18
"ဆိုေတာ့ ဒါက ဒီတစ္ေခါက္ေခၚလာတဲ့လူသားလား"
ေရသူထီးဘုရင့ႀကီးက ေမးလိုက္သည္။
မိုမိုေဘး႐ွိေရသူထီးမွာေလးစားမႈ့မ်ားနဗင့္ ျပည့္ေနေသာ အသံျဖင့္ ျပန္ေျဖေလ
သည္။ ထိုေရသူထီးအေျဖကိုၾကားေတာ့ ေရသူထီးဘုရင္ကျပံဳးကာ မိုမိုကိုၾကည့္လာသည္။
"ေတြ႔ရတာဝမ္းသာပါတယ္ ကုန္းေပၚက သက္႐ွိ"
"အမ္.. အာ ဟုတ္ကဲ့ ေတြ႔ရတာဝမ္းသာပါတယ္ "
မိုမိုက ျပန္ေျဖလိုက္သည္။
ေရသူဘုရင္ႀကီးက သူ႔လက္ကိုေျမႇာက္ကာ အနည္းငယ္ခါျပလိုက္ေတာ့ ခန္းမထဲက ေရသူအေစာင့္ေတြႏွင့္ သူ႔ေညးကေရသူေတြအကုန္ထြက္သြားၾကသည္။
ယခုဆို ခန္းမထဲ ေရသူဘုရင္မ ရယ္ ေရသူဘုရင္ႏွင့္ သူသာက်န္ခဲ့သည္။
"ပြင့္ပြင့္လင္းလင္းဘဲေျပာၾကတာေပါ့"
ေရသူဘုရင္မကေျပာလာသည္။ သူမအသံက အလြန္ကိုညိဳ႕ငင္ႏိုင္စြမ္း႐ွိကာ သူ (မိုမို) အရင္ကၾကားဖူးေသာ ဒဏၰာရီ ပံုျပင္ထဲက ေရသူမမ်ားက သူမတို႔ရဲ႕အသံႏွင့္ သေဘၤာသားမ်ားကို ဆြဲေဆာင္သည့္ပံုျပင္မ်ားကိုသတိရသြားမိသည္။
မိုမို အခန္းအလယ္တြင္ေၾကာင္ေတာင္ေတာင္ေလး ရပ္ေနကာ ေရသူဘုရင္မ ဆက္ေျပာလာမွာကိုေစာင့္ေနသည္။
မိုမို တုန္႔ျပန္ပံုကိုၾကည့္ကာ ေရသူဘဳရင္မက သက္သာရာရပံုျဖင့္ သက္ျပင္းခ်ကာ ေဘးကေရသူဘုရင္က သူ႔ရဲ႕မိတ္ဖက္ လက္ကို ပြတ္သပ္ကာ ႏွစ္သိမ့္ေပးေနသည္။
"လိုက္ခဲ့ လမ္းမွာ႐ွင္းျပမယ္"
ေရသူဘုရင္ကေျပာလိုက္သည္၊၊ ထို႔ေနာက္ ပလႅင္ေပၚမွ ထလိုက္သည္။မိုမို ခုမွသတိထားမိသည္။ ေရသူဘုရင္ႏွင့္ ဘုရင္မ တို႔ရဲ႕အၿမီး အဖ်ားနားတြင္ တြဲေလာင္းက်ေနသာ အလင္းထုတ္သည့္ ခရစ္စတယ္မ်ား တြဲေလာင္းက်ေနကာ အလြန္ကိုလွပလြန္းသည္။
မိုမိုက ေရသူမဟုတ္တာေၾကာင့္ သူ႔ရဲ႕ေရကူး႐ွိန္ကအေတာ္ေလးေႏွးသည္။ ထို႔ေၾကာင့္ ေရသူဘုရင္ႏွင့္ဘုရင္မ က သူ႔ကိုေစာင့္ကာျဖည္းျဖည္းခ်င္းကူးခက္ေနသည္။
