Truyen2U.Net quay lại rồi đây! Các bạn truy cập Truyen2U.Com. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

6

သူ ဂူထဲေရာက္ေတာ့ သူေခၚလာတဲ့ ငွက္သားရဲက သူ႔ဂူထဲလွည့္ပတ္ၾကည့္ေနတာကိုျမင္လိုက္ရသည္။

ဖုန္းက်င္းက အနီေရာင္ ငွက္မ်ိဳးႏြယ္စုကျဖစ္သည္။ သူတို႔မ်ိဳးႏြယ္စုက သားရဲနတ္ဘုရားရဲ႕ ေကာင္းခ်ီး ေပးမႈ့ခံထားရေသာမ်ိဳးႏြယ္ျဖစ္ကာ အလြန္သန္မာေသာ သားရဲအထီး ေတြ႐ွိသည္။

ယခင္တုန္းကဆို သူတို႔ရဲ႕ ဘိုးေဘးေတြက မီးကို လိုသလို ထိန္းခ်ဳပ္နုိင္ၾကသည္လို႔ ဘုန္းေတာ္ႀကီးကေျပာဖူးကာ ဘုရားေက်ာင္းမွာလည္း ထိုအေၾကာင့းအရာမ်ားအေၾကာင္းကို ေရးသားထားေသာ က်မ္းစာမ်ား႐ွိေသးသည္။

အခ်ိန္ၾကာလာတာနဲ႔အမၽွ အနီေရာင္ ငွက္မ်ိဳးႏြယ္စုက မီးစြမ္းရည္ ႏိုးထလာ သူမ်ားနည္းသထက္ နည္းလာကာ ေနာက္ဆံုးတြင္ေတာ့ အသံုးျပဳႏိုင္သူမ်ားမ႐ွိေတာ့ဘဲ မီးရ႐ွိဖို႔ အမ ႏွင့္ မိန္းမ မ်ားကို သာ အားထားရေတာ့သည္။

သို႔ေသာ္ အနီေရာင္ငွက္မ်ိဳးႏြယ္စုကမီးစြမ္းရည္ မ႐ွိလည္း သန္မာေသာ အထီးမ်ားျဖစ္ကာ ပ်ံႏိုင္ေသာေၾကာင့္ အမ မ်ားႏွင့္ မိန္းမ တိုင္း သူတို႔ကို မိတ္ဖက္ျဖစ္ေစခ်င္ၾကကာ အျခားေသာ မ်ိဳးႏြယ္စုက အမ ႏွင့္ မိန္းမမ်ား လည္းအပါအဝင္ပင္ျဖစ္သည္။

သို႔ေသာ္ ထိုကဲ့သို႔ေသာ ထူးခြၽန္သန္မာသည့္ မ်ိဳးႏြယ္စုတြင္ ဖုန္းက်င္း က စုန္းျပဴး တစ္ေကာင္ပင္။

သူက အျခားသူမ်ားလို အျမင့္ႀကီး မပ်ံသန္းႏိုင္ဘဲ ေျမျပင္မွ အကြာအေဝး တစ္ခု အထိ ခပ္နိမ့္နိမ့္သာ ပ်ံႏိုင္ကာ အျခားသူမ်ားလို ပ်ံသန္းခ်ိန္ အျမင့္ကို လိုသလို မထိန္းခ်ဳပ္ႏိုင္ဘဲ ပံုေသ အျမင့္တစ္ခုအတြင္းတြင္သာ ပ်ံသန္းႏိုင္သည္။

ထို႔အျပင္ သူက အမဲလိုက္ ရာတြင္လည္း ညံ့ တာေၾကာင့္ မိန္းမမ်ားႏွင့္ အမ ေတြအတြက္ေတာ့ သူက အိမ္မက္ဆိုးႀကီးကဲ့သို႔ ျဖစ္ကာ အျခားေသာ အထီးမ်ား ကလည္းသူ႔ကို ၾကည့္မရေပ။

လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္ က သူ ေဆာင္းခိုရန္အတြက္ အမဲလိုက္ရာတြင္ ကံေကာင္းၿပီး သားေကာင္ အႀကီးႀကီးတစ္ေကာင္ ရ႐ွိ လာသည္။

