အက်ဥ္းခ်ဳပ္
ဆန္းက်စ္သည္ အသက္ဆယ့္သုံးႏွစ္အရြယ္တြင္ ေယာက္်ားေလးတစ္ေယာက္ကို သေဘာက်ခဲ့မိသည္။ ထိုလူက ေအးစက္စက္နဲ႔ ပ်င္းရိပုံေပၚကာ ဂ႐ုမစိုက္သလို အျမဲေျပာဆိုေလ့ရွိသည္။ သူက သူမအိမ္ကို မၾကာခဏ လာေလ့ရွိကာ တေန႔ခင္းလုံး သူမအစ္ကိုရဲ့အခန္းထဲမွာ ဂိမ္းေဆာ့ေနေလ့ရွိသည္။
ရံဖန္ရံခါ သူမ အသီးအႏွံမ်ား သယ္ကာ ဝင္လာသည္ကို ေတြ႕ခ်ိန္တြင္ ဂ႐ုမစိုက္ဟန္ျဖင့္ မ်က္ခြံမ်ားကို ပင့္႐ုံမၽွသာ ပင့္ထား၍ ဗီလိန္တစ္ေယာက္လို ျပဳံးျပလာၿပီး " ကေလးေလး၊ ဘာျဖစ္လို႔ ေကာေကာကို ေတြ႕တာနဲ႔ မင္းရဲ့မ်က္ႏွာက နီလာတာလဲ "
ဤဝတၳဳသည္ ငယ္ရြယ္သည့္ ဆန္းက်စ္ႏွင့္ တြမ့္က်ားရႊီတို႔၏ဘဝဇာတ္ေၾကာင္းကို ဇာတ္ေၾကာင္းျပန္ထားျခင္းျဖစ္သည္။ ဆန္းက်စ္သည္ သူမထက္ အသက္ခုနစ္ႏွစ္ႀကီးေသာ တြမ့္က်ားရႊီအား သူမ၏ေကာေကာ (အစ္ကို ဆန္းယန္) မွတဆင့္ သိခြင့္ရခဲ့သည္။
သူတို႔ရဲ့အျပန္အလွန္ ထိေတြ႕ဆက္ဆံမႈမ်ားေၾကာင့္ ဆန္းက်စ္ေလးသည္ တြမ့္က်ားရႊီအား စတင္သေဘာက်မိလာေတာ့သည္။ ၎မွာ သူမ ငယ္ရြယ္စဥ္မွ အရြယ္ေရာက္သည္အထိပင္။ ဘြဲ႕ရၿပီးေနာက္ တြမ့္က်ားရႊီသည္ အိမ္ျပန္ကာ အလုပ္ႀကိဳးစားေနတာေၾကာင့္ သူတို႔နဲ႔လည္း အဆက္အသြယ္ျပတ္သြားေတာ့သည္။
သူ ရွိေနသည့္ ၿမိဳ႕၌ ဆန္းက်စ္ တကၠသိုလ္လာတက္ၿပီးေနာက္မွသာ ဆန္းက်စ္ႏွင့္ တြမ့္က်ားရႊီတို႔ ျပန္ဆက္သြယ္မိေတာ့သည္။ တစ္ေန႔တျခား ရင္းႏွီးလာေသာ အျပန္အလွန္ဆက္ဆံမႈေၾကာင့္ ဆန္းက်စ္သည္ သူမက တြမ့္က်ားရႊီ၏ဝန္ထုပ္ဝန္ပိုးအရင္းအျမစ္ျဖစ္မွန္း သတိျပဳမိသြားေတာ့သည္။ ဆန္းက်စ္၏အေဖာ္ျပဳေပးမႈႏွင့္အတူ တြမ့္က်ားရႊီသည္လည္း ထိုအရာကို လက္လႊတ္လိုက္ကာ သူမႏွင့္ ဆက္ဆံေရးအသစ္ စျပဳလာေတာ့သည္။
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
ဆန်းကျစ်သည် အသက်ဆယ့်သုံးနှစ်အရွယ်တွင် ယောက်ျားေလးတစ်ယောက်ကို သဘောကျခဲ့မိသည်။ ထိုလူက အေးစက်စက်နဲ့ ပျင်းရိပုံပေါ်ကာ ဂရုမစိုက်သလို အမြဲပြောဆိုလေ့ရှိသည်။ သူက သူမအိမ်ကို မကြာခဏ လာလေ့ရှိကာ တနေ့ခင်းလုံး သူမအစ်ကိုရဲ့အခန်းထဲမှာ ဂိမ်းဆော့နေလေ့ရှိသည်။
ရံဖန်ရံခါ သူမ အသီးအနှံများ သယ်ကာ ဝင်လာသည်ကို တွေ့ချိန်တွင် ဂရုမစိုက်ဟန်ဖြင့် မျက်ခွံများကို ပင့်ရုံမျှသာ ပင့်ထား၍ ဗီလိန်တစ်ယောက်လို ပြုံးပြလာပြီး " ကလေးလေး၊ ဘာဖြစ်လို့ ကောကောကို တွေ့တာနဲ့ မင်းရဲ့မျက်နှာက နီလာတာလဲ "
ဤဝတ္ထုသည် ငယ်ရွယ်သည့် ဆန်းကျစ်နှင့် တွမ့်ကျားရွှီတို့၏ဘဝဇာတ်ကြောင်းကို ဇာတ်ကြောင်းပြန်ထားခြင်းဖြစ်သည်။ ဆန်းကျစ်သည် သူမထက် အသက်ခုနစ်နှစ်ကြီးသော တွမ့်ကျားရွှီအား သူမ၏ကောကော (အစ်ကို ဆန်းယန်) မှတဆင့် သိခွင့်ရခဲ့သည်။
သူတို့ရဲ့အပြန်အလှန် ထိတွေ့ဆက်ဆံမှုများကြောင့် ဆန်းကျစ်လေးသည် တွမ့်ကျားရွှီအား စတင်သဘောကျမိလာတော့သည်။ ၎င်းမှာ သူမ ငယ်ရွယ်စဉ်မှ အရွယ်ရောက်သည်အထိပင်။ ဘွဲ့ရပြီးနောက် တွမ့်ကျားရွှီသည် အိမ်ပြန်ကာ အလုပ်ကြိုးစားနေတာကြောင့် သူတို့နဲ့လည်း အဆက်အသွယ်ပြတ်သွားတော့သည်။
သူ ရှိနေသည့် မြို့၌ ဆန်းကျစ် တက္ကသိုလ်လာတက်ပြီးနောက်မှသာ ဆန်းကျစ်နှင့် တွမ့်ကျားရွှီတို့ ပြန်ဆက်သွယ်မိတော့သည်။ တစ်နေ့တခြား ရင်းနှီးလာသော အပြန်အလှန်ဆက်ဆံမှုကြောင့် ဆန်းကျစ်သည် သူမက တွမ့်ကျားရွှီ၏ဝန်ထုပ်ဝန်ပိုးအရင်းအမြစ်ဖြစ်မှန်း သတိပြုမိသွားတော့သည်။ ဆန်းကျစ်၏အဖော်ပြုပေးမှုနှင့်အတူ တွမ့်ကျားရွှီသည်လည်း ထိုအရာကို လက်လွှတ်လိုက်ကာ သူမနှင့် ဆက်ဆံရေးအသစ် စပြုလာတော့သည်။
Bạn đang đọc truyện trên: Truyen2U.Com