Truyen2U.Net quay lại rồi đây! Các bạn truy cập Truyen2U.Com. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

7

အခ်ိန္ အခ်ိဳ႕ၾကာၿပီးေနာက္ သူျပန္သတိရလာေသာ္လည္း သူမ်က္စိေတာင္ ေကာင္းေကာင္း မဖြင့္ရေသးခင္မွာဘဲ သူ႔ေခါင္းက ခပ္မာမာ အရာတစ္ခုႏွင့္ အ႐ိုက္ခံရကာ ျပန္၍ေမ့သြားျပန္သည္။

မိုမို သူ႔အေ႐ွ႕က သားရဲ ကိုၾကည့္ကာ ေၾကာက္ေနမိသည္။ မေၾကာက္လို႔လည္းမရဘူးေလ ေတာ္ၾကာ တစ္ခုခု ျဖစ္လို႔ဆိုၿပီး လာသတ္မွျဖင့္

'' မင္းက အမလား ''
ဖုန္းက်င္းက သူ႔အေ႐ွ႕မွာရပ္နေသည့္ ေသးသြယ္ေသာေကာင္ေလးကိုၾကည့္ကာေမးလိုက္သည္။

ဂူထဲမွာက အထီး ေတြမွာ႐ွိတက္သည့္ နယ္ေျမပိုင္းျခားမႈ့ကိုျပသသည့္ အနံ႔မ်ိဳးမ႐ွိတာေၾကာင့္ ေသခ်ာသည္။ သူ႔အေ႐ွ႕ကေကာင္ေလးကအမျဖစ္ရမည္။

'' မဟုတ္ပါဘူး ကြၽန္ေတာ္က အသြင္မေျပာင္းႏိုင္တဲ့ အထီးပါ ''

'ေသၿပီေသၿပီ '
မိုမိုမွာ ေၾကာက္စိတ္မ်ားျဖင့္အျဖစ္မွန္ကိုေျပာလိုက္မိသည္။ သူသာ အသြင္မေျပာင္းႏိုင္တဲ့အထီး ဆိုတာသိရင္ သူ႔ကို သတ္ေတာ့မွာဘဲ ဝူး ေကာင္းက်ိဳးမေပးတယ့္ပါးစပ္

''အာ.........''
ဖုန္းက်င္းကသူ႔အေ႐ွ႕ကေကာင္ငယ္ေလးကိုၾကည့္ကာ ေျပာစရာစကားမ်ားေပ်ာက္ကုန္သည္။

ထို႔ေနာက္သူက အားရဝမ္းသားျဖင့္ သူ႔အေ႐ွ႕ကလူကိုဖက္လိုက္ေတာ့သည္။

'' ကြၽန္ေတာ္တို႔က ဘဝ တူေတြဘဲ ကြၽန္ေတာ္လည္းသားရဲ နတ္ဘုရားရဲ႕ ေကာင္းခ်ီးေပးတာမရတဲ့အထီးဘဲ''

မိုမို ႐ုတ္တရက္အဖက္ခံရတာေၾကာင့္ သူ႔တစ္ကိုယ္လံုးခဲေတာက္သြားကာ မတုန္႔ျပန္ႏိုင္ျဖစ္သြားသည္။

''ေတာင္းပန္ပါတယ္ ကြၽန္ေတာ့္ ကို ကယ္ေပးတယ္ဘအတြက္ေက်းဇူးပါ ကြၽန္ေတာ္က အနီေရာင္ငွက္ သားရဲမ်ိဳးႏြယ္စုကပါ ဖုန္းက်င္းလို႔ေခၚလို႔ရတယ္ ''

ဖုန္းက်င္းက သူ႐ုတ္တရက္ျပဳလုပ္လိုက္သည့္အျပဳအမူကို ျပန္သတိရကာ ႐ွက္ရြံသြားၿပီး သူ႔ကိုယ္သူ ျပန္မိတ္ဆက္လိုက္သည္။

''ကြၽန္ေတာ္က မိုမိုပါ အနက္ေရာင္ က်ားသစ္မ်ိဳးႏြယ္စုကပါ လမ္းၾကံဳလို႔ကူညီလိုက္တာမို႔ေက်းဇူးတင္စရာမလိုပါဘူး ''

မိုမို သူ ဒီကမၻာ ကို ေရာက္လာသည့္ အခ်ိန္ကတည္းက ခုထိ ဒီေလာက္ ယာဥ္ေက်းေသာ သားရဲ အထီးကို ပထမဆံုးျမင္ဖူးတာပင္။