ထိုသားေကာင္ကို သူတို႔မ်ိဳးႏြယ္စု ႐ွိအမတစ္ေယာက္က မ်က္စိက်သြားကာ သူ႔ဆီကေနလာေတာင္းသည္။

သူလည္းထိုအမ ကို အသားအနည္းငယ္ျဖတ္ေပးလိုက္သည္၊၊ သို႔ေသာ္ထိုအမက ထိုမ်ွေလာက္ႏွင့္မလံုေလာက္ဘဲ ေလာဘတက္ကာ သူ႔ရဲ႕ မိတ္ဖက္သားရဲ အထီးမ်ား ကို သူ႔ ( ဖုန္းက်င္း) ကို တိုက္ခိုက္ကာ သားေကာင္ကို လုခိုင္းေတာ့သည္။

ထိုအထီးမ်ားက သူ႔ထက္အမ်ားႀကီး သန္မာသည့္အျပင္ အဆင့္ ၅ တြင္႐ွိတာေၾကာင့္ အဆင့္ ၃ သာ႐ွိေသာ ဖုန္းက်င္း က ႐ွံုးကာ ဒဏ္ရာ အႀကီးအက်ယ္ရသြားေလသည္။ထို႔အျပင္ ထိုအထီးမ်ားက တစ္ေယာက္တည္းမဟုတ္ဘဲ ၃ ေယာက္ျဖစ္သည္။

သို႔ေသာ္ ထိုအထီးမ်ားက သူ႔ကို လႊတ္မေပးဘဲ ဆက္လက္တိုက္ခိုက္ခဲ့သည္၊၊ သူ အနီေရာင္ငွက္မ်ိဳးႏြယ္စု ရဲ႕ နယ္နိမိတ္စည္းကို ေက်ာ္သြားသည္အထိပ်ံသန္းသြားကာ ထိုအထီးမ်ားက သူနယ္နိမိတ္စည္း ေက်ာ္သြားတာကို ၾကည့္ၿပီး ေနာက္လွည့္ကာ သူ႔ရဲ႕သားေကာင္ကို ထိုအထီးမ်ားက ယူသြားျကသည္။

သူလည္း ဦးတည္ရာမ႐ွိ ပ်ံသန္းကာထြက္ေျပးလာရင္း လမ္းေပ်ာက္သြားသည္။ ထို႔အျပင္ အိမ္ျပန္လမ္း႐ွာရန္ သူပ်ံသန္းႏိုင္ေသာ အျမင့္ကလည္း မလံုေလာက္ေပ။

ထို႔ေၾကာင့္သူက ပ်ံသန္းရင္း ေတာအုပ္တစ္အုပ္ သို႔ေရာက္႐ွိသြားသည္။ ထိုအခ်ိန္တြင္ ေတာအုပ္အေနအထားကို ေသခ်ာမျမင္ရေလာက္ေအာင္ အပင္မ်ားက ႐ွည္လ်ား ထူထပ္ေနတာေၾကာင့္ သူ အေ႐ွ႕ကို ေသခ်ာမျမင္ရဘဲ အပင္မ်ားႏွင့္တိုက္မိကာ သူ႔ရဲ႕ ဒဏ္ရာက ပိုဆိုးလာတာေၾကာင့္ သူပ်ံႏိုင္ေသာအျမင့္ထက္ပို ပ်ံသန္းမိသြားသည္။

ထို႔ေၾကာင့္သူက သု႔ရဲ႕ အ႐ွိန္ကို မထိန္းႏိုင္တာေရာ သူ႔ဒဏ္ရာရဲ႕ အ႐ွိန္ ေၾကာင့္ပါ ေျမျပင္ေပၚကို ျပဳတ္က်သြားသည္။

သူေသေတာ့မည္ဟုထင္ေနခ်ိန္တြင္တစ္စံုတစ္ေယာက္က သူ႔ကို ကယ္တင္လိုက္တာကို ခံစားမိလိုက္သည္။

