿပီးဘာမွသိပ္မေျပာတတ္သည့္သူက ဒီေန႕မွဘယ္လိုျဖစ္တယ္ရယ္မသိ။
" Yeriကေလ အားလုံးထက္သူ႕ကိုယ္သူ အရင္ဂ႐ုစိုက္မဲ့သူမ်ိဳး၊ သူ႕ကိုယ္သူပိုခ်စ္တာမ်ိဳး။ မင္းတို႔လည္း မင္းတို႔ကိုယ့္ကို ခ်စ္တယ္ဆိုေပမဲ့ တစ္ဖက္သားကိုေတြးေပးတတ္ေသးတယ္။ Yeriကေတာ့ အဲ့လိုမဟုတ္ဘူး။ Matthewေနပူလို႔ေခါင္းကိုက္မွာထက္ သူ႕vlogတို႔ ဓာတ္ပုံတို႔ ပုံထြက္လွဖို႔က ပိုအေရးႀကီးေနတာမ်ိဳးေလ "
Rickyကထိုမွသာ ေခါင္းေလးတစ္ၿငိမ့္ၿငိမ့္ျဖင့္ နားလည္သေဘာေပါက္ေၾကာင္းေဖာ္ျပလာသည္။
" မင္းတို႔အခုတြဲေနတာ ငါးလေက်ာ္ၿပီမလား "
" အင္း ခုႏွစ္လျပည့္ေတာ့မယ္ "
" မင္းဘက္ကပဲျဖည့္ေတြးေပါ့ကြာ မင္းYeriနဲ႕တြဲဖို႔ဆုံးျဖတ္ခဲ့တာ မင္းေ႐ြးခ်ယ္မႈမလို႔ ငါဘာမွမေျပာလိုေပမဲ့ ေ႐ြးခ်ယ္ၿပီးသားကိုေတာ့ အေကာင္းဆုံးလုပ္ေပါ့။ ေအး..ဒါေပမဲ့တစ္ခုေတာ့မွတ္ထားေနာ္ "
အစပိုင္းစကားကေတာ့ သူငယ္ခ်င္းကိုအားေပးသည့္စကားမလို႔ ေလေျပခ်ိဳေအးေနေပမဲ့ ေနာက္ဆက္လာသည့္တစ္ေၾကာင္းက အနည္းငယ္ေတာ့ ျပင္းထန္သည္မလို႔ Jiwoong Rickyဘက္ကိုလွည့္ၾကည့္မိကာ
" ေျပာေလ "
" မင္း Matthewကိုေတာ့ နာက်င္ရေအာင္မလုပ္မိေစနဲ႕။ Matthewေၾကာင့္နဲ႕ မင္းတို႔ျပႆနာတက္ဖို႔ဆိုတာမျဖစ္နိုင္ေပမဲ့ အဲ့လိုအေျခအေနမ်ိဳးျဖစ္ေအာင္ ဖန္တီးတတ္ၾကတယ္ဆိုတာကိုလည္း မေမ့နဲ႕ "
Rickyရဲ႕ စကားကဘာကိုဆိုလိုမွန္းသေဘာေပါက္သည္မလို႔ Jiwoongေခါင္းၿငိမ့္ျပသည္။
" ေအးပါ ငါနားလည္ပါတယ္ "
သို႔ႏွင့္ ေကာင္ေလးႏွစ္ေယာက္ရဲ႕ ေရကူးကန္နားက စကားဝိုင္းေလးဟာ အဆုံးသတ္သြားသလို Jiwoongကလည္း Yeriႏွင့္ ဖုန္းေျပာရဦးမွာမလို႔ Rickyကို ႏႈတ္ဆက္ကာ အရင္ထသြားေလသည္။
က်န္ခဲ့သူ Rickyက အေအးကိုဆက္လက္ေသာက္ကာ ကန္ေရျပင္ကိုအေၾကာင္းမဲ့ ေငးေနမိျပန္သည္။
သူလည္း ခံစားခ်က္ေတြရႈပ္ေထြးေနရပါသည္။ အခ်စ္ဆုံးသူငယ္ခ်င္းကို အခ်စ္ဆုံးညီေလးလိုခင္ရသည့္သူက ခ်စ္မိေနေၾကာင္းဖြင့္ေျပာထားသည္တဲ့ေလ။
သူႏွင့္ေတာ့ တိုက္ရိုက္မဆိုင္ေပမဲ့ သူငယ္ခ်င္းေတြျဖစ္ေနသည္မလို႔ သူလည္း စိတ္ရႈပ္ေထြးေနရပါသည္။
*Ring Ring*
Jiwoongေျပာခဲ့သည္မ်ားကို ေတြးရင္း ဖုန္းျမည္လာေတာ့ ၾကည့္လိုက္တာ Matthewျဖစ္ေနသည္။ ေၾသာ္....တိုက္ဆိုင္တတ္ပါေပ။