သူတို႔ႏွစ္ေယာက္မိတ္ဆက္ၿပီးေနာက္ေျပာစရာစကားမ်ား ေပ်ာက္႐ွကုန္ကာ အခ်ိန္အခ်ိဳ႕ထိေနရာမွာတင္ရပ္ေနေတာ့သည္။

ထို႔ေနာက္ ဖုန္းက်င္း က မိုမိုဂူအျပင္ရပ္ေနတာ ကို သတိထားမိက သူ႔ကိုယ္သူ႐ွက္ရြံမိၿပီး မိုမိုဝင္ရန္ေဘးဖယ္ေပးလိုက့သည္။

မိုမို ဂူထဲဝင္ၿပိ္းေနာက္ သူျပဳလုပ္ထားသည့္ မီးဖိုေခ်ာင္ကိုသြားလိုက္ေတာ့သည္။

ဖုန္းက်င္းက ခုမွဂူကိုေသခ်ာၾကည့္မိေတာ့သည္။
ဂူထဲတြင္ အရြယ္အမ်ိဳးမ်ိဳး႐ွိေသာစင္မ်ား႐ွိကာ ဘာမွန္းမသိေသာ အပင္မ်ားႏွင့္ ဘာမွန္းမသိေသာ ပစၥည္းအခ်ိဳ႕ကို သပ္သပ္ရပ္ရပ္ စီထားသည္။

ဂူအဝ ရဲ႕ ၂ ေပ ေလာက္ကိုခ်န္ကာ သားရဲအေမႊးမ်ားျဖင့္ အျပည့္ခင္းထားသည္။
ဖုန္းက်င္း ဒူးေထာက္ထိုင္လိုက္ၿပီး သားေမႊးေတြကို ထိၾကည့္လိုက္သည္ ။ ႏူးညံ့ၿပီးေႏြးေထြးကာ အေတာ္ေလးကိုင္လို႔ေကာင္းေနတာေၾကာင့္အံဩသြားေလသည္။

သူ သိသေလာက္ဆို သားေမႊးမ်ားက အခ်ိန္ၾကာရင္ ညႇီစို႔စို႔ အနံနဲ႔ ခပ္ဆင္ဆင္အနံမ်ိဳးရကာ သားေမႊးမ်ားက ယခုလိုမႏူးညံ မေပ်ာ့ေျပာင္းဘဲ အနည္း ငယ္မာကာ ခပ္ခြၽဲခြၽဲ ႏွင့္တူသည္။

( ေခါင္းကို ႏွစ္ပတ္ေလာက္မေလ်ွာ္ဘဲထားရင္ ျဖစ္သလိုမ်ိဳး ခပ္ခြၽဲခြၽဲ ျဖစ္တာ)

ထို႔ေၾကာင့္ သားေမႊးမ်ားကို ေဆာင္းဝင္ခ်ိန္မွလႊဲ၍ က်န္သည့္အခ်ိန္ေတြမွာ သားေမႊးေတြကိုမသံုးၾကေပ။

မိုမို မီးဖိုေခ်ာင္ကေန ဝါးအပိုင္းႏွစ္ခုကိုကိုင္ကာထြက္လာသည္။ ထို႔ေနာက္သူ႔အေ႐ွ႕က သားရဲကို တစ္ခုေပးလိုက္သည္။

ဖုန္းက်င္းက သူ႕လက္ထဲ႐ွိ ဝါးအပိုင္းငယ္ကို ၾကည့္လိုက္ေတာ့အံဩသြားသည္၊၊ အထဲတြင္ အသားမ်ားႏွင့္ အရြက္အခ်ိဳ႕႐ွိကာ အနံေမႊးေမႊးေလးျဖင့္ စားေကာင္းမည့္ပံုပင္ သူပတ္ဝန္းက်င္ကိုေတာင္ဂ႐ုမစိုက္ဘဲ အသားႏွင့္အသီးမ်ားကို တစ္ခုႁပီးတစ္ခု လက္ျဖင့္ယူစားေတာ့သည္။

မိုမို သူအေ႐ွ႕က သားရဲကိုၾကည့္ကာမနာလိုျဖစ္သြားရသည္။ သားရဲနတ္ဘုရားေကာင္းခ်ီးမရတာခ်င္းအတူတူေတာင္ သူက ပိန္ပိန္ေသးေသးျဖစ္ေနကာ သူ႔အေ႐ွ႕ကလူကေတာ့ ခႏၶာကိုယ္ခပ္ထြား႐ွိသည့္အျပင္ ၾကည့္ေကာင္းလြန္းေသာ မ်က္ႏွာပါအဆစ္ ပါလိုက္ေသးသည္။