ထိုအျပဳမူေၾကာင့္မိုမိုက ထိုေရသူစံုတြဲေပၚ လူေကာင္းအမွတ္မ်ားကိုတိုးျမႇင့္ေပးမိသည္။
"ပထမဆံုးမိတ္ဆက္ရေအာင္"
ေရသူဘုရင္မက သြားေနရင္းေျပာလာသည္။
"ငါက ဘယ္လ္ လို႔ေခၚတယ္ ေရသူေတြရဲ႕ဘုရင္မေပါ့ ငါ့ေဘးက ေယာက္်ားက ငါ့ရဲ႕တြဲဖက္ အန္းနစ္ ေရသူေတြရဲ႕ဘုရင္"
"ကြၽန္ေတာ္ကမိုမိုပါ"
မိုမိုက ေရသူဘုရင္မ ႏွင့္စကားေျပာရတာ သက္ေသာင့္သက္သာ ႐ွိသလိုခံစားရေစသည္။ ဘာေၾကာင့္ဆို ေတာ္ဝင္မ်ိဳးႏြယ္ေတြက ကိန္းႀကီးကိန္းခန္းျဖင့္ အေခၚေဝၚမ်ားကိုသူမသိသလို ေခၚလည္းမေခၚတက္ေပ။
ခုလို ေရသူဘုရင္မ က နင္ ႏွင့္ ငါ ကဲ့သို႔ ရင္းႏွီးၿပီးေျပာရလြယ့ေသာ အသံုးႏႈန္းေၾကာင့္သူ႔အတြက္အဆင္ေျပေစသည္။
"ဟုတ္ၿပီ မိုမို မင္းမတိုင္ခင္တုန္းက ငါတို႔လူသားအမ်ားႀကီးကိုေခၚလာခဲ့ဖူးတယ္ ေျပာရရင္အဲ့လူသားေတြက ေရေအာက္မွာ တစ္ရက္ေတာင္မေနႏိုင္ဘဲ ေသရင္ေသ မေသရင္ ထြက္ေျပးသြားၾကတယ္။ အစက ဘာျဖစ္လို႔လည္းလို႔အေျဖ႐ွာခဲ့တာ ေနာက္ေတာ့လူသားေတြက ေရေအာက္မွာအသပ္မ႐ႈႏိုင္ဘူးတဲ့ေလ အာ့ေၾကာင့္ငါတို႔ကေရေအာက္မွာအသက္႐ႈႏိုင္ေအာင္ေမွာ္ပညာအခ်ိဳ႕ကိုေလ့လာခဲ့တယ္။
ဒါေပမယ့္မထူးဘူး အဲ့လူသားေတြက အရင္ကထက္ေတာင္ ေသဆံုးတာျမန္ေနတာဘဲ ေနာက္ေတာ့ ငါတို႔က လူသားေတြ႐ွာေဖြတာကိုလက္ေလ်ွာ့လိုက္တယ္"
"အမ္..... လူသားေတြကို႐ွာၿပီးဘာလုပ္မို႔လည္းေမးလို႔ရမလား"
မိုမိုက စကားျဖတ္ကာအဓိကေနရာကိုေမးလိုက္သည္။
"ရတာေပါ့ ဒါကို ဒါကိုေအာ္႐ိုခရစ္စတယ္လို႔ေခၚတယ္ "
ထိုသို႔ေျပာရင္းေရသူမက သူမအၿမီးႏွင့္ သရဖူ႐ွိ ခရစ္စတယ္ကိုၫႊန္ျပလိုက္သည္။
"ဒါက ေရသူတိုင္းျပည္ရဲ႕ ရတာနာဘဲ ေအာ္႐ိုေက်ာက္ေတြမွာ ေမွာ္( mana ) ေတြအရမ္းမ်ားတာေၾကာင့္ ေတာ္ရံုလူေတြက အဲ့ေက်ာက္ကိုတူးဖို႔ဆိုတာမျဖစ္ႏိုင္ဘူး။ေအာ္႐ို ေက်ာက္ေတြကို ေရသူတိုင္းျပည္ရဲ႕ အေနာက္မွာ႐ွိတယ့္မိုင္းကေနတူးၾကတယ္။
