8
ရုတ်တရက်ကြီး လေထုက တိတ်ဆိတ်သွားက နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။
'' ဟင်''
''အဲ့တာက ''
'' ရ ရပါတယ် ''
ကောင်းကင်မှာ လိမ္မော် နီရောင်သန်းကာ ရွှေရောင်နေမင်းကြီးက ပင်ပန်းသွားသဖြင့် တောင်တန်းကြီးများနောက်သို့သွားကာ အနားယူနေပြီး ငွေရောင်လမင်းကြီးမှာ သူ့တာဝန်ကို ထမ်းဆောင်ရန်ထွက်ပေါ်လာကာ တလက်လက်တောက်ပနေသောကြယ်ကလေးများက အနက်ရောင်ကောင်းကင်တွင် ပြေးလွှားဆော့ကစားနေကြသည်။
ဒုတ်
အစက သားမွေးများ ကိုအသုံးပြုခဲ့သော်လည်း ရက်အချို့ကြာလျှင် သားမွေးများမှ ထူးဆန်းသည့်အနံအချို့ထွက်လာတက်သည်။
ဖုန်းကျင်း ဒဏ်ရာရသည့်နေ့က သူ့အဝတ်တွေက အပင်နှင့်ညှိပြိး အချို့နေရာတွေကပြဲတောင်ပြဲနေပြီဖြစ်သည်။
'' ဝါး..''
ထို့နောက် ဂူထဲမှာ လူရှိသေးတာကို သတိရသွားကာ သူ့ကိုယ်သူအမြန်ပြင်ဆင်တော့သည်။
( မှတ်မိကြလား မိုမိုမှာ ဆေးပညာအသိရှိပါတယ်နော် အဲ့တာက အပင်တစ်ပက်ကိုတွေ့ရင်အဲ့အပင်ရဲ့ ဆိုးကျိုးကောင်းကျိုး အကုန်သူ့ အလိုလိုသိနေတာ မျိုးပါ)
မဖြစ်ဘူး မဖြစ်ဘူး သူ့ သူငယ်ချင်းလေးရဲ့ကျန်းမာပြီးဖြူဖွေးတဲ့သွားတွေရအောင် ပြန်ကူညီရမယ်။
uni
ဖုန်းကျင်း က မိုမိုကျွေး တာကို အားပါးရ စားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားကာ သူစားနေတာတောင်ရပ်သွားသည်။ နေပါအုံး သူအခု သူများအိမ်မှာ ကပ်နေနေတာမဟုတ်လား။
ရုတ်တရက်ကြီး လေထုက တိတ်ဆိတ်သွားကာ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။
အချိန်အချို့ကြာပြီးနောက်
သူ့မှာ သူ့အိမ်ပြန်ဖို့လမ်းကလည်းမမှတ်မိတာကြောင့် မိုမို ကို ရှေ့မျက်နှာ နောက်ထားကာ သူ့ကိုပါပေးနေရန်အရှက်မရှိပြောလိုက်တော့သည်။
'' ဟွာလေပြောရမှာ ရှက်ပေမယ့် ကျွန့်တော့်ကို ခေါ်ထားပါလား ''
'' ဟင်''
'' ကျွန်တော်အိမ်ပြန်လမ်းမမှတ်မိတော့လို့ပါ ပြီး ပြီးတော့ကျွန်တော်က အမဲလိုက်တက်ပါတယ် ပျံ လို့လည်းရတယ် ကျွန်တော် ဒုက္ခမပေးပါဘူး ''
''အဲ့တာက ''