မိုမို က ထိုလူ ရဲ႕ ခႏၶာကိုယ္ကို အကဲျဖတ္ၿပီးေနာက္ ျပႆနာတစ္ခုကို စဥ္းစားမိၿပိ္းေခါင္း႐ႈပ္သြားျပန္သည္။

ေသစမ္းဒီလူ ကိုဘယ္လိုေမာင္းထုတ္ရမွာလဲ ။

uni

အချိန် အချို့ကြာပြီးနောက် သူပြန်သတိရလာသော်လည်း သူမျက်စိတောင် ကောင်းကောင်း မဖွင့်ရသေးခင်မှာဘဲ သူ့ခေါင်းက ခပ်မာမာ အရာတစ်ခုနှင့် အရိုက်ခံရကာ ပြန်၍မေ့သွားပြန်သည်။

မိုမို သူ့အရှေ့က သားရဲ ကိုကြည့်ကာ ကြေက်နေမိသည်။ မကြောက်လို့လည်းမရဘူးလေ တော်ကြာ တစ်ခုခု ဖြစ်လို့ဆိုပြီး လာသတ်မှဖြင့်

'' မင်းက အမလား ''
ဖုန်းကျင်းက သူ့အရှေ့မှာရပ်နေသည့် သေးသွယ်သောကောင်လေးကိုကြည့်ကာမေးလိုက်သည်။

ဂူထဲမှာက အထီး တွေမှာရှိတက်သည့် နယ်မြေပိုင်းခြားမှု့ကိုပြသသည့် အနံ့မျိုးမရှိတာကြောင့် သေချာသည်။ သူ့အရှေ့ကကောင်လေးကအမဖြစ်ရမည်။

'' မဟုတ်ပါဘူး ကျွန်တော်က အသွင်မပြောင်းနိုင်တဲ့ အထီးပါ ''

'သေပြီသေပြီ '
မိုမိုမှာ ကြောက်စိတ်များဖြင့်အဖြစ်မှန်ကိုပြောလိုက်မိသည်။ သူသာ အသွင်မပြောင်းနိုင်တဲ့အထီး ဆိုတာသိရင် သူ့ကို သတ်တော့မှာဘဲ ဝူး ကောင်းကျိုးမပေးတယ့်ပါးစပ်

''အာ.........''
ဖုန်းကျင်းကသူ့အရှေ့ကကောင်ငယ်လေးကိုကြည့်ကာ ပြောစရာစကားများပျောက်ကုန်သည်။

ထို့နောက်သူက အားရဝမ်းသားဖြင့် သူ့အရှေ့ကလူကိုဖက်လိုက်တော့သည်။

'' ကျွန်တော်တို့က ဘဝ တူတွေဘဲ ကျွန်တော်လည်းသားရဲ နတ်ဘုရားရဲ့ ကောင်းချီးပေးတာမရတဲ့အထီးဘဲ''

မိုမို ရုတ်တရက်အဖက်ခံရတာကြောင့် သူ့တစ်ကိုယ်လုံးခဲတောက်သွားကာ မတုန့်ပြန်နိုင်ဖြစ်သွားသည်။

''တောင်းပန်ပါတယ် ကျွန်တော့် ကို ကယ်ပေးတယ်ဘအတွက်ကျေးဇူးပါ ကျွန်တော်က အနီရောင်ငှက် သားရဲမျိုးနွယ်စုကပါ ဖုန်းကျင်းလို့ခေါ်လို့ရတယ် ''

ဖုန်းကျင်းက သူရုတ်တရက်ပြုလုပ်လိုက်သည့်အပြုအမူကို ပြန်သတိရကာ ရှက်ရွံသွားပြီး သူ့ကိုယ်သူ ပြန်မိတ်ဆက်လိုက်သည်။

''ကျွန်တော်က မိုမိုပါ အနက်ရောင် ကျားသစ်မျိုးနွယ်စုကပါ လမ်းကြုံလို့ကူညီလိုက်တာမို့ကျေးဇူးတင်စရာမလိုပါဘူး ''

မိုမို သူ ဒီကမ်ဘာ ကို ရောက်လာသည့် အချိန်ကတည်းက ခုထိ ဒီလောက် ယာဉ်ကျေးသော သားရဲ အထီးကို ပထမဆုံးမြင်ဖူးတာပင်။

