Ep 1
"ဟင် ပန်းချီမေဂျာက စီနီယာကို သဘောကျလို့ဟုတ်လား"
"ပြီးတော့ တစ်ခြားသူမဟုတ်ပဲ အဲ့တာကလည်း စီနီယာ ဟာအာဒါ အာဆာဟိ ဟုတ်လား"
ဂျောင်ဝူးနဲ့ဒိုယောင်းက မျက်လုံးနှစ်လုံးခုန်ထွက်တော့မလိုပြူးပြဲကာမေးသည်။
"ဟုတ်တယ်လေ အဲ့တာလေးပြောတာကို မင်းတို့ကဘာဖြစ်နေတာလဲ"
"ဘာဖြစ်ရမှာလဲကွ စီနီယာအာဆာဟိက အေးတိအေးစက်နဲ့ကြောက်စရာကောင်းတယ်လို့နာမည်ကြီးတယ်လေ ပြီးတော့ပန်းချီမေဂျာနဲ့ငါတို့ဆိုတာကလည်း နဂိုကတည်းကအဆင်မပြေကြတာကိုကွာ"
"အဆင်မပြေကြတာသိပေမယ့် ဘယ်လိုအဆင်မပြေတာလဲ"
ဂျောင်ဝူးရဲ့အပြောကို ဒိုယောင်းကစိတ်ဝင်စားစွာ သိချင်ဇောဖြင့်ထပ်မံမေးပြန်သည်။
"ဒီလိုကွာ အရင်က ကျောင်းဆောင်ပြန်ပြုပြင်တော့စာသင်ခန်းခဏမျှသုံးရတယ်ကွာ အဲ့မှာငါတို့ဂီတနဲ့ ပန်းချီအခန်းကဟိုဘက်ဒီဘက်ပေါ့ ကျောင်းတက်တဲ့ပထမရက်မှာတင် တိတ်ဆိတ်မှသင်တတ်တဲ့ပန်းချီမေဂျာနဲ့ သီချင်းဖွင့်ပြီးလေ့ကျင့်ရတဲ့ငါတို့မေဂျာချကြပါရော ငါတို့မေဂျာနောက်ဆုံးနှစ်က ဗလကြီးကြီးနဲ့စီနီယာပတ်ဂျီဟွန်းဆော်လိုက်တာ ဟိုဘက်ကလေးယောက်တောင်ဆေးရုံတင်လိုက်ရတယ်တဲ့ မိုက်ချက်ပဲကွာ ဟီး"
"နေပါဦး မင်းကအဲ့အကြောင်းတွေဘယ်ကကြားလာတာလဲ ကျောင်းစတက်တာမှတစ်ပတ်မပြည့်သေးတာကို"
ဟုတ်ပါသည်။ပတ်ဂျောင်ဝူးဆိုသည်မှာ ဂြိုလ်ထုစက်တို့ စလောင်းစက်တို့ ဒါမှမဟုတ် သတင်းဌာနကလူတစ်ယောက်သေပြီးလာဝင်စားသည်ဟုထင်ရအောင်ပင် ထွက်သမျှသတင်း အင်မတန်သူသိသည်။မိမိတို့လမ်းထိပ်ကအဒေါ်ကြီးကြက်ပေါင်ကိုက်ရင်းသွားကျိုးတာကအစ ဘယ်အဆိုတော်ကဘယ်သူနဲ့တွဲနေတာကအစ သူများမသိခင်သူအရင်သိသည်။
"အော် ကိုယ့်တက်မယ့်ကျောင်းအကြောင်း မေဂျာအကြောင်း အကုန်စုံစမ်းထားရတာပေါ့ကွ ငါ့ကိုပဲပြောနေတာ မင်းကရော ကျောင်းတက်တာမကြာသေးပဲ စီနီယာအာဆာဟိကိုဘယ်လိုတွေ့ပြီး ဘယ်လိုကြိုက်သွားပြန်တာလဲ ပြောပါဦး"
သေချာတွေးမိတော့လည်း စီနီယာကိုဘယ်လိုကြိုက်သွားမိမှန်းသူ့ကိုယ်သူတောင်မသိ။အလယ်တန်းတုန်းက ကောင်လေးတစ်ယောက်ကိုသဘောကျမိပြီးတော့ ကိုယ့်ကိုယ်ကိုဂေးတစ်ယောက်မှန်းလက်ခံခဲ့သည်။ဒါပေမယ့် ခဏတွဲပြီးမိမိကိုတကယ်မချစ်ခဲ့မှန်းသိလိုက်ရလို့နာကျည်းစွာလမ်းခွဲခဲ့သည်။ယခုနောက်တစ်ကြိမ်ချစ်မိသွားပြန်ပြီ။အရင်ကလိုအနေနီး၍ချစ်မိသွားတာမျိုးမဟုတ်ပဲ ပိုတွေးမိလေ ချစ်မိလေပါ။
