(1.2)
[Zawgyi]
Chapter (1.2)
🔔 🎶🔔🎶 🔔
ေခါင္းေလာင္းထိုးသံၾကားတာနဲ႔ ခ်န္မင္႐ွဳက မ်က္ႏွာထားတည္တည္ျဖင့္ ေနာက္လွည့္မၾကည့္ပဲ အတန္းထဲကေန တန္းထြက္သြားတယ္ ။
တစ္ေန႔တာရဲ႕ ေနာက္ဆံုးအတန္းခ်ိန္ျဖစ္တာေၾကာင့္ လူတိုင္းက သူတို႔ရဲ႕ ပစၥည္းေတြကို သိမ္းဆည္းၿပီး ထြက္သြားၾကတယ္ ။
ယန္က်န္း႐ု သည္ ဆန္းက်စ္အနားကို ခ်ဥ္းကပ္လာၿပီး " နင္ ခ်န္တုတို (ခ်န္ထိပ္ေျပာင္) ကို ဘယ္ဘိုေတာင္သြားၿပီး ေစာ္ကားလိုက္တာတုန္း ...ဟန္ ??? " ၊ "နင္မသိဘူးလား .... ခ်န္ထိပ္ေျပာင္က ေက်ာင္းသားမိဘေတြကိုေခၚရတာ အရမ္းႀကိဳက္တယ္ဆိုတာကိုေလ🤒 ၊ ဒီလဝက္ အတြင္းမွာတင္ နင့္အေမက ၂ႀကိမ္ေတာင္လာၿပီးသြားၿပီ "
ဆန္းက်စ္က သူမရဲ႕ စာအုပ္ေတြအကုန္လံုးကို လြယ္အိတ္ထဲထည့္ၿပီး ဇစ္ပိတ္လိုက္တယ္ " ငါသူ႔ကို ဘလို စိတ္အေႏွာက္အယွက္ေပးမိလည္း ဆိုတာ မသိဘူး "
ယန္က်န္း႐ုက မ်က္လံုးျပဴးလိုက္ၿပီး 😳 " ဘာ.... နင္ကမသိဘူး??? "
ဆန္းက်စ္က ကသီးကေအာင့္ျဖစ္ေနတဲ့ မ်က္ႏွာႏွင့္ တိုးတိုးေလးညည္းလိုက္တယ္ " ငါ သူ႔ေမးခြန္းကို ေျဖလိုက္တယ္မဟုတ္ဖူးလား ? "😐
" နင့္ ရဲ႕ အေျဖကိုက သူ႔ဆီကေန အ႐ိုက္ခံခ်င္ပါတယ္လို႔ ေျပာေနသလိုပဲေလ .... မဟူတ္ဖူးလား??? " ။
ယန္က်န္း႐ုက ျပံဳးလိုက္ၿပီး " နင္ သူ႔ကို "ဆရာရဲ႕ အလုပ္ကို ကၽြန္မ လုယူလို႔မရဘူး " လို႔ ေျပာလိုက္တာေလ ။ " ငါသာ သူ႔ေနရာမွာဆိုရင္ နင့္ကို ႐ိုက္ပစ္လိုက္ၿပီ😏 "
ဆန္းက်စ္က ဟြန္းကနဲ ႏွာမႈတ္လိုက္ၿပီး " ဒါဆို နင္က ဆရာနဲ႔အတူတူပဲေပါ့ ၊ နင္တို႔ေတြက ယုတၱိမရွိၾကဘူး "
ယန္က်န္း႐ုက " နင္ ဘယ္လိုလုပ္ၿပီးေတာ့မ်ား လက္ခ်ာေတြကို လိုက္ၿပီးနားမေထာင္ရတာလည္း ၊ သူ႔ဆီကေန ထပ္ၿပီးေတာ့ အဖမ္းခံခ်င္ေနတာလား ... ဟန္ "
" နင္မထင္ဘူးလား .... ခ်န္ထိပ္ေျပာင္ရဲ႕ စကားေတြက ငါတိူ႔ကိုေခ်ာ့သိပ္ေနသလိုပဲဆိုတာကိုေလ 🤥 ၊
ဆန္းက်စ္က ေက်ာပိုးအိတ္ကိုလြယ္ၿပီး သန္းလိုက္တယ္ ၊ " ငါသာ သူ႔ရဲ႕ စကားေတြကို အျခားဘာမွမလုပ္ပဲ ေလးေလးနက္နက္နားေထာင္လိုက္မယ္ဆိုရင္ ေသခ်ာေပါက္ကိုအိပ္ေပ်ာ္သြားမွာပဲ "
ဒါက က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိတယ္