ဒီတိုင္းျပည္မွာမင္းသား ႏွစ္ေယာက္႐ွိတယ္ တစ္ေယာက္က ခရစ္ သူကအထီးျဖစ္ၿပီး အငယ္ကကေတာ့ ေတာ့ရစ္ လို႔ေခၚတယ္ သူကအမတစ္ေယာက္ ေတာ့ရစ္ကငယ္ငယ္ကတည္းက သိလိုစိတ္မ်ားတယ္ေလ ေအာအ႐ိုမိုင္းကတားျဖစ္ေနရာျဖစ္တာေၾကာင့္ ေတာ့ရစ္ကအျမဲသြားခ်င္ေနတာ စိတ္မေကာင္းစရာက သူ႔မွာေမွာ္ပါရမီပါမလာဘူးေလ လြန္ခဲ့တဲ့တစ္ႏွစ္က ေအာ္႐ိုမိုင္းတြင္းထဲကို ခိုးဝင္သြားခဲ့ၿပီး ေမွာ္ အစြမ္းေတြကအစုလိုက္ သူ႔ခႏၱာကိုယ္ထဲ စုျပံဳၿပီးဝင္လာတယ္ေလ သူကအစတည္းကေမွာ္ပညာ တက္ေျမာက္မႈ့မ႐ွိေတာ့ ေမွာ္ေတြကိုထုတ္ယူလို႔မရဘူးေလ။
တိုင္းျပည္ရဲ႕ေမွာ္ဆရာကေျပာတာကေတာ့ လူသားရဲ႕ေသြးကသာ သူ႔ရဲ႕ေရာဂါကိုေပ်ာက္ကင္းေစမွာတဲ့ "
ေျပာရင္း ဘယ္လ္ ရဲ႕မ်က့ဝန္းမွ အျပာေရာင္မ်က္ရည္တို႔စီးက်လာကာ သူ႔မေညးက အန္းနစ္က သူမမ်က္ရည္ေတြကိုသုတ္ေပးလာသည္။
ထို႔ေနာက္သူ႔ကိုအခန္းတစ္ခုထဲသို႔ေခၚသြားေလသည္။ ထူးျခားသည္က ထိုအခန္းထဲတြင္ေရမ႐ွိဘဲ ကုန္းေပၚက ေနအိမ္ကဲ့သို႔ပင္။ ေရသူစံုတြဲမွာ ႐ုတ္တရက္သူတို႔အၿမီးမ်ားက ဘူသားေျခေထာက္အျဖစ္ေျပာင္းလဲသြားသည္။
ဘယ္လ္ ကေတာ့လွပသည့္ဂါဝန္ဝတ္ထားေသာ မိန္းမပ်ိဳေလးအျဖစ္ေျပာင္းသြားကာ အန္းနစ္ကေတာ့ ေဘာင္းဘီ႐ွည္ႏွင့္ ႐ွပ္ဝတ္ထားသည့္လူေခ်ာတစ္ေယာက္ုဖစ္သြားသည္။
"မေၾကာက္ပါနဲ႔ ဒါက ေတာ္ဝင္မိသားစုရဲ႕ အထူးအစြမ္းေလ ထိုင္ပါ"
ဘယ္လ္က ေျပာရင္းအခန္းအလယ္ကခံုကိုၫႊန္ျပလိုက္သည္။
"ကြၽန္ေတာ္ကူညီတာေတာ့ရပါတယ္ ဒါေပမယ့္ ကြၽန္ေတာ့္သူငယ္ခ်င္းေတြကေရာ"
မိုမိုကေမးလိုက္သည္။ အကယ္၍ ေရသူစံုတြဲက သူ႔ေသြးအနည္းငယ္ကိုလိုခ်င္တယ္ ဆိုလ်ွင္ ကိစၥမ႐ွိေပ သူကူညီလို႔ရသည္။ ဒါေပမယ့္ သူ႔သူငယ္ခ်င္းေတြကိုေတာ့ အႏၱရာယ္ မျဖစ္ေစခ်င္ေပ။
"သူငယ္ခ်င္း?"
