Ep 4
"ဟေ့ရောင် ရှာလိုက်ရတာ မင်းကမပြောမဆိုနဲ့ဘာလို့"
အနောက်ကလိုက်လာတဲ့သကောင့်သားနှစ်ဦးဟာလည်း ရုတ်တရက် သူ့အဖြစ်ကိုသိသွားဟန်တိတ်ဆိတ်လို့။
"ရူတို"
စိတ်မကောင်းဟန်ထွက်လာတဲ့သူတို့စကားလုံးတွေကပိုပြီးဝမ်းနည်းလာစေသလို။
ထပ်မံကာစီနီယာတို့အနီးအနားသို့ပြေးသွားမိသည်။နာကျင်လက်စနဲ့နောက်မဆုတ်ချင်လို့။
"စီနီယာ့ကိုသေချာတောင်းပန်မယ်လို့ကျွန်တော်ပြောခဲ့တယ်မလား အဲ့တာကိုသေချာလက်ခံပေးစေချင်တယ်"
စီနီယာဆာဟိအား သူ့အားတစ်ချက်မျှသာကြည့်ကာ ထပ်ပြီးဆွဲလက်စပန်းချီကိုဆက်ဆွဲနေသည်။
"မင်းတို့ကဘယ်သူလဲ"
စီနီယာ ဂျယ်ဟော့ က ဝင်မေးသည်။
ခင်ဗျားနဲ့ဘာဆိုင်လဲလို့ပြောလိုက်ချင်ပေမယ့်လေ တကယ်တမ်းပြောမထွက်ခဲ့ဘူး။သူထုတ်ပြောလိုက်လို့လည်း စီနီယာ့ဆီကအမုန်းပဲပိုရနေမှာ။နဂိုကတည်းက စီနီယာက အဲ့လူဘက်ပဲလေ။
"ကျွန်တော် စီနီယာအာဆာဟိကို တောင်းပန်စရာလေးရှိလို့ပါ"
စိတ်ထဲမရှိပေမယ့်ချိုချိုသာသာပဲပြန်ဖြေလိုက်သည်။
"ဆာဟိရားး ဘာကိစ္စတွေဖြစ်ခဲ့လို့လဲ"
သူ့ဆီကစကားကြားတာနဲ့ ထိုလူကစီနီယာ့ဆီသွားမေးသည်။တကယ့်ကိုအမြင်ကပ်စရာကောင်းတဲ့လူ။
"ဘာမဖြစ်ခဲ့ပါဘူး"
"အရမ်းကြီးအရေးမကြီးတဲ့ကိစ္စထင်တယ် မင်းတို့ပြန်လိုက်တော့ရင်ကောင်းမယ်"
စီနီယာက ဘာမှမဖြစ်ဘူးလို့ ပြောလိုက်တာနဲ့ပဲ ထိုလူက ဆရာကြီးလိုလို ဝင်ပြောသည်။
"ဘာလို့မဖြစ်ရမှာလဲ ကျွန်တော်ပြောခဲ့သားပဲ ကျွန်တော်လုပ်ခဲ့တဲ့အမှားအတွက်သေချာပြန်တောင်းပန်ချင်တယ်လို့"
ဒီတစ်ခါတော့ စီနီယာက ပန်းချီဆွဲနေရာမှထလာသည်။
"တောင်းပန်တယ်ဆိုတာ တစ်ဖက်လူကခွင့်လွှတ်မှုရဖို့ပဲမလား ငါမင်းကိုခွင့်လွှတ်တယ်လို့ပြောခဲ့သားပဲ ဘာတွေမင်းအတွက်အဲ့လောက်အရေးကြီးနေလဲငါမသိဘူး သိလည်းမသိချင်ဘူး ဒါပေမယ့်တစ်ခုတော့ရှိတယ် တောင်းပန်ချင်တာအပြင် တစ်ခြားရည်ရွယ်ချက်ရှိနေခဲ့တယ်ဆိုရင် ဒီအတိုင်းမင်းလက်လျှော့လိုက်သင့်တယ် ငါကမင်းတို့ကိုရော ဘယ်သူ့ကိုမှအလွယ်တကူပေါင်းသင်းတတ်တဲ့လူမဟုတ်ဘူး"
"မင်းကြားလား သွားပါတော့ကွာ ငါတို့အနားယူနေတာမနှောင့်ယှက်ပါနဲ့ ပြဿနာမဖြစ်ချင်ဘူး ဟုတ်ပြီလား"
နှောင့် ယှက် တယ် ။ ဟုတ်ပါတယ် နောက်ဆုံးတော့ သူကပဲ အချစ်ငှက်တွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာလူ။
"ဟျောင့် သွားရအောင်ကွာ"
ဒိုယောင်းကချော့မော့ကာပြောသည်။
"မင်းတို့ဆွဲခေါ်စရာမလိုပါဘူး ငါသွားမှာပါ"
သူငယ်ချင်းတွေထက်အရင်ထွက်လာလိုက်သည်။ငိုချင်နေပေမယ့် ရှက်စိတ်တစ်ပိုင်းတစ်စ ရှိနေခဲ့တာမို့မငိုမိ။ထိန်းချုပ်ထားတဲ့ ဒေါသကြောင့် လက်သီးတို့အား တင်းတင်းဆုပ်ထားမိသည်။
"ရူတို မင်းအဆင်ပြေရဲ့လား"
ဂျောင်ဝူးကအပြေးလိုက်ကာမေးသည်။
"ငါ့ပုံကအဆင်ပြေတဲ့ပုံပေါက်နေလား"
တိတ်ဆိတ်သွားသည်။
