(1.1)
[Zawgyi]
Chapter (1.1)
ပူျပင္းတဲ့ ေနသာတဲ့ေန႔ေလးတစ္ေန႔မွာ ငွက္ကေလးမ်ားရဲ႕ေတးဆိုသံက မိုးကုပ္စက္ဝိုင္းတစ္ခြင္ ပ်ံ႕ႏွံ့လို႔ေနသည္ ။
႐ွဳရီ အလယ္တန္းေက်ာင္းရဲ႕ ဒုတိယထပ္ စာသင္းခန္းအတြင္းမွာေတာ့ ခ်န္မင္႐ွဳသည္ စာသင္ခန္းအတြင္းရွိ ပလက္ေဖာင္းခုန္ေပၚတြင္ ရပ္လ်က္ ထပ္ၫႊန္းကိန္းဂဏန္းမ်ားအေၾကာင္းကို သင္ၾကားေပးလ်က္ရွိသည္။ ေခၽြးမ်ားေၾကာင့္ သူ႔၏ႏွဖူးထိပ္က စိုေနသည္။ တိုက္ခတ္လာတဲ့ေလေတြကလည္း ပြက္ပြက္ဆူေနတဲ့ ေရေႏြလိုပဲ အရမ္းပူတယ္ ။
မ်က္ႏွာက်က္ရွိ ပန္ကာကလည္း ဆူညံတဲ့အသံကို ဖန္တီးလို႔ေနတယ္ ။ ၎က ဆူညံတဲ့အသံကိုဖန္တီးေပးရံုသာမက ေလေတြကလည္း အရမ္းကိုမွ ပူတယ္လို႔ ခံစားေနတယ္ ။
ေက်ာင္းသားေတြကလည္း အိပ္ငိုက္ေနၾကတယ္ ။ စိတ္ဆိုးဖို႔ကလြဲရင္ သူဘာမွ မလုပ္ႏိုင္ဘူး။
" ေက်ာက္သင္ပုန္းကိုၾကည့္ " သူက တတိယတန္းက ေက်ာင္းသူေလးကို လွမ္းေအာ္လိုက္တယ္ ။ ခ်န္မင္႐ွဳက မ်က္ေမွာင္ျကဳပ္ကာ သူရဲ႕ေပတံကို ေက်ာက္သင္ပုန္းေပၚသို႔ အားျပင္းျပင္နဲ႔႐ိုက္ခ်လိုက္ၿပီ " မင္းကိုေျပာေနတာၾကားလား ? ေက်ာက္သင္ပုန္းကိုၾကည့္ "
အျခားေက်ာင္းသားေတြက အိပ္ငိုက္ေနရာမွ ႏိုးလာၾကာၿပီး သူတို႔မ်က္လံုးေတြကို အတင္းကာေရာဖြင့္ကာ ေက်ာက္သင္ပုန္းကိုၾကည့္ဖို႔ သူတို႔ကိုသူတို႔ ဖိအားေပးေနၾကတယ္ ။ တတိယတန္းက ေက်ာင္းသူေလးကေတာ့ ခုခ်ိန္ထိၾကားပံုမရပဲ ေခါင္းငံုထားၿပီး ခဲတံႏွင့္ တစ္ခုခုကိုဆြဲေနတယ္ ။ သူမရဲ႕ပံုစံေလးက အျပစ္ကင္းစင္ၿပီး လွပေနတယ္ ။ ဘာလို႔ဆို သူမကအရမ္းငယ္ရြယ္ေသးတဲ့အတြက္ အလြန္ကိုမွခ်စ္စရာေကာင္းေနတယ္ ။
သူမက ခါးကိုမတ္မတ္ထိုင္ေနသည္ ။ သူမကိုၾကည့္ရတာ အရမ္းကိုမွ တိတ္ဆိတ္ၿငိမ္သက္ေနၿပီး ဆရာဆရာမမ်ား ႏွစ္သက္သေဘာက်ေလ့ရွိတဲ့ ေက်ာင္းသူပံုစံေပါက္ေနတယ္ ။
ဒါေပမယ့္ ဒီအခ်ိန္မွာေတာ့ သူမက ဆရာကို စိတ္တိုေစတဲ့ ေက်ာင္းသူပံုစံေပါက္ေနတယ္
ခ်န္မင္႐ွဳက မ်က္ေမွာင္ထပ္ၾကံဳလိုက္ၿပီး ေက်ာက္သင္ပုန္းေပၚက မွာေရးထားတဲ့ ေမးခြန္းနဲ႔ပက္သက္ၿပီး ဆြးေႏြးေနလိုက္တယ္ " ဤ 1st angel သည္ 2nd angel ႏွင့္ ညီသည္ ။ တတိယေထာင့္က 180 ဒီဂရီျဖစ္သည္ ..."