ဘယ္လ္က နားမလည္သည့္အသံျပာလိုက္သည္၊ မၾကာခင္ တံခါးဝမွာ ၾကယ္ေလာင္ေသာ အသံကိုၾကားလိုက္ရသည္။
"အား... စိတ္႐ႈပ္စရာအေကာင္ေတြ ငါ့ကိုယ္ေပၚကေနဖယ္ၾကစမ္း အား နာတယ္မကုတ္နဲ႔ "
လူတစ္ေယာက္နဲ႔ အေကာင္သံုးေကာင္ဟာ လံုးေထြးသတ္ပုတ္ရင္း အခန္းထဲဝင္လာသည္။ ဟုတ္သည္ မင္းတို႔ဖတ္တာမမွားဘူး လူတစ္ေယာက္ဘဲ ။
"ေျမာင္!!!!!!"
"မီမီ "
မိုမို သူ႔ထံပစ္ဝင္လာေသာ အေမႊးပြအလံုးေလးကို ဖမ္းလိုက္ကာေပ်ာ္ရႊင္စြာ ေျပာလိုက္သည္။
"ေျမာင္... ေျမာင္ေျမာင္ေျမာင္, ေျမာင္ေျမာင္"
သခင္သိလား အဲ့လူကအက်င့္တစ္စက္မွမေကာင္းဘူး မီမီ ကိုသူက အသားဟင္းလုပ္မယ္လို႔ေျပာေနတယ္ ။
မီမီ ေလးမွာ သူၾကံဳသမ်ွကိုတိုက္ေနေသာ္လည္ူမိုမိုက ေၾကာင္စကားနားမလည္သည္ကေတာ့ဝမ္းနည္းစရာပင္။
"ဖုန္းက်င္း ေဟြ႔လံုအဆင္ေျပျကလား "
"ေျပပါတယ္ "
ဖုန္းက်င္းက အခန္းထဲဝင္လာေသာလူရဲ႕ ဆံပင္ကို သူ႔ေျခသည္းျဖင့္ ကုတ္ဆြဲရာမွာ မိုမိုထံ ပ်ံလာၿပီးလူပံုေျပာင္းကာေျဖသည္။ ေဟြ႔လံကေတာ့သူ႔ရဲ႕ ေႁမြကိုယ္ျဖင့္ ထိုလူထူးဆန္းရဲ႕ လည္ပင္းကိုရစ္ပတ္ေနကာ သူ႔လုပ္ရက္ကိုၾကည့္ရတာ ထိုလူကို လည္ပင္းညစ္ခ်င္ေနပံုပင္။
" ကိုယ္လည္းအဆင္ေျပပါတယ္"
ေဟြ႔လံုကလူပံုေျပာင္းကာေျပာရင္း မိုမိုထံလာကာ သားရဲပံုျဖင့္ မိုမိုလက္ကိုရစ္ပတ္လိုက္သည္။
uni
"ဆိုတော့ ဒါက ဒီတစ်ခေါက်ခေါ်လာတဲ့လူသားလား"
ရေသူထီးဘုရင့ကြီးက မေးလိုက်သည်။
မိုမိုဘေးရှိရေသူထီးမှာလေးစားမှု့များနဗင့် ပြည့်နေသော အသံဖြင့် ပြန်ဖြေလေ
သည်။ ထိုရေသူထီးအဖြေကိုကြားတော့ ရေသူထီးဘုရင်ကပြုံးကာ မိုမိုကိုကြည့်လာသည်။
"တွေ့ရတာဝမ်းသာပါတယ် ကုန်းပေါ်က သက်ရှိ"
"အမ်.. အာ ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် "
မိုမိုက ပြန်ဖြေလိုက်သည်။
ရေသူဘုရင်ကြီးက သူ့လက်ကိုမြှောက်ကာ အနည်းငယ်ခါပြလိုက်တော့ ခန်းမထဲက ရေသူအစောင့်တွေနှင့် သူ့ညေးကရေသူတွေအကုန်ထွက်သွားကြသည်။
ယခုဆို ခန်းမထဲ ရေသူဘုရင်မ ရယ် ရေသူဘုရင်နှင့် သူသာကျန်ခဲ့သည်။