မိုမိုက ငြင်းရန်ပြင်လိုက်ပေမယ့် သူ့အရှေ့က မျော်လင့်ချက်အပြည့်နှင့်မျက်လုံးကိုမြင်ပြီး မငြင်းနိုင်တော့ပေ ။
မိုမို က ငယ်ငယ်ကတည်းက သူငယ်ချင်းမရှိတဲ့ တစ်ကောင်ကြွက်လိုနေခဲ့ ရတာမို့ သူများတွေပြောတာကို ဘယ်လိုငြင်းရမှန်းမသိပေ။
'' ရ ရပါတယ် ''
နောက်ဆုံးတော့လည်းသဘောတူလိုက်ရတော့သည်။ သူငယ်ချင်းနဲ့အတူနေတယ်ဘဲထားပါလေ ။
ဖုန်းကျင်း သူ့ကိုမိုမို က နေခွင့်ပေးလိုက်သည့် စကားကိုကြားတော့ပျော်သွားမိသည်။
မကြာခင်ဆောင်းဝင်တော့မှာ ဖြစ်သည့်အပြင် အိမ်ပြန်ရန် လမ်းလည်းမသိတာကြောင့် မိုမို သာ သူ့ကိုပေးမနေရင် သူ အေးခဲပြီးသေမှာဖြစ်သည်။
ထို့ကြောင့်မိုမို ဆီမှာနေခွင့်တောင်းတာဖြစ်ကာ သူ့ကို ပေးနေရန်လည်း မမျော်လင့်ပေမယ့် ကံကောင်းစွာဖြင့် သူ့ကိုနေခွင့်ပေးသည်လေ။
ထို့နောက် အချိန်အချို့ကြာ စကားပြောပြီးနောက် မိုမို က ဖုန်းကျင်း ကို သနားမိသွားသည်။ သူက ငယ်ငယ် ကတည်းက မိဘတွေစွန့်ပစ်ခံလိုက်ရကာ ကြီးလာတော့လည်း မျိုးနွယ်စုက စွန့်ပစ်လိုက်ခြင်းကိုခံပြန်သည်။ ထို့ကြောင့်သူ့ရဲ ပထမဆုံးသော သူငယ်ချင်းလေးကို ကောင်းကောင်း ဆက်ဆံရန် ကတိပေးလိုက်သည်။
ကောင်းကင်မှာ လိမ္မော် နီရောင်သန်းကာ ရွှေရောင်နေမင်းကြီးက ပင်ပန်းသွားသဖြင့် တောင်တန်းကြီးများနောက်သို့သွားကာ အနားယူနေပြီး ငွေရောင်လမင်းကြိီးမှာ သူ့တာဝန်ကို ထမ်းဆောင်ရန်ထွက်ပေါ်လာကာ တလက်လက်တောက်ပနေသောကြယ်ကလေးများက အနက်ရောင်ကောင်းကင်တွင် ပြေးလွှားဆော့ကစားနေကြသည်။
ထိုအချိန်တွင် တောအုပ်ထဲရှိဂူထဲတွင် မိုမို က ဖုန်းကျင်း နှင့်အတူ အိပ်ပျော်နေလေသည်။
သူနေသည့်နေရာက ကျယ်တာကြောင့်ရော ဖုန်းကျင်းနှင့် သူက နှစ်ယောက်လုံးယောက်ျားလေး ဖြစ်တာကြောင့် အတူအိပ်ခိုင်းလိုက်သည်။ အစက ဖုန်းကျင်းက ငြင်းသော်လည်း သူ့မှာ ထိုနေရာက လွဲရင် အခြားအိပ်စရာနေရာ မရှိတာကြောင့်သဘော တူလိုက်ရတော့သည်။