ေမခြန္းကို မၾကာမွီေျဖဆိုရမည္ျဖစ္ေသာ္လည္း ထိုက်ာင္းသူေလးက ယခုအခ်ိန္ထိ ေခါင္းကို ေမာ့လာမည့္ အရိပ္အေယာင္မျပေသးေပ။ ခ်န္မင္႐ွဳရဲ႕ ေန႔တစ္ဝက္စာေဒါသေတြက ဆူပြက္လာၿပီး ေပတံႏွင့္ သူ႔ရဲ႕စားပြဲကို ႐ိုက္ခ်လိုက္တယ္ ။
သစ္သားစားပြဲေပၚသို႔ ပလက္စတီေပတံ ႐ိုက္ခ်လိုက္သံက ဆူညံစြာေပၚထြက္လာတယ္။ ေက်ာင္းသားတိုင္း ထိတ္လန္႔တုန္လႈပ္ေနၾကတယ္ ။ ထို႔ေနာက္ ခ်န္မင္႐ွဳရဲ႕ ေဟာက္သံက စာသင္ခန္းအတြင္းရွိ ေလထုကို တင္းမာသြားေစတယ္ ။
" ဆန္းက်စ္ "
ဆန္းက်စ္လို႔ေခၚတဲ့ ေက်ာင္းသူေလးက ေခါင္းကိုေမာ့လာၿပီး ခ်န္မင္႐ွဳကို ႏွစ္စကၠန္႔ၾကာ ၾကည့္လာတယ္ ။ သူမက ခဲတံကိုခ်ကာ ကိုယ္ပိုင္အသိစိတ္ႏွင့္ မက္တပ္ထရပ္လိုက္တယ္ ။
ခ်န္မင္႐ွဳက သူ႔ရဲ႕ေဒါသကို ထိန္းခ်ဳပ္လိုက္ၿပီး " ငါခုနက ဘာေျပာလိုက္တာလည္း " ၊ ဆန္းက်စ္က ေက်ာက္သင္ပုန္းကိုၾကည့္လိုက္ၿပီး တည္တည္ၿငိမ္ၿငိမ္ႏွင့္ ေျပာလာတယ္ " စတုတၳေထာင့္က ၇၂ ဒီဂရီႏွင့္ ညီမွ်တယ္ "
ခ်န္မင္ရွုက ရိုးအတယ့္ေက်ာင္းသူေတြနဲ႔ေတြ႕ပါမ်ားေတာ့ ေတာ္႐ုံဆို လွည့္စားမခံရေတာ့ဘူး
သူက ေပတံႏွင့္ စားပြဲေပၚသို႔ ထပ္ၿပီး႐ိုက္ခ်လိုက္တယ္ ။ သူက ေလွာင္ေျပာင္လိုက္ၿပီး " ငါ ဘယ္တုန္းကမွ အဲ့ဒီအေၾကာင္းကို မေျပာခဲ့ဘူး "
ဆန္းက်စ္က စတင္ၿပီး စိတ္ညစ္လာတယ္ " ဒါဆို ဘာလို႔ကၽြန္မကို ေခၚတာလဲ "
ခ်န္မင္႐ွဳက သူမကိုျပန္ေမးလိုက္တယ္ " ငါဘာလို႔ မင္းကို ေခၚတယ္ထင္လဲ "
ဆန္းက်စ္က စကၠန္႔မ်ားစြာၾကာေအာသ္ ေတြးၿပီးတဲ့ေနာက္ " ဘာလို႔လည္းဆိုေတာ့ အဲ့ဒီဟာကို မေျဖႏိုင္လို႔ ...."
ခ်န္မင္႐ွဳ " ....... "
ဆန္းက်စ္ " ဆရာ့ ကိုသင္ေပးဖို႔ ကၽြန္မနာမည္ကို ေခၚလိုက္တာလား "
ခ်န္မင္႐ွဳ " ? ...."
" ကၽြန္မ ရၿပီ ..." ဆန္းက်စ္က နားလည္သြားတဲ့ပံုစံႏွင့္ ေက်ာင္သင္ပုန္းကိုၾကည့္လိုက္တယ္ " ဘာေၾကာင့္လည္းဆိုေတာ့ 1st angle က 2nd angle နဲ႔ ညီတယ္ ၊ ထို႔ေၾကာင့္ AB က CD နဲ႔ parallel ျဖစ္တယ္ ။ မ်ဥ္းေျဖာင့္ ႏွစ္ေၾကာင္းက တစ္ခုနဲ႔တစ္ခု အၿပိဳင္ျဖစ္ေနတယ္ ။ အတြင္းေထာင့္က ....."