"ပွင့်ပွင့်လင်းလင်းဘဲပြောကြတာပေါ့"
ရေသူဘုရင်မကပြောလာသည်။ သူမအသံက အလွန်ကိုညို့ငင်နိုင်စွမ်းရှိကာ သူ (မိုမို) အရင်ကကြားဖူးသော ဒဏ္ဏာရီ ပုံပြင်ထဲက ရေသူမများက သူမတို့ရဲ့အသံနှင့် သငေ်္ဘာသားများကို ဆွဲဆောင်သည့်ပုံပြင်များကိုသတိရသွားမိသည်။
မိုမို အခန်းအလယ်တွင်ကြောင်တောင်တောင်လေး ရပ်နေကာ ရေသူဘုရင်မ ဆက်ပြောလာမှာကိုစောင့်နေသည်။
မိုမို တုန့်ပြန်ပုံကိုကြည့်ကာ ရေသူဘုရင်မက သက်သာရာရပုံဖြင့် သက်ပြင်းချကာ ဘေးကရေသူဘုရင်က သူ့ရဲ့မိတ်ဖက် လက္ကို ပြတ္သပ္ကာ နှစ်သိမ့်ပေးနေသည်။
"လိုက်ခဲ့ လမ်းမှာရှင်းပြမယ်"
ရေသူဘုရင်ကပြောလိုက်သည်၊၊ ထို့နောက် ပလ္လင်ပေါ်မှ ထလိုက်သည်။မိုမို ခုမှသတိထားမိသည်။ ရေသူဘုရင်နှင့် ဘုရင်မ တို့ရဲ့အမြီး အဖျားနားတွင် တွဲလောင်းကျနေသာ အလင်းထုတ်သည့် ခရစ္စတယ္မ်ား တွဲလောင်းကျနေကာ အလွန်ကိုလှပလွန်းသည်။
မိုမိုက ရေသူမဟုတ်တာကြောင့် သူ့ရဲ့ရေကူးရှိန်ကအတော်လေးနှေးသည်။ ထို့ကြောင့် ရေသူဘုရင်နှင့်ဘုရင်မ က သူ့ကိုစောင့်ကာဖြည်းဖြည်းချင်းကူးခက်နေသည်။
ထိုအပြုမူကြောင့်မိုမိုက ထိုရေသူစုံတွဲပေါ် လူကောင်းအမှတ်များကိုတိုးမြှင့်ပေးမိသည်။
"ပထမဆုံးမိတ်ဆက်ရအောင်"
ရေသူဘုရင်မက သွားနေရင်းပြောလာသည်။
"ငါက ဘယ်လ် လို့ခေါ်တယ် ရေသူတွေရဲ့ဘုရင်မပေါ့ ငါ့ဘေးက ယောက်ျားက ငါ့ရဲ့တွဲဖက် အန်းနစ် ရေသူတွေရဲ့ဘုရင်"
"ကျွန်တော်ကမိုမိုပါ"
မိုမိုက ရေသူဘုရင်မ နှင့်စကားပြောရတာ သက်သောင့်သက်သာ ရှိသလိုခံစားရစေသည်။ ဘာကြောင့်ဆို တော်ဝင်မျိုးနွယ်တွေက ကိန်းကြီးကိန်းခန်းဖြင့် အခေါ်ဝေါ်များကိုသူမသိသလို ခေါ်လည်းမခေါ်တက်ပေ။
ခုလို ရေသူဘုရင်မ က နင် နှင့် ငါ ကဲ့သို့ ရင်းနှီးပြီးပြောရလွယ့သော အသုံးနှုန်းကြောင့်သူ့အတွက်အဆင်ပြေစေသည်။
"ဟုတ်ပြီ မိုမို မင်းမတိုင်ခင်တုန်းက ငါတို့လူသားအများကြီးကိုခေါ်လာခဲ့ဖူးတယ် ပြောရရင်အဲ့လူသားတွေက ရေအောက်မှာ တစ်ရက်တောင်မနေနိုင်ဘဲ သေရင်သေ မသေရင် ထွက်ပြေးသွားကြတယ်။ အစက ဘာဖြစ်လို့လည်းလို့အဖြေရှာခဲ့တာ နောက်တော့လူသားတွေက ရေအောက်မှာအသပ်မရှုနိုင်ဘူးတဲ့လေ အာ့ကြောင့်ငါတို့ကရေအောက်မှာအသက်ရှုနိုင်အောင်မှော်ပညာအချို့ကိုလေ့လာခဲ့တယ်။
