<>
Unicode
LiWeiရဲ့မိဘကသူမအသက်ခြောက်နှစ်အရွယ်လောက်ကပင် ဆုံးပါးသွားတာဖြစ်သည်။ LiWeiမှာတစ်ခြားဆွေမျိုးသားခြင်းတွေလည်းမရှိပေ။ သူတို့သေသွားတဲ့အချိန်မှာ LiWeiရဲ့ဆွေမျိုးတွေစဉ်းစားတာက သူမမိဘရဲ့ပိုက်ဆံတွေပင်။ သူတို့တစ်ခါမှ LiWeiအတွက်မစဉ်းစားပေးချေ။ သူတို့ကပိုက်ဆံနောက်ဘဲလိုက်နေတာဖြစ်သည်။
LiWeiထိုအချိန်တုန်းကအရမ်းကိုငယ်သေးပြီး သူမလုပ်နိုင်တာတစ်ခုမှမရှိချေ။ သူမရဲ့ဆွေမျိုးတွေကသူတို့လိုချင်တာရသွားတဲ့အချိန်မှာတော့ သူတို့ကLiWeiကိုမိဘမဲ့ဂေဟာမှာသို့ပို့လိုက်လေသည်။ LiWeiမှာမိဘမဲ့ဂေဟာမှာဘဲ အသက်၁၇နှစ်ထိတိုင်အောင်ကြီးပြင်းခဲ့ရတာဖြစ်သည်။
အဲ့ဒီနောက်ပိုင်းမှာတော့LiWei ထိုနေရာကနေထွက်လာခဲ့ပြီးသူမရဲ့ကိုယ်ပိုင်ဘဝနဲ့ကိုယ် ရပ်တည်နေခဲ့ရသည်။
LiWeiအတွက်ကတော့ပိုက်ဆံဆိုတာအရေးမကြီးပေ။ ဘာလို့လဲဆိုတော့သူမကအချက်အပြုတ်မှာကျွမ်းကျင်တာဖြစ်သည်။ ပြီးတော့စားသောက်ဆိုင်တစ်ဆိုင်ကသူမကိုအလုပ်ခန့်ထားတာဖြစ်သည်။ LiWeiကလူတွေအကြောင်းကို သူမရဲ့အိမ်နီးချင်းတွေကလွဲပြီးသိပ်မသိချေ။
သူမအတိတ်ကနေ့တိုင်းလုပ်သမျှအရာအားလုံးသည် ဝတ္ထုဖတ်တာဘဲဖြစ်သည်။
နှစ်တွေကြာတဲ့နောက်မှာတော့LiWei သူမရဲ့ပထမဦးဆုံးsystemနဲ့တွေ့ဆုံခဲ့တာဖြစ်သည်။ အဲ့တာကသူမအသက်နှစ်ဆယ်လောက်မှာဖြစ်သည်။ အဲ့တာနဲ့LiWeiသူမရဲ့ပထမsystemနဲ့ဘဝတွေကူးပြောင်းခဲ့သည်။ နောက်ပိုင်းမှာတော့သူမတစ်ခြားsystemနဲ့ တွေ့ဆုံခဲ့သည်။
အဲ့တာနဲ့LiWeiသူမရဲ့ကမ္ဘာကို ဘယ်တော့မှပြန်မလာတော့ပေ။ LiWeiဒီနေ့မှာတော့အတော်ကိုလန်းဆန်းလို့နေသည်။ မနေ့ကအိမ်ကိုလှည့်ပတ်ကြည့်ပြီးနောက် သူမအိပ်ပျော်သွားခဲ့သည်။ ဒီတော့သူမမြို့တစ်မြို့လုံးကိုလှည့်ပတ်သွားပြီး တစ်ခုခုလုပ်ဖို့ သူမဆုံးဖြတ်လိုက်သည်။
LiWeiလမ်းလျှောက်ပြီး နောက်မှာတော့သူမချိန်းတွေ့မဲ့ကိစ္စကိုပါတွေးလိုက်သည်။ သူမသဘောကျတဲ့သူကိုရှာတွေ့ကောင်းရှာတွေ့လိမ့်မည်။
'မဟုတ်ဘူး။ နေပါဦး. . . သူမရဲ့ချစ်သူကိုပြန်တွေ့ရင်ရော?'