သူတို့နှစ်ယောက်မိတ်ဆက်ပြီးနောက်ပြောစရာစကားများ ပျောက်ရှကုန်ကာ အချိန်အချို့ထိနေရာမှာတင်ရပ်နေတော့သည်။

ထို့နောက် ဖုန်းကျင်း က မိုမိုဂူအပြင်ရပ်နေတာ ကို သတိထားမိက သူ့ကိုယ်သူရှက်ရွံမိပြီး မိုမိုဝင်ရန်ဘေးဖယ်ပေးလိုက့သည်။

မိုမို ဂူထဲဝင်ပြီးနောက် သူပြုလုပ်ထားသည့် မီးဖိုချောင်ကိုသွားလိုက်တော့သည်။

ဖုန်းကျင်းက ခုမှဂူကိုသေချာကြည့်မိတော့သည်။
ဂူထဲတွင် အရွယ်အမျိုးမျိုးရှိသောစင်များရှိကာ ဘာမှန်းမသိသော အပင်များနှင့် ဘာမှန်းမသိသော ပစ္စည်းအချို့ကို သပ်သပ်ရပ်ရပ် စီထားသည်။

ဂူအဝ ရဲ့ ၂ ပေ လောက်ကိုချန်ကာ သားရဲအမွှေးများဖြင့် အပြည့်ခင်းထားသည်။
ဖုန်းကျင်း ဒူးထောက်ထိုင်လိုက်ပြီး သားမွှေးတွေကို ထိကြည့်လိုက်သည် ။ နူးညံ့ပြီးနွေးထွေးကာ အတော်လေးကိုင်လို့ကောင်းနေတာကြောင့်အံဩသွားလေသည်။

သူ သိသလောက်ဆို သားမွှေးများက အချိန်ကြာရင် ညှီစို့စို့ အနံနဲ့ ခပ်ဆင်ဆင်အနံမျိုးရကာ သားမွှေးများက ယခုလိုမနူးညံ မပျော့ပြောင်းဘဲ အနည်း ငယ်မာကာ ခပ်ချွဲချွဲ နှင့်တူသည်။

( ခေါင်းကို နှစ်ပတ်လောက်မလျှော်ဘဲထားရင် ဖြစ်သလိုမျိုး ခပ်ချွဲချွဲ ဖြစ်တာ)

ထို့ကြောင့် သားမွှေးများကို ဆောင်းဝင်ချိန်မှလွှဲ၍ ကျန်သည့်အချိန်တွေမှာ သားမွှေးတွေကိုမသုံးကြပေ။

မိုမို မီးဖိုချောင်ကနေ ဝါးအပိုင်းနှစ်ခုကိုကိုင်ကာထွက်လာသည်။ ထို့နောက်သူ့အရှေ့က သားရဲကို တစ်ခုပေးလိုက်သည်။

ဖုန်းကျင်းက သူ့လက်ထဲရှိ ဝါးအပိုင်းငယ်ကို ကြည့်လိုက်တော့အံဩသွားသည်၊၊ အထဲတွင် အသားများနှင့် အရွက်အချို့ရှိကာ အနံမွှေးမွှေးလေးဖြင့် စားကောင်းမည့်ပုံပင် သူပတ်ဝန်းကျင်ကိုတောင်ဂရုမစိုက်ဘဲ အသားနှင့်အသီးများကို တစ်ခုပြီးတစ်ခု လက်ဖြင့်ယူစားတော့သည်။

မိုမို သူအရှေ့က သားရဲကိုကြည့်ကာမနာလိုဖြစ်သွားရသည်။ သားရဲနတ်ဘုရားကောင်းချီးမရတာချင်းအတူတူတောင် သူက ပိန်ပိန်သေးသေးဖြစ်နေကာ သူ့အရှေ့ကလူကတော့ ခန္ဓာကိုယ်ခပ်ထွားရှိသည့်အပြင် ကြည့်ကောင်းလွန်းသော မျက်နှာပါအဆစ် ပါလိုက်သေးသည်။

မိုမို က ထိုလူ ရဲ့ ခန္ဓာကိုယ်ကို အကဲဖြတ်ပြီးနောက် ပြဿနာတစ်ခုကို စဉ်းစားမိပြီးခေါင်းရှုပ်သွားပြန်သည်။

သေစမ်းဒီလူ ကိုဘယ်လိုမောင်းထုတ်ရမှာလဲ ။

Bạn đang đọc truyện trên: Truyen2U.Com