သစ်ပင်ပေါ်ရှိငှက်ကလေးများက တကျီကျီနှင့်တေးဆိုနေကြကာ သဘာဝ နိုးစက်တစ်ခုလိုပင်။ ဖုန်းကျင်း က နားပါးသူမို့ ချက်ချင်းနိုးလာကာ သူထချင်သော်လည်း သူ့ကိုယ်ပေါ်တွင် အလေးချိန်တစ်ခုရှိနေသည်။
သူခေါင်းငုံ့ကြည့်လိုက်တော့ မိုမိုက သူ့ကိုယ်ကို ရေဘဝဲ တစ်ကောင်လိုရစ်ပတ်ထားတာကိုမြင်လိုက်ကသည်။
ရုတ်တရက်မို့ ဖုန်းကျင်း အေးခဲသွားကာ လှုပ်တောင်မလှုပ်ရဲတော့ဘဲ သူ့မျက်နှာမှ လည်ပင်းထိ သွေးထွက်တော့မည့်နှယ် နီရဲလာလေသည်။
မိုမို ဖုန်းကျင်းခန္ဓာကိုယ် တွင်အနည်းငယ် လူးလိမ့်ပြီးနောက် ဘေးဘက်သို့ပြန်လိမ့်သွားလေသည်။
ဒုတ်
မိုမို ဘေးသို့လိမ့်ရင်း နံရံ နှင့်တိုက်မိသော အသံကျယ်ကြီးထွက်လာကာ မိုမို သူ့နှဖူးကို ပွတ်ရင်း အခြားတစ်ဖက်သို့ ပြန်လိမ့်သွားကာ ဆက်အိပ်နေလိုက်သည်။
ဖုန်းကျင်း အိပ်နေရာမှထကာ မီးဖိုချောင်သို့သွားပြီး စည်ထဲတွင်ရှိသော ရေအချို့ကိုခပ်ကာမျက်နှာသစ်လိုက်သည်။
ထို့နောက် သူ့ကိုယ်သူပြန်ကြည့်လိုက်မိပြီး စိတ်ညစ်သွားသွားသည်။ သူ ဇိုင်း ရွက်တွေထပ်ရှာရတော့မှာဘဲ။
သားရဲကမ်ဘာ တွင် အစက အဝတ်ဆိုတာဘာမှန်းမသိကြပေ။ သားရဲနတ်ဘုရားပို့ပေးခဲ့သည့်အမက သူတို့ကို အဝတ်ဝတ်ရန် ပြောကြားခဲ့သည်။
အစက သားမွေးများ ကိုအသုံးပြုခဲ့သော်လည်း ရက်အချို့ကြာလျှင် သားမွေးများမှ ထူးဆန်းသည့်အနံ့အချို့ထွက်လာတက်သည်။
ထို့နောက် ထိုအမက ဇိုင်း ရွက်ကိုရှာတွေ့ခဲ့သည်။ ဇိုင်း ရွက်က အခြားသစ်ရွက်များနှင့်မတူဘဲ အလွန်ကြီးကာ နူးညံပြီး အဝတ်စနှင့်တူသည်။
ထိုအရွက်များကို ခြောက်သွားအောင် နေတစ်ရက်လှန်းကာ နွယ်ပင် ဖြင့် ချုပ်လုပ်ရသည်။
ထိုကဲ့သို့ အဝတ်ချုပ်ခြင်းကို အမများနှင့်မိန်းမ များကသာလုပ်တက်ကြသည်။ အဘယ်ကြောင့် ဆိုသော် အထီးများက ထိုသို့လက်ဝင်သောအရာကို လုပ်ရန် စိတ်မရှည်ကြပေ။
မျိုးနွယ်စုတွင် မိတ်ဖက်သားရဲ မရှိသောအမများက ဇိုင်းရွက်ဖြင့်ပြုလုပ်ထားသော အဝတ်ကို အသားများဖြင့်လှဲလှယ်ကြသည်။
ဖုန်းကျင်း ဒဏ်ရာရသည့်နေ့က သူ့အဝတ်တွေက အပင်နှင့်ညှိပြီး အချို့နေရာတွေကပြဲတောင်ပြဲနေပြီဖြစ်သည်။
'' ဝါး..''