" ကျောင်းစဖွင့်တဲ့နေ့က ငါ့အင်္ကျီဆေးရောင်စွန်းနေတာမှတ်မိလား"
"အင်း မှတ်မိတယ်လေ ငါတောင်မေးလိုက်သေးတယ်မလား"
ဒိုယောင်းကဝင်ဖြေသည်။
"ဟုတ်တယ် အမှန်တော့အဲ့တာက စီနီယာနဲ့တိုက်မိရင်းစွန်းလာတာ"
"ဘယ်လို ဘယ်လို"
"ဘယ်လိုတိုက်မိတာလဲ သူကဆေးရောင်ခွက်ကြီးကိုသယ်ပြီးလျှောက်သွားနေတာလား"
ဂျောင်းဝူးကမေးတော့ သူခေါင်းတစ်ချက်ခေါက်လိုက်သည်။
"အားး"
"သူကဆေးရောင်တွေသယ်ပြီးလျှောက်သွားနေမလား အရူးရ နည်းနည်းပါးပါးမစဉ်းစားဘူး"
"အဲ့တော့ဘယ်လိုတိုက်တာလဲ"
ဒိုယောင်းကထပ်မေးပြန်သည်။
"သူ့ဘာသာ ကွန်ပျူတာအဆောင်ရှေ့က မြက်ခင်းပြင်မှာ မတ်တပ်ရပ်ပြီးပန်းချီဆွဲနေတာပါ ငါ့ဘာသာ Google map ငုံ့ကြည့်ရင်းဝင်တိုက်မိတာ"
"အားယား"
"ငါဆိုမင်းနေရာမှာဆို ရူးပြီး ရူတိုရေ မနေ့ကဒီအတိုင်းငါ့ဘေးကဖြတ်လျှောက်သွားတာတောင် မရယ်မပြုံးနဲ့စက်ရုပ်ကြီးလိုပဲ ကြောက်စရာကြီးကွ"
" jt5@£*@&? "
ဒိုယောင်းကသူမြင်ဘူးတဲ့စီနီယာပုံစံကိုပြောပြတော့ ဂျောင်ဝူးက သူဝယ်လာတဲ့ပေါင်မုန့်ကိုစားရင်းပလုတ်ပလောင်းပြန်ပြောသည်။
"ဟေ့ကောင် ဘာတွေပြောနေတာလဲ ဂြိုလ်သားစကားလိုလိုဘာလိုလိုနဲ့ မြိုစို့ရင်းနဲ့ပြောမနေနဲ့ ငါတို့နားမလည်ဘူး"
ဒိုယောင်းအော်လိုက်မှ ဂျောင်ဝူးကသူ့ဘေးကရေဘူးကိုအငမ်းမရသောက်ကာ ပါးစပ်ပြင်လိုက်သည်။
"အော် သူ့နာမည်ပြောင်က robot လေ မယုံရင်တစ်ကျောင်းလုံးကိုမေးကြည့် robotဆိုအကုန်သိတယ် ရုပ်ချောပြီးခံစားချက်မရှိတဲ့လူလို့ပြောကြတာပဲ"
"ပြီးတော့မင်းတို့တိုက်မိပြီးဘယ်လိုဖြစ်သွားလဲ သူ့ရဲ့ရေခဲရိုက်အကြည့်တွေနဲ့မင်းကိုကြည့်သေးလား ဒါမှမဟုတ် ခြိမ်းခြောက်သေးလား ဒါမှမဟုတ်"
"ရားး ကင်ဒိုယောင်း ငါ့ကိုမေးပြီး မင်းတို့ထင်တာပဲ ဇွတ်ပြောနေကြတာပဲ ဘာမှမလုပ်ဘူး ဒီအတိုင်းငါကတောင်းပန်တော့ ခေါင်းငြိမ့်ပြပြီးသူ့ဘာသာသိမ်းဆည်းပြီးထွက်သွားတာပဲ ဘာဖြစ်ဖြစ်စိတ်ပျက်သွားတယ်ထင်တယ် မင်းတို့ပြောသလို သူမျက်နှာကအကဲခတ်ရခက်တော့ငါလည်းသေချာမသိဘူး သူရေးနေတဲ့ပန်းချီကပြီးလုနီးပါး ပြီးတော့အရမ်းလှတာ ငါအားနာလွန်းလို့သေချာပြန်တောင်းပန်ရမှဖြစ်မယ်"