အဲ့ဒီ့အတွေးနဲ့တင်LiWeiပျှော်ရွှင်သွားခဲ့သည်။
အကြိမ်ရေ မရေတွက်နိုင်လောက်အောင် ကူးပြောင်းပြီးတဲ့နောက်မှာLiWeiမှာ skillတော်တော်များများရှိနေပြီဖြစ်သည်။ ဒါကြောင့်သူမကိုသူမ ယုံကြည်မှုရှိနေသည်။
တစ်နာရီကြာပြီးနောက် . . .
LiWeiအရမ်းကိုစိတ်ပျက်နေပြီဖြစ်သည်။ စိတ်ပျက်တာတင်မကဘဲသူမအလွန်ကိုဒေါသထွက်နေပြီဖြစ်သည်။
ဒါကဘယ်လိုချိန်းတွေ့မှုမျိုးလဲ!!!
အဓိပ္ပါယ်မရှိလိုက်တာ ***
သူတို့တွေပြောနေကြတဲ့အကြောင်းက 'ဒီလိုလက်ထပ်ရင်' နဲ့ 'ဟိုလိုလက်ထပ်ရင်' နဲ့
အဲ့တာတင်မကသေးဘူး သူတို့ကသောက်ရမ်းကိုရုပ်ဆိုးလွန်းတယ်။ သူတို့ကသူမကိုဘယ်လိုအလုပ်အကိုင်ရှိသလဲနဲ့ သူမရဲ့အသက်ကိုမေးမြန်းကြသည်။ အဲ့တာတွေကသောက်ကျိုးနဲ့ကိစ္စတွေ။
LiWeiသူမကိုသူတို့ သူမရဲ့အသက်နဲ့သူမရဲ့အလုပ်အကိုင်အကြောင်းကိုမေးရင်တောင် သူမစိတ်ထဲထားမှာမဟုတ်ပေ။ ဒါပေမယ့်ဒီမေးခွန်းကြီးကဘယ်လိုကြီးလဲ။ သူတို့ငါ့ကိုလာနောက်နေတာလား???
LiWeiအဲ့ဒီအချိန်မှာဘဲသူမကိုယ့်ကိုကိုယ် နောက်ထပ်ဘယ်တော့မှ ထပ်ပြီးချိန်းတွေ့တော့မည်မဟုတ်ဟုကြိမ်လိုက်တော့သည်။
သူမတကယ်ကို ဒါတွေအတွက် လုံလောက်သွားပြီဖြစ်သည်။ အကယ်၍သာဆက်ပြီးချိန်းတွေ့နေအုံးမယ်ဆိုရင် သူမထပြီးဗုန်းတလုံးလိုမျိုးပေါက်ကွဲသွားမလားဘဲ။
LiWeiအိမ်ပြန်ရောက်တော့ သူမဘာချက်စားရမလဲဆိုတာကိုစဉ်းစားလို့နေသည်။ ဒါပေမယ့်ရေခဲသေတ္တာထဲမှာဘာအစားအစာမှမကျန်တော့ချေ။
သူမအပြင်ကိုလည်းမထွက်ချင်ပေ။ ဒါပေမယ့်သူမသောလောက်အောင်ဗိုက်ဆာနေသည်။
နောက်ဆုံးရွေးချယ်စရာမရှိတော့မှသူမအပြင်ထွက်ခဲ့ရသည်။
#########
Zawgyi
#############
Bạn đang đọc truyện trên: Truyen2U.Com