ယန္က်န္း႐ုက ေက်ာင္းဂိတ္ေပါက္ဝမွာ ေကာင္ေလးေတြအမ်ားႀကီးစု႐ုန္းေနတာကို သတိထားမိလိုက္တယ္၊ သူမက အေၾကာင္းအရာေျပာင္းလိုက္ၿပီး " အို႔..ဟုတ္သားပဲ၊ ငါတို႔ စာအုပ္ဆိုင္ကို သြားၾကမလား"
ဆန္းက်စ္က သူ႔မကိုၾကည့္လိုက္ၿပီး " ဘာလို႔ ... အဲ့ဒီကို သြားခ်င္ေနတာလဲ "
ယန္က်န္း႐ုက ျပန္ေျဖလာတယ္ " ဖူက်န္းခ်ဴးက နင့္ကိုေမးေနတာေလ ၊ အဲ့ဒီမွာ အတန္း(၆) က ေကာင္ေလးေတြလည္း အမ်ားႀကီရွိတယ္ ၊ လာပါ အတူတူသြားရေအာင္ "
ဆန္းက်စ္က ထပ္ၿပီးေတာ့ ေမးလိုက္တယ္ " နင္ဘာလို႔ အဲ့ဒီကို သြားခ်င္ေနတာလဲ "
" သူကေျပာတယ္ " ယန္က်န္း႐ုက အဲ့ဒီအေၾကာင္းကို ေတြးလိုက္ၿပီ " ဟြမ္ေဟာင္႐ုန္း ကို ဝယ္ဖို႔ "
"......" ဟြမ္ေဟာင္႐ုန္းဆိုတာက ဘာလဲ????
ဆန္းက်စ္ ခဏေလာက္ တိတ္ဆပ္သြားတဲ့အခ်ိန္ ယန္က်န္း႐ုက " right right right .... နင္သြားမယ္မို႔လား??? "
ဆန္းက်စ္ : " မသြားဘူး "
" ဘာလို႔လည္း ... ဖူက်န္းခ်ဴးက ေတာ္ေတာ္ေခ်ာတာပဲကို ..."
သူတို႔ႏွစ္ေယာက္လံုး စာသင္ခန္းထဲကေန ထြက္လာလိုက္ၾကတယ္ ။
ယန္က်န္း႐ုရဲ႕ ဖူက်န္းခ်ဴးကို ခ်ီးမြန္းေျပာဆိုေနတဲ့အသံကို ၾကားလိုက္တာနဲ႔ ဆန္းက်စ္က စိတ္ပ်က္ေနတဲ႔ အမူအရာႏွင့္ " နင့္မ်က္စိကို စစ္ေဆးဖို႔ ေဆးရံုကိုသြားသင့္တယ္ "
ယန္က်န္း႐ုက မေပ်ာ္မရႊင္ျဖစ္သြားတယ္ " ငါ့မ်က္လံုးက ဘာျဖစ္ေနလို႔လဲ??? ငါ့လိုေတြးေနတဲ့ လူေတြမွ အမ်ားႀကီးရွိတယ္ "
ဆန္းက်စ္က ေခါင္းၿငိမ့္ျပလိုက္ၿပီး " ဒါဆို နင္တို႔ေတြ အဖြဲ႕လိုက္ စစ္ေဆးဖို႔ အတူတူသြားလို႔ရၿပီ " လို႔ အၾကံျပဳလိုက္တယ္ ။
" ........ "
အဲ့ဒီေနာက္ ဆန္းက်စ္က ေက်ာပိုးအိတ္ထဲကေန သူမရဲ႕ဖုန္းကိုထုတ္လိုက္ၿပီး မက္ေဆ့စ္ပို႔ဖို႔ရာ ဖြင့္လိုက္တယ္။ ခဏေလာက္တံု႔ဆိုင္းသြားၿပီးေနာက္ ဆန္းယန္ထံသို႔ မက္ေဆ့စ္ပို႔လိုက္တယ္ ။
[ ေကာေကာ.... ၊ ေကာေကာ အိမ္ျပန္မလာတာ ၾကာေနၿပီ ဘယ္ေတာ့ေလာက္ အိမ္ျပန္လာမွာလည္း ၊ မနက္ျဖန္ ခဏေလာက္ ျပန္လာခဲ့ပါလား ... ေကာေကာကို ညီမေလး အရမ္းလြမ္းေနၿပီ ... TAT ] 😢
ယန္က်န္း႐ုက စိတ္ပ်က္လက္ပ်က္နဲ႔ " နင္ ငါတို႔နဲ႔မလိုက္ေတာ့ဘူးဆိုတာ ေသခ်ာလား ? "
ဆန္းက်စ္ : " ငါ မသြားဘူး "
ယန္က်န္း႐ု : " ဒါေပမယ့္ သူတို႔က ေက်ာင္းေပါက္ဝမွာ ေစာင့္ေနၾကတာ ..."