ခ်န္မင္႐ွဳရဲ႕ စိတ္ရွည္သည္းခံမႈက လမ္းဆံုးကိုေရာက္သြားၿပီ " အရမ္းေတာ္တာပဲ ... ၊ ဒါဆို ငါ့ရဲ႕ ဆရာရာထူးကို မင္းကို လႊဲေပးရမလား ..."
ဆန္းက်စ္က သူမရဲ႕ ရွင္းျပခ်က္ကို ျဖတ္ေျပာလိုက္တာေၾကာင့္ အနည္းငယ္ စိတ္ခုသြားတယ္ ။ အနည္းငယ္ ခ်ီတံုခ်တံုျဖစ္ၿပီးတဲ့ေနာက္ သူမက ေျပာခ်လိုက္တယ္ " အာ..... ဒါေပမယ့္ ကၽြန္မ ဆရာ့ရဲ႕ အလုပ္ကို လုယူလို႔မရဘူးေလ ..."
" ......... "
စာသင္ခန္းအတြင္း စကၠန္႔အေတာ္ၾကာ တိတ္ဆိတ္သြားၿပီးေနာက္ လူတိုင္းက အသံက်ယ္က်ယ္ျဖင့္ ရယ္ေမာလာၾကတယ္ ။ ခ်န္မင္႐ွဳက ေဒါသတႀကီးျဖင့္ " တိတ္တိတ္ေနၾက ၊ ဆူညံမေနနဲ႔ " ၊ ေက်ာင္းသားအမ်ားစုက ရယ္ေမာေနၾကဆဲျဖစ္ၿပီး စာသင္ခန္းသည္ ေစ်းတန္းကဲ့သို႔ ဆူညံေနသည္ ။
" ဆရာ ၊ ဒါက ျဖစ္ႏိုင္တယ္လို႔ ကၽြန္ေတာ္ထင္တယ္ ၊ ဆန္းက်စ္ကိုပဲ ကၽြန္ေတာ္တို႔သင္ခိုင္းလိုက္ပါ့မယ္ "
" အဲ့တာဆို အိမ္စာေတြလည္း မထပ္ရေတာ့ဘူးေပါ့ "
ခ်န္မင္႐ွဳက ေအာ္လိုက္တယ္ " ပါးစပ္ပိတ္ထား !!!!! "
ခ်န္မင္႐ွဳက ဆန္းက်စ္ကို ျပန္ၾကည့္ကာ ေဒါသေတြကို ခ်ဳပ္တည္းၿပီး အသက္ကိုျပင္းျပင္း႐ွဴလိုက္တယ္ ။ ဒါေပမယ့္ သူအရမ္းကိုမွ ေဒါသထြက္ေနေသးတယ္ " မနက္ျဖန္ မင္းမိဘေတြကို ေခၚလာခဲ့ ..."
30/10/2021
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
[Unicode]
Chapter (1.1)
ပူပြင်းတဲ့ နေသာတဲ့နေ့လေးတစ်နေ့မှာ ငှက်ကလေးများရဲ့တေးဆိုသံက မိုးကုပ်စက်ဝိုင်းတစ်ခွင် ပျံ့နှံ့လို့နေသည် ။
ရှုရီ အလယ်တန်းကျောင်းရဲ့ ဒုတိယထပ် စာသင်းခန်းအတွင်းမှာတော့ ချန်မင်ရှုသည် စာသင်ခန်းအတွင်းရှိ ပလက်ဖောင်းခုန်ပေါ်တွင် ရပ်လျက် ထပ်ညွှန်းကိန်းဂဏန်းများအကြောင်းကို သင်ကြားပေးလျက်ရှိသည်။ ချွေးများကြောင့် သူ့၏နှဖူးထိပ်က စိုနေသည်။ တိုက်ခတ်လာတဲ့လေတွေကလည်း ပွက်ပွက်ဆူနေတဲ့ ရေနွေလိုပဲ အရမ်းပူတယ် ။
မျက်နှာကျက်ရှိ ပန်ကာကလည်း ဆူညံတဲ့အသံကို ဖန်တီးလို့နေတယ် ။ ၎င်းက ဆူညံတဲ့အသံကိုဖန်တီးပေးရုံသာမက လေတွေကလည်း အရမ်းကိုမှ ပူတယ်လို့ ခံစားနေတယ် ။
ကျောင်းသားတွေကလည်း အိပ်ငိုက်နေကြတယ် ။ စိတ်ဆိုးဖို့ကလွဲရင် သူဘာမှ မလုပ်နိုင်ဘူး။
" ကျောက်သင်ပုန်းကိုကြည့် " သူက တတိယတန်းက ကျောင်းသူလေးကို လှမ်းအော်လိုက်တယ် ။ ချန်မင်ရှုက မျက်မှောင်ကြုပ်ကာ သူရဲ့ပေတံကို ကျောက်သင်ပုန်းပေါ်သို့ အားပြင်းပြင်နဲ့ရိုက်ချလိုက်ပြီ " မင်းကိုပြောနေတာကြားလား ? ကျောက်သင်ပုန်းကိုကြည့် "