ထို႔ေၾကာင့္ သူလူအသြင္ေျပာင္းကာ အကူအညီေတာင္းလိုက္ၿပီးျပန္သတိလစ္သြားေလသည္။

အခ်ိန္ အခ်ိဳ႕ၾကာၿပီးေနာက္ သူျပန္သတိရလာေသာ္လည္း သူမ်က္စိေတာင္ ေကာင္းေကာင္း မဖြင့္ရေသးခင္မွာဘဲ သူ႔ေခါင္းက ခပ္မာမာ အရာတစ္ခုႏွင့္ အ႐ိုက္ခံရကာ ျပန္၍ေမ့သြားျပန္သည္။

uni

သူ ဂူထဲရောက်တော့ သူခေါ်လာတဲ့ ငှက်သားရဲက သူ့ဂူထဲလှည့်ပတ်ကြည့်နေတာကိုမြင်လိုက်ရသည်။

ဖုန်းကျင်းက အနီရောင် ငှက်မျိုးနွယ်စုကဖြစ်သည်။ သူတို့မျိုးနွယ်စုက သားရဲနတ်ဘုရားရဲ့ ကောင်းချီး ပေးမှု့ခံထားရသောမျိုးနွယ်ဖြစ်ကာ အလွန်သန်မာသော သားရဲအထီး တွေရှိသည်။

ယခင်တုန်းကဆို သူတို့ရဲ့ ဘိုးဘေးတွေက မီးကို လိုသလို ထိန်းချုပ်နိုင်ကြသည်လို့ ဘုန်းတော်ကြီးကပြောဖူးကာ ဘုရားကျောင်းမှာလည်း ထိုအကြောင်းအရာများအကြောင်းကို ရေးသားထားသော ကျမ်းစာများရှိသေးသည်။

အချိန်ကြာလာတာနဲ့အမျှ အနီရောင် ငှက်မျိုးနွယ်စုက မီးစွမ်းရည် နိုးထလာ သူများနည်းသထက် နည်းလာကာ နောက်ဆုံးတွင်တော့ အသုံးပြုနိုင်သူများမရှိတော့ဘဲ မီးရရှိဖို့ အမ နှင့် မိန်းမ များကို သာ အားထားရတော့သည်။

သို့သော် အနီရောင်ငှက်မျိုးနွယ်စုကမီးစွမ်းရည် မရှိလည်း သန်မာသော အထီးများဖြစ်ကာ ပျံနိုင်သောကြောင့် အမ များနှင့် မိန်းမ တိုင်း သူတို့ကို မိတ်ဖက်ဖြစ်စေချင်ကြကာ အခြားသော မျိုးနွယ်စုက အမ နှင့် မိန်းမများ လည်းအပါအဝင်ပင်ဖြစ်သည်။

သို့သော် ထိုကဲ့သို့သော ထူးချွန်သန်မာသည့် မျိုးနွယ်စုတွင် ဖုန်းကျင်း က စုန်းပြူး တစ်ကောင်ပင်။

သူက အခြားသူများလို အမြင့်ကြီး မပျံသန်းနိုင်ဘဲ မြေပြင်မှ အကွာအဝေးတစ်ခု အထိ ခပ်နိမ့်နိမ့်သာ ပျံနိုင်ကာ အျခားသူများလို ပျံသန်းချိန် အမြင့်ကို လိုသလို မထိန်းချုပ်နိုင်ဘဲ ပုံသေ အမြင့်တစ်ခုအတွင်းတွင်သာ ပျံသန်းနိုင်သည်။

ထို့အပြင် သူက အမဲလိုက် ရာတွင်လည်း ညံ့ တာကြောင့် မိန်းမများနှင့် အမ တွေအတွက်တော့ သူက အိမ်မက်ဆိုးကြီးကဲ့သို့ ဖြစ်ကာ အခြားသော အထီးများ ကလည်းသူ့ကို ကြည့်မရပေ။

လွန်ခဲ့တဲ့နှစ်ရက်လောက် က သူ ဆောင်းခိုရန်အတွက် အမဲလိုက်ရာတွင် ကံကောင်းပြီး သားကောင် အကြီးကြီးတစ်ကောင် ရရှိ လာသည်။