ဒါပေမယ့်မထူးဘူး အဲ့လူသားတွေက အရင်ကထက်တောင် သေဆုံးတာမြန်နေတာဘဲ နောက်တော့ ငါတို့က လူသားတွေရှာဖွေတာကိုလက်လျှော့လိုက်တယ်"
"အမ်..... လူသားတွေကိုရှာပြီးဘာလုပ်မို့လည်းမေးလို့ရမလား"
မိုမိုက စကားဖြတ်ကာအဓိကနေရာကိုမေးလိုက်သည်။
"ရတာပေါ့ ဒါကို ဒါကိုအော်ရိုခရစ်စတယ်လို့ခေါ်တယ် "
ထိုသို့ပြောရင်းရေသူမက သူမအမြီးနှင့် သရဖူရှိ ခရစ်စတယ်ကိုညွှန်ပြလိုက်သည်။
"ဒါက ရေသူတိုင်းပြည်ရဲ့ ရတာနာဘဲ အော်ရိုကျောက်တွေမှာ မှော်( mana ) တွေအရမ်းများတာကြောင့် တော်ရုံလူတွေက အဲ့ကျောက်ကိုတူးဖို့ဆိုတာမဖြစ်နိုင်ဘူး။အော်ရို ကျောက်တွေကို ရေသူတိုင်းပြည်ရဲ့ အနောက်မှာရှိတယ့်မိုင်းကနေတူးကြတယ်။
ဒီတိုင်းပြည်မှာမင်းသား နှစ်ယောက်ရှိတယ် တစ်ယောက်က ခရစ် သူကအထီးဖြစ်ပြီး အငယ္ကကေတာ့ တော့ရစ် လို့ခေါ်တယ် သူကအမတစ်ယောက် တော့ရစ်ကငယ်ငယ်ကတည်းက သိလိုစိတ်များတယ်လေ အောအရိုမိုင်းကတားဖြစ်နေရာဖြစ်တာကြောင့် တော့ရစ်ကအမြဲသွားချင်နေတာ စိတ်မကောင်းစရာက သူ့မှာမှော်ပါရမီပါမလာဘူးလေ လွန်ခဲ့တဲ့တစ်နှစ်က အော်ရိုမိုင်းတွင်းထဲကို ခိုးဝင်သွားခဲ့ပြီး မှော် အစွမ်းတွေကအစုလိုက် သူ့ခန္တာကိုယ်ထဲ စုပြုံပြီးဝင်လာတယ်လေ သူကအစတည်းကမှော်ပညာ တက်မြောက်မှု့မရှိတော့ မှော်တွေကိုထုတ်ယူလို့မရဘူးလေ။
တိုင်းပြည်ရဲ့မှော်ဆရာကပြောတာကတော့ လူသားရဲ့သွေးကသာ သူ့ရဲ့ရောဂါကိုပျောက်ကင်းစေမှာတဲ့ "
ပြောရင်း ဘယ်လ် ရဲ့မျက့ဝန်းမှ အပြာရောင်မျက်ရည်တို့စီးကျလာကာ သူ့မညေးက အန်းနစ်က သူမမျက်ရည်တွေကိုသုတ်ပေးလာသည်။
ထို့နောက်သူ့ကိုအခန်းတစ်ခုထဲသို့ခေါ်သွားလေသည်။ ထူးခြားသည်က ထိုအခန်းထဲတွင်ရေမရှိဘဲ ကုန်းပေါ်က နေအိမ်ကဲ့သို့ပင်။ ရေသူစုံတွဲမှာ ရုတ်တရက်သူတို့အမြီးများက ဘူသားခြေထောက်အဖြစ်ပြောင်းလဲသွားသည်။