" နင္ သြားခ်င္ရင္ သြားလိုက္ " ဆန္းက်စ္ကေျပာလိုက္တယ္ " ငါ ဒီေန႔စိတ္မပါဘူး "
" အာ... ဘာလို႔လည္း "
ဆန္းက်စ္က သူမရဲ႕ဖုန္းကို ၾကည့္ေနရင္း ဆန္းယန္ရဲ႕အေျဖကို ေစာင့္ေနတယ္ " ငါ သူတို႔ကို ေျပာမွာမဟူတ္ဘူး " ( သူတို႔ဆိုတာက သူ႔မရဲ႕ အေဖနဲ႔အေမကိုေျပာတာပါ )
" ဒါေပမယ့္ နင့္ရဲ႕ အေဖနဲ႔ အေမသာမလာခဲ့ရင္ ၊ ခ်န္တူတို (ခ်န္ထိပ္ေျပာင္) က သူတို႔ကိုဖုန္းဆက္လိမ့္မယ္ "
" အဲ့တာက အဆင္ေျပတယ္ "
" ငါ့ရဲ႕ အကိုကို လာခဲ့ဖို႔ ေခၚခဲ့မယ္" လို႔ မေျပာခင္မွာပဲ မက္ေဆ့စ္တစ္ခု ဝင္လာတယ္ ။
ဆန္းယန္ : " ? "
ဆန္းယန္ : " ငါ မလုပ္ဘူး " ( အကိုႀကီးက ဘာမွေတာင္မေျပာရေသးဘူးကို တန္းသိေနတယ္ 🤣)
ဆန္းက်စ္ : " ......... "
2/11/2021
@yuki🐱
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
[Unicode]
Chapter (1.2)
🔔 🎶🔔🎶 🔔
ခေါင်းလောင်းထိုးသံကြားတာနဲ့ ချန်မင်ရှုက မျက်နှာထားတည်တည်ဖြင့် နောက်လှည့်မကြည့်ပဲ အတန်းထဲကနေ တန်းထွက်သွားတယ် ။
တစ်နေ့တာရဲ့ နောက်ဆုံးအတန်းချိန်ဖြစ်တာကြောင့် လူတိုင်းက သူတို့ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး ထွက်သွားကြတယ် ။
ယန်ကျန်းရု သည် ဆန်းကျစ်အနားကို ချဉ်းကပ်လာပြီး " နင် ချန်တုတို (ချန်ထိပ်ပြောင်) ကို ဘယ်ဘိုတောင်သွားပြီး စော်ကားလိုက်တာတုန်း ...ဟန် ??? " ၊ "နင်မသိဘူးလား .... ချန်ထိပ်ပြောင်က ကျောင်းသားမိဘတွေကိုခေါ်ရတာ အရမ်းကြိုက်တယ်ဆိုတာကိုလေ🤒 ၊ ဒီလဝက် အတွင်းမှာတင် နင့်အမေက ၂ကြိမ်တောင်လာပြီးသွားပြီ "
ဆန်းကျစ်က သူမရဲ့ စာအုပ်တွေအကုန်လုံးကို လွယ်အိတ်ထဲထည့်ပြီး ဇစ်ပိတ်လိုက်တယ် " ငါသူ့ကို ဘလို စိတ်အနှောက်အယှက်ပေးမိလည်း ဆိုတာ မသိဘူး "
ယန်ကျန်းရုက မျက်လုံးပြူးလိုက်ပြီး 😳 " ဘာ.... နင်ကမသိဘူး??? "
ဆန်းကျစ်က ကသီးကအောင့်ဖြစ်နေတဲ့ မျက်နှာနှင့် တိုးတိုးလေးညည်းလိုက်တယ် " ငါ သူ့မေးခွန်းကို ဖြေလိုက်တယ်မဟုတ်ဖူးလား ? "😐
