Truyen2U.Net quay lại rồi đây! Các bạn truy cập Truyen2U.Com. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥
15
သူ ရွာထဲသို့ဝင်သွားတော့ အစိမ်းရောင် လှပသော ဇိုင်းကွက်များတွင် အရောင်တောက်တောက် ကျောက်များသီထားသည့် ဝတ်စုံ များကိုဝတ်ထားက အလယ်ရှိမီးပုံ ကြီးတွင်မီးလှုံနေကြပြီး ကလေးအချို့ကပြေးလွှားနေကြသည်။
" ရောင်းတယ်??? "
"လှလိုက်တာ "
"အမ် ဒါပေမယ့်"
"တော.တောနက်ထဲက "
"ဟုတ်တယ် "
uni
မိုမို တို့ ခရီးဆက်နေတာ သုံးရက်ကြာပြီဖြစ်ကာ မကြာခင် ဥဒေါင်း ရွာသို့ရောက်လာသည်။
ဥဒေါင်းရွာက ဆောင်းဝင်ပြီဖြစ်သော်လည်းဆောင်းမခိုကြသေးပေ။ မိုမိုကြောင်ကြည့်နေတာကြောင့်ဖုန်းကျင်းကရှင်းပြသည်။
"ဥဒေါင်းတွေက တစ်ခြားသူတွေထက်ဆောင်းခိုတာနောက်ကျတယ် သူတို့ကဆောင်းဝင်ပြီး နှစ်လကျော်ကျော်လောက်မှဆောင်းခို လေ့ရှိကြတယ်လေ ပြောကြတာကတော့ဆောင်းက ဘာဆိုလား ကိုယ်လည်းမမှတ်မိတော့ဘူး"
"ရပါတယ် ကိစ္စမရှိပါဘူး "
မိုမို ဇိုင်းရွက် တွေထည့်ထားသည့် ခြင်းကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ အလုပ်ဖြစ်ပါစေလို့မျှော်လင့်ပါတယ်။
သူ ရွာထဲသို့ဝင်သွားတော့ အစိမ်းရောင် လှပေသာ ဇိုင်းရွက်များတွင် အရောင်တောက်တောက် ကျောက်များသီထားသည့် ဝတ်စုံ များကိုဝတ်ထားက အလယ်ရှိမီးပုံ ကြီးတွင်မီးလှုံနေကြပြီး ကလေးအချို့ကပြေးလွှားနေကြသည်။
ရုတ်တရက် ထိုသက်သောင့်သက်သာ ရှိသော လေထုက ပြိုကွဲသွားကာ အားလုံးက သူတို့ကိုသတိထားကြည့်နေကြသည်။
လူနှစ်ယောက်နဲ့ အကောင်နှစ်ကောင်ကတော့ နေရာမှာတင် ခဲသွားကြပြီး နောက်ဆုံးတော့ မိုမို ကရှေ့သွားကာ နှုတ်ဆက်လိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က မိုမို ပါ ဒီဘက်ကတစ်ယောက်က ဖုန်းကျင်း ကျွန်တော်တို့ကကုန်သည်တွေပါ"
ထိုလူတွေက သူတို့ကိုအချိန်အတော်ကြာ စိုက်ကြည့်ပြီး အန္တရာယ်မရှိတာ သေချာမှ အမ တစ်ယောက်က သိချင်စိတ်ပြင်းပြသော အသံသေးသေးလေးနှင့်မေးလာသည်။
"ကုန်သည်ဆိုတာက ဘာကြီးလည်း "
"ကုန်သည်ဆိုတာက ပစ္စည်းတွေ လဲလှယ် ရောင်းချတဲ့သူတွေပါ "
မိုမိုကရှင်းပြလိုက်သည်။
" ရောင်းတယ်??? "
ကျန်သည့်လူတွေက အနည်းငယ်တွေဝေနေတာတွေ့တော့မိုမိုက အသေးစိတ်ရှင်းပြလိုက်သည်။
"ရောင်းတယ်ဆိုတာက ကိုယ့်မှာရှိတယ့်ပစ္စည်းတွေကို အဲ့ကစ္စည်းတန်ဖိုးနဲ့ တန်တဲ့ အရာတစ်ခုနဲ့ပေးပြီးယူရတာ လဲလှယ်တာက ကိုယ်ထံမှာရှိတယ့်ပစ္စည်းနဲ့ သူများဆီမှာရှိတယ့်ပစ္စည်းကို ညှိုနှိုင်းပြီး ယူတာပါ"
"အဲ့လိုလား ဒါဆို ဒီကဘာရောင်းတာလည်း"
အမတစ်ယောက်က အံ့ဩသင့်နေသောလေသံဖြင့်မေးလာသည်။
မိုမို ကသူသယ်ထားသော ခြင်းကိုချကာ အထဲက အရောင်မျိုးစုံရှိသော ဇိုင်းရွက်များကိုထုတ်ပြလိုက်သည်။
အလှကြိုက်သော ဥဒေါင်းအချို့က ချက်ချင်းသူ့နားဝိုင်းအုံလာကြပြီး အံဩတကြီး အချင်းချင်းပြောဆိုနေကြသည်။
"ဒါဇိုင်းရွက်မဟုတ်လား"
"လှလိုက်တာ "
"ဇိုင်းရွက်ကနေအနံ့မွေးမွေးလေးတစ်ခုရတယ်ရော်"
"ဒါကိုဘယ်လိုလဲလှယ်ရမလဲ"
မိုမိုထိုအမေးကိုကြားတော့အနည်းငယ်ရှက်သွားသည်။ အဲ့အတွက်သူမစဉ်းစားရသေးပေ။
"အသားအချို့နဲ့ဆိုရပါတယ်"
ဖုန်းကျင်းကဝင်ပြောလိုက်သည်။
"အမ် ဒါပေမယ့်"
တွေဝေနေတာတွေ့တော့ဖုန်းကျင်းက
"ဒါမျိုးဇိုင်းရွက်တွေဆိုတာမရှိတော့ဘူးနော် ကျွန်တော်တို့ကတောနက်ထဲကနေ ခူးလာတာ "
"တော.တောနက်ထဲက "
မိန်းမတစ်ယောက်ကထိတ်လန့်သံထွက်လာသည်။
"ဟုတ်တယ် "
ဖုန်းကျင်းက ယုံကြည်ချက်အပြည့်ဖြင့်ပြန်ဖြေလိုက်သည်။ သူပုံစံက အတည်ပြေ နေသလိုဖြစ်နေတာကြောင့် ထိုမိန်းမက အနည်းငယ်တွန့်ဆုတ်နေပြီးနောက် အသားစိမ်းအချို့နှင့် ဇိုင်းရွက်ကို လဲလှယ်ခဲ့သည်။
ထို့နောက်တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်လဲလှယ်သည်မှာ ဇိုင်းရွက်များကုန်သည်ထိပင်။
သူတို့ခြင်းထဲတွင်အသားတော်တော်များများ.ရှိနေကာ နှစ်လလောက်တော့ချွေတာ စားရင်လောက်နိုင်လေသည်။
ဥဒေါင်း ရွာသူကြီးက သူတို့ကို ရွာတွင် နားရန်ခေါ်သော်လည်းလက်မခံခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် အရမ်းအေးမလာခင် ဆောင်းခိုရန်ပြင်ဆင်ရမှာကြောင့် တောနက်ထဲ ခရီးဆက်ရတော့မည်ဖြစ်တာကြောင့်ပင်ဖြစ်သည်။
Bạn đang đọc truyện trên: Truyen2U.Com