" ေပါင္ေပ့ ေျပာ! "
" ဟာ....အဲ့ေပါင္ေပ့ဆိုတာႀကီး ေခၚျပန္ၿပီ မေခၚပါနဲ႕ဆိုတာကို! "
ဖုန္းစကိုင္သည္ႏွင့္ Helloေတာင္ မၾကားရေတာ့ဘဲ တန္းစြာေနသည့္ ေပါင္ေပ့ အယ္ေလ...Matthewရယ္ပါ။ Rickyက ခ်စ္စနိုးနဲ႕ တ႐ုတ္လို ကေလးေလးလို႔ေခၚသည္ကို သေဘာမက်ဘဴးထင္ပ။
" အင္းပါ မေခၚေတာ့ဘူး။ အခုဖုန္းဆက္တာဘာလို႔လဲ ေျပာ "
" ဟို...ဒီည Hyungက Geဆီမွာ အိပ္တာမလား "
" အင္း ဟုတ္တယ္ "
" သူအခု အနားမွာရွိေနလား "
" မရွိပါဘူး Jiwoongက အခု သူ႕အခန္းထဲသြားလိုက္ၿပီ ဘာေမးခ်င္လို႔လဲ ေမးေလ "
Rickyက Matthew အေၾကာင္းကိုသိေနသည့္ႏွယ္။
" ဟိုဟာ......Hyungက ကြၽန္ေတာ့္အေၾကာင္းေျပာေသးလား "
ေၾသာ္....ေနာက္ဆုံးေတာ့ ဒီေကာင္ေလးဖုန္းဆက္ရသည့္အေၾကာင္းအရင္းကို Rickyေကာင္းေကာင္းသိလိုက္ပါသည္။
" ေျပာျဖစ္တယ္ Matthewက Jiwoongကို ဖြင့္ေျပာမိလိုက္တယ္ဆို "
အစကေတာ့ တစ္ဖက္မွၿငိမ္က်သြားေပမဲ့ ေနာက္ေတာ့မွ
" အင္း...............မထင္မွတ္ဘဲ ေျပာျဖစ္သြားတယ္ Ge အဲ့တာ ကြၽန္ေတာ္ဘယ္လိုလုပ္ရေတာ့မလဲ... Hyungက ရပါတယ္ ဒါေၾကာင့္နဲ႕ ကြၽန္ေတာ္တို႔ၾကားက သံေယာဇဥ္ကိုျဖတ္လို႔မရပါဘူး ဘာညာသာေျပာေနတာ တစ္ကယ္တမ္း သူ႕စိတ္ထဲမွာ ကြၽန္ေတာ္ကသူ႕ကိုခ်စ္ေနမိလို႔ဆိုၿပီး မသိမသာေရွာင္ဖယ္ ေရွာင္ဖယ္ေတြ လုပ္ေနရင္ေရာ အားး.....အဲ့လိုဆို ကြၽန္ေတာ္ တစ္ကယ္႐ူးသြားလိမ့္မယ္ထင္တယ္ Geရယ္......က်န္တာမစိုးရိမ္ေပမဲ့ Hyung ၿငိဳျငင္မွာကို စိုးရိမ္မိတယ္......."
"..........."
Matthewကသာ တရစပ္ ေျပာေနေပမဲ့တစ္ဖက္မွ Rickyက ဘာစကားမွမေျပာလာေတာ့တာေၾကာင့္ ဖုန္းလိုင္းမ်ားက်သြားသလားဟု Matthewမယ္ ျပန္စစ္ရေသးသည္။
" Hello! Ge! GeGe! Ricky Ge! ၾကားလား ကြၽန္ေတာ္ေျပာတာကို "
" Matthew! "
တစ္ဖက္မွ ဖုန္းေျဖသံကိုၾကားလိုက္ရသည့္အခ်ိန္မွာေတာ့ ဖုန္းကိုင္ထားသူ Matthewတစ္ေယာက္ ၾကက္သီးေမႊးညွင္းမ်ားထသြားရပါေတာ့သည္။
အေၾကာင္းကား ဖုန္းေျဖလိုက္သည့္ တစ္ဖက္လူမွာ Rickyမဟုတ္ဘဲ Jiwoongျဖစ္ေနျခင္းေၾကာင့္ပင္။
__________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen2U.Com