" နင့် ရဲ့ အဖြေကိုက သူ့ဆီကနေ အရိုက်ခံချင်ပါတယ်လို့ ပြောနေသလိုပဲလေ .... မဟူတ်ဖူးလား??? " ။
ယန်ကျန်းရုက ပြုံးလိုက်ပြီး " နင် သူ့ကို "ဆရာရဲ့ အလုပ်ကို ကျွန်မ လုယူလို့မရဘူး " လို့ ပြောလိုက်တာလေ ။ " ငါသာ သူ့နေရာမှာဆိုရင် နင့်ကို ရိုက်ပစ်လိုက်ပြီ😏 "
ဆန်းကျစ်က ဟွန်းကနဲ နှာမှုတ်လိုက်ပြီး " ဒါဆို နင်က ဆရာနဲ့အတူတူပဲပေါ့ ၊ နင်တို့တွေက ယုတ္တိမရှိကြဘူး "
ယန်ကျန်းရုက " နင် ဘယ်လိုလုပ်ပြီးတော့များ လက်ချာတွေကို လိုက်ပြီးနားမထောင်ရတာလည်း ၊ သူ့ဆီကနေ ထပ်ပြီးတော့ အဖမ်းခံချင်နေတာလား ... ဟန် "
" နင်မထင်ဘူးလား .... ချန်ထိပ်ပြောင်ရဲ့ စကားတွေက ငါတိူ့ကိုချော့သိပ်နေသလိုပဲဆိုတာကိုလေ 🤥 ၊
ဆန်းကျစ်က ကျောပိုးအိတ်ကိုလွယ်ပြီး သန်းလိုက်တယ် ၊ " ငါသာ သူ့ရဲ့ စကားတွေကို အခြားဘာမှမလုပ်ပဲ လေးလေးနက်နက်နားထောင်လိုက်မယ်ဆိုရင် သေချာပေါက်ကိုအိပ်ပျော်သွားမှာပဲ "
ဒါက ကျိုးကြောင်းဆီလျော်မှုရှိတယ်
ယန်ကျန်းရုက ကျောင်းဂိတ်ပေါက်ဝမှာ ကောင်လေးတွေအများကြီးစုရုန်းနေတာကို သတိထားမိလိုက်တယ်၊ သူမက အကြောင်းအရာပြောင်းလိုက်ပြီး " အို့..ဟုတ်သားပဲ၊ ငါတို့ စာအုပ်ဆိုင်ကို သွားကြမလား"
ဆန်းကျစ်က သူ့မကိုကြည့်လိုက်ပြီး " ဘာလို့ ... အဲ့ဒီကို သွားချင်နေတာလဲ "
ယန်ကျန်းရုက ပြန်ဖြေလာတယ် " ဖူကျန်းချူးက နင့်ကိုမေးနေတာလေ ၊ အဲ့ဒီမှာ အတန်း(၆) က ကောင်လေးတွေလည်း အများကြီရှိတယ် ၊ လာပါ အတူတူသွားရအောင် "
ဆန်းကျစ်က ထပ်ပြီးတော့ မေးလိုက်တယ် " နင်ဘာလို့ အဲ့ဒီကို သွားချင်နေတာလဲ "
" သူကပြောတယ် " ယန်ကျန်းရုက အဲ့ဒီအကြောင်းကို တွေးလိုက်ပြီ " ဟွမ်ဟောင်ရုန်း ကို ဝယ်ဖို့ "
"......" ဟွမ်ဟောင်ရုန်းဆိုတာက ဘာလဲ????
ဆန်းကျစ် ခဏလောက် တိတ်ဆပ်သွားတဲ့အချိန် ယန်ကျန်းရုက " right right right .... နင်သွားမယ်မို့လား??? "
ဆန်းကျစ် : " မသွားဘူး "
" ဘာလို့လည်း ... ဖူကျန်းချူးက တော်တော်ချောတာပဲကို ..."