"ငါမလိုက်ဘူးနော်"
"ငါရော"
"ဟ မင်းတို့ကတော်တော်သုံးစားမရတဲ့သူငယ်ချင်းတွေပဲ အေ မင်းတို့မလိုက်ရင်ဟိုနေ့က စာအုပ်ဖိုးဆိုပြီးမုန့်ဖိုးပိုတောင်းတဲ့ကိစ္စငါသွားတိုင်မယ် မင်းတို့အိမ်ကို"
"ဟာ"
"ယုတ်မာလိုက်တာကြည့်စမ်း"
"မတိုင်ပါနဲ့ကွာ လိုက်ပေးမယ်လေ"
ခြိမ်းခြောက်လိုက်မှ နှစ်ကောင်သားပြားပြားဝပ်လာသည်။
"ဒါနဲ့ရူတို ငါမေးစရာရှိသေးလို့"
"ဘာပြန်ပြီလဲ မင်းလဲ ဂျောင်းဝူးနဲ့နေများလို့စပ်စုတတ်လာပြီနော်"
"ဟေ့ ဟေ့ ငါ့ကိုဆွဲမထည့်နဲ့နော် ငါ့ဘာသာနေနေတာ"
"မင်းစီနီယာကိုဘယ်လိုသဘောကျသွားတာလဲ ပြောချင်တာကတစ်ခါပဲတွေ့ဖူးပြီးဘယ်လိုကြွေသွားတာလဲ မြင်မြင်ချင်းချစ်သွားတာလား"
"အမှန်တိုင်းပြောရရင် စမြင်တုန်းကတော့ ဒီအတိုင်းအရမ်းလှတယ်လို့ပဲတွေးခဲ့မိတာ ယောကျာ်းလေးတစ်ယောက်ကချောတာမဟုတ်ပဲနဲ့လှတာလေ ပြီးတော့သူ့ကားချပ်မှင်စွန်းသွားတာမြင်ပြီးအရမ်းအားနာတယ် သေချာလည်းမတောင်းပန်ခဲ့ရတာမို့ ခေါင်းထဲမှာထပ်တွေ့ချင်တဲ့စိတ်ကအပြည့်ပဲ ပထမကတောင်းပန်ဖို့အတွက်တွေ့သင့်တယ်ပဲထင်တာ ဒါပေမယ့် ပိုတွေးမိလေ ပိုရင်ခုန်မိလေ ပြီးတော့ ပိုချစ်မိလေပဲ"
ပြုံးစိစိနဲ့သူ့ကိုမြင်တော့ ဂျောင်ဝူးနဲ့ဒိုယောင်းကဝိုင်းစကြသည်။
"အယ်လယ့် တကယ်အတည်ပေါက်ကြီးပဲ"
"တကယ်ပါဆို"
"အဲ့တော့ဘယ်လိုဆက်လုပ်ကြမလဲ"
"သွားတောင်းပန်မယ်လေ"
"အခုသွားမလို့လား"
"သွားမယ်လေ"
"အတန်းချိန်နီးနေပြီလေ"
"တစ်ချိန်လောက်လွတ်သွားလို့စာမေးပွဲမရှုံးပါဘူးကွာ"
သူ့လက်နှစ်ဖက်နဲ့ နှစ်ကောင်လုံးရဲ့လည်ပင်းကိုညှပ်ကာဆွဲခေါ်လာသည်။
"ဟေ့ကောင် လိုက်ပါ့မယ်ကွ ရိုးရိုးတန်းတန်းခေါ်ပါ သူများတွေဝိုင်းကြည့်နေကြပြီ မသိရင်ငါတို့ကအပြစ်သားတွေကြနေတာပဲ"
(ကိုယ်ရေးကိုယ်တာနဲ့ သင်တန်းကိစ္စတွေကြောင့် အပ်ပုဒိတ်မှန်မယ်လို့အာမမခံနိုင်တာကိုတော့ နားလည်စေချင်ပါတယ်ခင်ဗျာ)
Bạn đang đọc truyện trên: Truyen2U.Com