ဘယ်လ် ကတော့လှပသည့်ဂါဝန်ဝတ်ထားသော မိန်းမပျိုလေးအဖြစ်ပြောင်းသွားကာ အန်းနစ်ကတော့ ဘောင်းဘီရှည်နှင့် ရှပ်ဝတ်ထားသည့်လူချောတစ်ယောက်ုဖစ်သွားသည်။
"မကြောက်ပါနဲ့ ဒါက တော်ဝင်မိသားစုရဲ့ အထူးအစွမ်းလေ ထိုင်ပါ"
ဘယ်လ်က ပြောရင်းအခန်းအလယ်ကခုံကိုညွှန်ပြလိုက်သည်။
"ကျွန်တော်ကူညီတာတော့ရပါတယ် ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းတွေကရော"
မိုမိုကမေးလိုက်သည်။ အကယ်၍ ရေသူစုံတွဲက သူ့သွေးအနည်းငယ်ကိုလိုချင်တယ် ဆိုလျှင် ကိစ္စမရှိပေ သူကူညီလို့ရသည်။ ဒါပေမယ့် သူ့သူငယ်ချင်းတွေကိုတော့ အန္တရာယ် မဖြစ်စေချင်ပေ။
"သူငယ်ချင်း?"
ဘယ်လ်က နားမလည်သည့်အသံပြာလိုက်သည်၊ မကြာခင် တံခါးဝမွာ ကြယ်လောင်သော အသံကိုကြားလိုက်ရသည်။
"အား... စိတ်ရှုပ်စရာအကောင်တွေ ငါ့ကိုယ်ပေါ်ကနေဖယ်ကြစမ်း အား နာတယ်မကုတ်နဲ့ "
လူတစ်ယောက်နဲ့ အကောင်သုံးကောင်ဟာ လုံးထွေးသတ်ပုတ်ရင်း အခန်းထဲဝင်လာသည်။ ဟုတ်သည် မင်းတို့ဖတ်တာမမှားဘူး လူတစ်ယောက်ဘဲ ။
"မြောင်!!!!!!"
"မီမီ "
မိုမို သူ့ထံပစ်ဝင်လာသော အမွှေးပွအလုံးလေးကို ဖမ်းလိုက်ကာပျော်ရွှင်စွာ ပြောလိုက်သည်။
"မြောင်... မြောင်မြောင်မြောင်, မြောင်မြောင်"
သခင်သိလား အဲ့လူကအကျင့်တစ်စက်မှမကောင်းဘူး မီမီ ကိုသူက အသားဟင်းလုပ်မယ်လို့ပြောနေတယ် ။
မီမီ လေးမှာ သူကြုံသမျှကိုတိုက်နေသော်လည်ူမိုမိုက ကြောင်စကားနားမလည်သည်ကတော့ဝမ်းနည်းစရာပင်။
"ဖုန်းကျင်း ဟွေ့လုံအဆင်ပြေကြလား "
"ပြေပါတယ် "
ဖုန်းကျင်းက အခန်းထဲဝင်လာသောလူရဲ့ ဆံပင်ကို သူ့ခြေသည်းဖြင့် ကုတ္ဆြဲရာမွာ မိုမိုထံ ပျံလာပြီးလူပုံပြောင်းကာဖြေသည်။ ဟွေ့လံကတော့သူ့ရဲ့ မြွေကိုယ်ဖြင့် ထိုလူထူးဆန်းရဲ့ လည်ပင်းကိုရစ်ပတ်နေကာ သူ့လုပ်ရက်ကိုကြည့်ရတာ ထိုလူကို လည်ပင်းညစ်ချင်နေပုံပင်။
" ကိုယ်လည်းအဆင်ပြေပါတယ်"
ဟွေ့လုံကလူပုံပြောင်းကာပြောရင်း မိုမိုထံလာကာ သားရဲပုံဖြင့် မိုမိုလက်ကိုရစ်ပတ်လိုက်သည်။
Bạn đang đọc truyện trên: Truyen2U.Com