မိုမို မှာ သူ့အဝတ်အောက်က ဝမ်းဗိုက် ဖြူဖြူလေးကိုကုတ်ရင်း ဆံပင်ဆုတ်ဖွားဖြင့် မီးဖိုချောင်သို့ တဝါးဝါး သန်းကာဝင်လာသည်။
ထို့နောက် ဂူထဲမှာ လူရှိသေးတာကို သတိရသြားကာ သူ့ကိုယ်သူအမြန်ပြင်ဆင်တော့သည်။
ထို့နောက် မျက်နှာသစ်ကာ အဝါရောင်အသီး တစ်ခုကို ဝါးရင်း ဖုန်းကျင်းကိုတစ်ခု ကမ်းပေးလိုက်သည်။
ဖုန်းကျင်း က သူ့ကိုနားမလည်သလိုကြည့်လာတော့မှ မိုမိုက ရှင်းပြလိုက်သည်။
ထိုအသီးက မော်ဒန်ခေတ်က သွားတိုက်ဆေးနှင့်တူကာ ဝါးလိုက်ရင် ပူရှိန်းရှိန်းဖြင့် စားလို့ကောင်းသည်။ သူထိုအပင်ကို သရေစာအဖြစ်တောင်စားသေးကာ သူ့နဂို သိစိတ်ကပြောနေသည်မှာ ထိုအသီးက သွားများကိုခိုင်ခံစေပြီး သွားဖြူစေကာ သွားပို့ပေါက်ပြဿနာမှ ကာကွယ်ပေးသည်ဟုပင်။
( မှတ်မိကြလား မိုမိုမှာ ဆေးပညာအသိရှိပါတယ်နော် အဲ့တာက အပင်တစ်ပက်ကိုတွေ့ရင်အဲ့အပင်ရဲ့ ဆိုးကျိုးကောင်းကိျုး အကုန်သူ့ အလိုလို သိေနတာမျိုးပါ)
ဖုန်းကျင်းမိုမိုရှင်းပြတာကို နားထောင်ပြီး အံဩသြားကာ သူ့ပါးစပ်ကိုဟပြီးခံတွင်း နံခံကြည့်လိုက်သည်။ ထို့နောက်သူ့မျက်နှာရှုံ့မဲ့သွားကာ မိုမိုပေးသည့် အသီးကို အမြန်ပါးစပ်ထဲထည့်လိုက်သည်။
ထိုအသီးက ပူရှိန်းနှင့်တူကာ သားရဲကမ်ဘာ ရှိသူများကတော့စားနိုင်မည်မထင်။ ဖုန်းကျင်းက ရုတ်တရက် သူ့ပါးစပ်ထဲပူရှိန်းနေသလိုခံစားရကာ ထွေးထုတ်ဖို့ပြင်သည်။
'' စဉ်းတောင်မစဉ်းစားနဲ့ ကုန်အောင်စား ''
မိုမိုက ဖုန်းကျင်း ကို ခြိမ်းခြောက် သည့်လေသံနှင့်ပြောလိုက်ရင်း သူမြင်လိုက်ရသည့်မြင်ကွင်းကို ပြန်မြင်ယောင်လာသည်။ ဘာလို့ ဖုန်းကျင်ရဲ့သွားတွေကဝါနေရတာလဲ ။ ဟုတ်သား သားရဲကမ်ဘာက လာတွေက သွားမှမတိုက်ကြတာ ပြီးတော့ အဝါရောင်အသီးကိုတွေ့ရင်တောင်သူတို့က အရသာကြောင့်စားမည်မထင်။
မျဖြစ်ဘူး မဖြစ်ဘူး သူ့ သူငယ်ချင်းလေးရဲ့ကျန်းမာပြီးဖြူဖွေးတဲ့သွားတွေရအောင် ပြန်ကူညီရမယ်။
ဖုန်းကျင်း ရှုံ့မဲ့နေသော မျက်နှာဖြင့် အဝါရောင်အသီးကို ဝါးကာ မြိုချလိုက်ပြီး မိုမိုကမ်းပေးသောရေကို သောက်လိုက်သည်။ ရေများကသူ့ပါးစပ်အတွင်းဝင်လာကာ ရုတ်တရက်အေးခဲနေသော အရသာလိုလို ထူးဆန်းသည့်အရသာက သူ့ပါးစပ်ထဲလွှမ်းမို့သွားသည်။
( သိတယ်မလား ပူရှိန်းစားပြီးရေသောက်လိုက်ရတယ့်အရသာလေ)
ထို့နောက်သူ့ပါးစပ်ကို ဟပြီး အနံခံကြည့်လိုက်ရာ သင်းပျံသောအနံ့ ပါးပါး လေးကိုရလိုက်သဖြင့် ဖုန်းကျင်း အံ့ဩသွားလေသည်။
စာရေးဆရာမှာပြောစရာရှိပါတယ်
ခုမှတွေ့တာကို အိပ်ရထဲသွင်းနေပြီ နော် တို့ရဲ့ မိုမိုက
Bạn đang đọc truyện trên: Truyen2U.Com