အခြားကျောင်းသားတွေက အိပ်ငိုက်နေရာမှ နိုးလာကြာပြီး သူတို့မျက်လုံးတွေကို အတင်းကာရောဖွင့်ကာ ကျောက်သင်ပုန်းကိုကြည့်ဖို့ သူတို့ကိုသူတို့ ဖိအားပေးနေကြတယ် ။ တတိယတန်းက ကျောင်းသူလေးကတော့ ခုချိန်ထိကြားပုံမရပဲ ခေါင်းငုံထားပြီး ခဲတံနှင့် တစ်ခုခုကိုဆွဲနေတယ် ။ သူမရဲ့ပုံစံလေးက အပြစ်ကင်းစင်ပြီး လှပနေတယ် ။ ဘာလို့ဆို သူမကအရမ်းငယ်ရွယ်သေးတဲ့အတွက် အလွန်ကိုမှချစ်စရာကောင်းနေတယ် ။
သူမက ခါးကိုမတ်မတ်ထိုင်နေသည် ။ သူမကိုကြည့်ရတာ အရမ်းကိုမှ တိတ်ဆိတ်ငြိမ်သက်နေပြီး ဆရာဆရာမများ နှစ်သက်သဘောကျလေ့ရှိတဲ့ ကျောင်းသူပုံစံပေါက်နေတယ် ။
ဒါပေမယ့် ဒီအချိန်မှာတော့ သူမက ဆရာကို စိတ်တိုစေတဲ့ ကျောင်းသူပုံစံပေါက်နေတယ်
ချန်မင်ရှုက မျက်မှောင်ထပ်ကြုံလိုက်ပြီး ကျောက်သင်ပုန်းပေါ်က မှာရေးထားတဲ့ မေးခွန်းနဲ့ပက်သက်ပြီး ဆွးနွေးနေလိုက်တယ် " ဤ 1st angel သည် 2nd angel နှင့် ညီသည် ။ တတိယထောင့်က 180 ဒီဂရီဖြစ်သည် ..."
မေခွန်းကို မကြာမှီဖြေဆိုရမည်ဖြစ်သော်လည်း ထိုကျာင်းသူလေးက ယခုအချိန်ထိ ခေါင်းကို မော့လာမည့် အရိပ်အယောင်မပြသေးပေ။ ချန်မင်ရှုရဲ့ နေ့တစ်ဝက်စာဒေါသတွေက ဆူပွက်လာပြီး ပေတံနှင့် သူ့ရဲ့စားပွဲကို ရိုက်ချလိုက်တယ် ။
သစ်သားစားပွဲပေါ်သို့ ပလက်စတီပေတံ ရိုက်ချလိုက်သံက ဆူညံစွာပေါ်ထွက်လာတယ်။ ကျောင်းသားတိုင်း ထိတ်လန့်တုန်လှုပ်နေကြတယ် ။ ထို့နောက် ချန်မင်ရှုရဲ့ ဟောက်သံက စာသင်ခန်းအတွင်းရှိ လေထုကို တင်းမာသွားစေတယ် ။
" ဆန်းကျစ် "
ဆန်းကျစ်လို့ခေါ်တဲ့ ကျောင်းသူလေးက ခေါင်းကိုမော့လာပြီး ချန်မင်ရှုကို နှစ်စက္ကန့်ကြာ ကြည့်လာတယ် ။ သူမက ခဲတံကိုချကာ ကိုယ်ပိုင်အသိစိတ်နှင့် မက်တပ်ထရပ်လိုက်တယ် ။
ချန်မင်ရှုက သူ့ရဲ့ဒေါသကို ထိန်းချုပ်လိုက်ပြီး " ငါခုနက ဘာပြောလိုက်တာလည်း " ၊ ဆန်းကျစ်က ကျောက်သင်ပုန်းကိုကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပြောလာတယ် " စတုတ္ထထောင့်က ၇၂ ဒီဂရီနှင့် ညီမျှတယ် "
ချန်မင်ရှုက ရိုးအတယ့်ကျောင်းသူတွေနဲ့တွေ့ပါများတော့ တော်ရုံဆို လှည့်စားမခံရတော့ဘူး
သူက ပေတံနှင့် စားပွဲပေါ်သို့ ထပ်ပြီးရိုက်ချလိုက်တယ် ။ သူက လှောင်ပြောင်လိုက်ပြီး " ငါ ဘယ်တုန်းကမှ အဲ့ဒီအကြောင်းကို မပြောခဲ့ဘူး "
ဆန်းကျစ်က စတင်ပြီး စိတ်ညစ်လာတယ် " ဒါဆို ဘာလို့ကျွန်မကို ခေါ်တာလဲ "
ချန်မင်ရှုက သူမကိုပြန်မေးလိုက်တယ် " ငါဘာလို့ မင်းကို ခေါ်တယ်ထင်လဲ "
ဆန်းကျစ်က စက္ကန့်များစွာကြာအောသ် တွေးပြီးတဲ့နောက် " ဘာလို့လည်းဆိုတော့ အဲ့ဒီဟာကို မဖြေနိုင်လို့ ...."