သူတို့နှစ်ယောက်လုံး စာသင်ခန်းထဲကနေ ထွက်လာလိုက်ကြတယ် ။
ယန်ကျန်းရုရဲ့ ဖူကျန်းချူးကို ချီးမွန်းပြောဆိုနေတဲ့အသံကို ကြားလိုက်တာနဲ့ ဆန်းကျစ်က စိတ်ပျက်နေတဲ့ အမူအရာနှင့် " နင့်မျက်စိကို စစ်ဆေးဖို့ ဆေးရုံကိုသွားသင့်တယ် "
ယန်ကျန်းရုက မပျော်မရွှင်ဖြစ်သွားတယ် " ငါ့မျက်လုံးက ဘာဖြစ်နေလို့လဲ??? ငါ့လိုတွေးနေတဲ့ လူတွေမှ အများကြီးရှိတယ် "
ဆန်းကျစ်က ခေါင်းငြိမ့်ပြလိုက်ပြီး " ဒါဆို နင်တို့တွေ အဖွဲ့လိုက် စစ်ဆေးဖို့ အတူတူသွားလို့ရပြီ " လို့ အကြံပြုလိုက်တယ် ။
" ........ "
အဲ့ဒီနောက် ဆန်းကျစ်က ကျောပိုးအိတ်ထဲကနေ သူမရဲ့ဖုန်းကိုထုတ်လိုက်ပြီး မက်ဆေ့စ်ပို့ဖို့ရာ ဖွင့်လိုက်တယ်။ ခဏလောက်တုံ့ဆိုင်းသွားပြီးနောက် ဆန်းယန်ထံသို့ မက်ဆေ့စ်ပို့လိုက်တယ် ။
[ ကောကော.... ၊ ကောကော အိမ်ပြန်မလာတာ ကြာနေပြီ ဘယ်တော့လောက် အိမ်ပြန်လာမှာလည်း ၊ မနက်ဖြန် ခဏလောက် ပြန်လာခဲ့ပါလား ... ကောကောကို ညီမလေး အရမ်းလွမ်းနေပြီ ... TAT ] 😢
ယန်ကျန်းရုက စိတ်ပျက်လက်ပျက်နဲ့ " နင် ငါတို့နဲ့မလိုက်တော့ဘူးဆိုတာ သေချာလား ? "
ဆန်းကျစ် : " ငါ မသွားဘူး "
ယန်ကျန်းရု : " ဒါပေမယ့် သူတို့က ကျောင်းပေါက်ဝမှာ စောင့်နေကြတာ ..."
" နင် သွားချင်ရင် သွားလိုက် " ဆန်းကျစ်ကပြောလိုက်တယ် " ငါ ဒီနေ့စိတ်မပါဘူး "
" အာ... ဘာလို့လည်း "
ဆန်းကျစ်က သူမရဲ့ဖုန်းကို ကြည့်နေရင်း ဆန်းယန်ရဲ့အဖြေကို စောင့်နေတယ် " ငါ သူတို့ကို ပြောမှာမဟူတ်ဘူး " ( သူတို့ဆိုတာက သူ့မရဲ့ အဖေနဲ့အမေကိုပြောတာပါ )
" ဒါပေမယ့် နင့်ရဲ့ အဖေနဲ့ အမေသာမလာခဲ့ရင် ၊ ချန်တူတို (ချန်ထိပ်ပြောင်) က သူတို့ကိုဖုန်းဆက်လိမ့်မယ် "
" အဲ့တာက အဆင်ပြေတယ် "
" ငါ့ရဲ့ အကိုကို လာခဲ့ဖို့ ခေါ်ခဲ့မယ်" လို့ မပြောခင်မှာပဲ မက်ဆေ့စ်တစ်ခု ဝင်လာတယ် ။
ဆန်းယန် : " ? "
ဆန်းယန် : " ငါ မလုပ်ဘူး " ( အကိုကြီးက ဘာမှတောင်မပြောရသေးဘူးကို တန်းသိနေတယ် 🤣)
ဆန်းကျစ် : " ......... "
2/11/2021
@yuki🐱
Bạn đang đọc truyện trên: Truyen2U.Com