ထိုသားကောင်ကို သူတို့မျိုးနွယ်စု ရှိအမတစ်ယောက်က မျက်စိကျသွားကာ သူ့ဆီကနေလာတောင်းသည်။

သူလည်းထိုအမ ကို အသားအနည်းငယ်ဖြတ်ပေးလိုက်သည်၊၊ သို့သော်ထိုအမက ထိုမျှလောက်နှင့်မလုံလောက်ဘဲ လောဘတက်ကာ သူ့ရဲ့ မိတ်ဖက်သားရဲ အထီးများ ကို သူ့ ( ဖုန်းကျင်း) ကို တိုက်ခိုက်ခိုင်းကာ သားကောင်ကို လုခိုင်းတော့သည်။

ထိုအထီးများက သူ့ထက်အများကြီး သန်မာသည့်အပြင် အဆင့် ၅ တွင်ရှိတာကြောင့် အဆင့် ၃ သာရှိသော ဖုန်းကျင်း က ရှုံးကာ ဒဏ်ရာ အကြီးအကျယ်ရသွားလေသည်။ထို့အပြင် ထိုအထီးများက တစ်ယောက်တည်းမဟုတ်ဘဲ ၃ ယောက်ဖြစ်သည်။

သို့သော် ထိုအထီးများက သူ့ကို လွှတ်မပေးဘဲ ဆက်လက်တိုက်ခိုက်ခဲ့သည်၊၊ သူ အနီရောင်ငှက်မျိုးနွယ်စု ရဲ့ နယ်နိမိတ်စည်းကို ကျော်သွားသည်အထိပျံသန်းသွားကာ ထိုအထီးမ်ားက သူနယ်နိမိတ်စည်း ကျော်သွားတာကို ကြည့်ပြီး နောက်လှည့်ကာ သူ့ရဲ့သားကောင်ကို ထိုအထီးများက ယူသွားကြသည်။

သူလည်း ဦးတည်ရာမရှိ ပျံသန်းကာထွက်ပြေးလာရင်း လမ်းပျောက်သွားသည်။ ထို့အပြင် အိမ်ပြန်လမ်းရှာရန် သူပျံသန်းနိုင်သော အမြင့်ကလည်း မလုံလောက်ပေ။

ထို့ကြောင့်သူက ပျံသန်းရင်း တောအုပ်တစ်အုပ် သို့ရောက်ရှိသွားသည်။ ထိုအချိန်တွင် တောအုပ်အနေအထားကို သေချာမမြင်ရလောက်အောင် အပင်များက ရှည်လျား ထူထပ်နေတာကြောင့် သူ အရှေ့ကို သေချာမမြင်ရဘဲ အပင်များနှင့်တိုက်မိကာ သူ့ရဲ့ ဒဏ်ရာက ပိုဆိုးလာတာကြောင့် သူပျံနိုင်သောအမြင့်ထက်ပို ပျံသန်းမိသွားသည်။

ထို့ကြောင့်သူက သု့ရဲ့ အရှိန်ကို မထိန်းနိုင်တာရော သူ့ဒဏ်ရာရဲ့ အရှိန် ကြောင့်ပါ မြေပြင်ပေါ်ကို ပြုတ်ကျသွားသည်။

သူသေတော့မည်ဟုထင်နေချိန်တွင်တစ်စုံတစ်ယောက်က သူ့ကို ကယ်တင်လိုက်တာကို ခံစားမိလိုက်သည်။

ထို့ကြောင့် သူလူအသွင်ပြောင်းကာ အကူအညီတောင်းလိုက်ပြီးပြန်သတိလစ်သွားလေသည်။

အချိန် အချို့ကြာပြီးနောက် သူပြန်သတိရလာသော်လည်း သူမျက်စိတောင် ကောင်းကောင်း မဖွင့်ရသေးခင်မှာဘဲ သူ့ခေါင်းက ခပ်မာမာ အရာတစ်ခုနှင့် အရိုက်ခံရကာ ပြန်၍မေ့သွားပြန်သည်။

Bạn đang đọc truyện trên: Truyen2U.Com