ချန်မင်ရှု " ....... "
ဆန်းကျစ် " ဆရာ့ ကိုသင်ပေးဖို့ ကျွန်မနာမည်ကို ခေါ်လိုက်တာလား "
ချန်မင်ရှု " ? ...."
" ကျွန်မ ရပြီ ..." ဆန်းကျစ်က နားလည်သွားတဲ့ပုံစံနှင့် ကျောင်သင်ပုန်းကိုကြည့်လိုက်တယ် " ဘာကြောင့်လည်းဆိုတော့ 1st angle က 2nd angle နဲ့ ညီတယ် ၊ ထို့ကြောင့် AB က CD နဲ့ parallel ဖြစ်တယ် ။ မျဉ်းဖြောင့် နှစ်ကြောင်းက တစ်ခုနဲ့တစ်ခု အပြိုင်ဖြစ်နေတယ် ။ အတွင်းထောင့်က ....."
ချန်မင်ရှုရဲ့ စိတ်ရှည်သည်းခံမှုက လမ်းဆုံးကိုရောက်သွားပြီ " အရမ်းတော်တာပဲ ... ၊ ဒါဆို ငါ့ရဲ့ ဆရာရာထူးကို မင်းကို လွှဲပေးရမလား ..."
ဆန်းကျစ်က သူမရဲ့ ရှင်းပြချက်ကို ဖြတ်ပြောလိုက်တာကြောင့် အနည်းငယ် စိတ်ခုသွားတယ် ။ အနည်းငယ် ချီတုံချတုံဖြစ်ပြီးတဲ့နောက် သူမက ပြောချလိုက်တယ် " အာ..... ဒါပေမယ့် ကျွန်မ ဆရာ့ရဲ့ အလုပ်ကို လုယူလို့မရဘူးလေ ..."
" ......... "
စာသင်ခန်းအတွင်း စက္ကန့်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လူတိုင်းက အသံကျယ်ကျယ်ဖြင့် ရယ်မောလာကြတယ် ။ ချန်မင်ရှုက ဒေါသတကြီးဖြင့် " တိတ်တိတ်နေကြ ၊ ဆူညံမနေနဲ့ " ၊ ကျောင်းသားအများစုက ရယ်မောနေကြဆဲဖြစ်ပြီး စာသင်ခန်းသည် စျေးတန်းကဲ့သို့ ဆူညံနေသည် ။
" ဆရာ ၊ ဒါက ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်တယ် ၊ ဆန်းကျစ်ကိုပဲ ကျွန်တော်တို့သင်ခိုင်းလိုက်ပါ့မယ် "
" အဲ့တာဆို အိမ်စာတွေလည်း မထပ်ရတော့ဘူးပေါ့ "
ချန်မင်ရှုက အော်လိုက်တယ် " ပါးစပ်ပိတ်ထား !!!!! "
ချန်မင်ရှုက ဆန်းကျစ်ကို ပြန်ကြည့်ကာ ဒေါသတွေကို ချုပ်တည်းပြီး အသက်ကိုပြင်းပြင်းရှူလိုက်တယ် ။ ဒါပေမယ့် သူအရမ်းကိုမှ ဒေါသထွက်နေသေးတယ် " မနက်ဖြန် မင်းမိဘတွေကို ခေါ်လာခဲ့ ..."
30/10/2021
Bạn đang đọc truyện trên: Truyen2U.Com