"ငါအိမ်ပြန်တော့မယ် ဒီနေ့အတန်းတက်ချင်စိတ်မရှိတော့လို့"
ပြောပြီးတာနဲ့အမြန်ပင်ထွက်လာလိုက်သည်။သူငယ်ချင်းတွေပြန်ပြောမယ့်စကားကိုလည်းသူမစောင့်နိုင်တော့။ဖြစ်နိုင်တာကဒီတစ်ခါတော့သူ့သူငယ်ချင်းတွေလည်းမတားလောက်ဘူးထင်တာပဲ။
ကျောင်းထဲကထွက်လာခဲ့ပေမယ့်တကယ်တမ်းဘယ်သွားရမယ်မှန်းမသိ။ဘယ်နေရာကများသူ့ကိုစိတ်ချမ်းသာမှာမို့လဲ။တစ်ယောက်ထဲလူမသိသူမသိလွတ်လွတ်လပ်လပ်ငိုနိုင်လောက်မယ့်နေရာမျိုးတွေးကြည့်တော့လည်း သူ့အိပ်ခန်းကလွဲပြီးမစဉ်းစားမိသဖြင့်အိမ်ကိုသာပြန်လာလိုက်သည်။
အိမ်ထဲဝင်ဖို့တံခါးဖွင့်လိုက်တာနဲ့ ဧည့်ခန်းထဲစာဖတ်နေတဲ့အမေ့ကိုတန်းတွေ့လိုက်သည်။တကယ်တန်းအမေမရှိလောက်ဘူးထင်ပြီးပြန်လာခဲ့ပေမယ့်သူ့အထင်ကမှားနေပြန်သည်။
"ဟင် သား ဘာလို့ပြန်လာတာလဲ အတန်းမရှိဘူးလား"
"နည်းနည်းနေမကောင်းလို့ပါ"
"ဟင် ဘယ်လိုဖြစ်တာလဲ မင်းကိုအမေပြောသားပဲ ဆေးရောသောက်ခဲ့လား ဘယ်လိုနေသေးလဲအခု"
"ခေါင်းပဲနည်းနည်းကိုက်နေတာပါ အိပ်လိုက်ရင်ကောင်းသွားမှာ ဒါနဲ့သားကိုပဲမေးနေတာ အမေရော ဒီနေ့စာအုပ်တိုက်မသွားဘူးလား"
"သွားမှာပါ သားရဲ့ ဒီနေ့အလုပ်သိပ်မရှတော့တမင်နည်းနည်းနောက်ကျပြီးသွားမလားလို့လေ"
"အင်းပါ သားအပေါ်တက်တော့မယ်နော် အမေ"
"နိုးလာရင်ဆေးသောက်ဖို့မမေ့နဲ့နော် သား"
ရူတိုကပြန်မဖြေပဲ တံခါးခပ်မြန်မြန်ပိတ်ကာဝင်သွားသည်။
မိခင်ပဲ မသိပဲနေသလား။သေချာပေါက်သူ့သားကတစ်ခုခုဖြစ်နေတာသိပ်သိတာပေါ့။ဒါပေမယ့် သားကဘာဖြစ်နေတာလဲ ဘယ်လိုအကြောင်းကြောင့်မို့သူ့ကိုမပြောရတာလဲ။အတင်းမမေးချင်ပေမယ့် စိတ်ပူတာတော့အမှန်ပင်။သူမမှာဒီသားတစ်ယောက်ပဲရှိတာလေ။သားဘက်ကကိုယ်တိုင်သူ့ကိုပြောပြရမယ့်အချိန်ထိတော့စောင့်ရမှာပဲ။
အခန်းထဲရောက်တာနဲ့ကိုယ်ကိုပစ်လှဲပြီးစောင်ကိုအုပ်ကာငိုလိုက်သည်။အမေကြားသွားမှာကိုမလိုလားသောကြောင့် အသံတော့မထွက်ရဲ။ယောကျာ်းတန်မဲ့နဲ့ယောကျာ်းတစ်ယောက်အတွက်ငိုနေမိသည်ကိုတွေးနေမိသည့်တိုင်မရှက်မိ။
လွယ်အိတ်ထဲကဖုန်းကိုထုတ်ကာ Instagram အားဖွင့်လိုက်သည်။ search bar တွင် hikun_aug18 ဆိုသည့် user name အားရိုက်ရှာလိုက်တော့ ချစ်ရသူပုံကလေးတန်းပေါ်လာသည်။အကောက်ထဲဝင်ကြည့်တော့ တစ်နှစ်ကျော်ကြာအသုံးပြုထားသည့် အကောင့်ဆိုပေမယ့် ပုံက 11 သာရှိသည်။active ဖြစ်ပုံမပေါ်သည့် အကောင့်အား ခပ်မြန်မြန် follow လိုက်ကာ close friend list တွင်ထည့်ထားလိုက်သည်။ထို့နောက် message နေရာတွင် ကျွန်တော့်ကိုသဘောမကျတဲ့အကြောင်းပြချက်တစ်ခုလောက်များသိနိုင်မလား ဟူသောစာအားပို့ထားလိုက်လေသည်။အများကြီးမမျှော်လင့်ထားပေမယ့် ပြန်စာရရင်ကောင်းမှာပဲဟုလည်းတွေးလိုက်မိသေးသည်။
Happy 2nd Anniversary TREASURE
(အရမ်းမွန်းကျပ်နေလို့ ခဏရှောင်ပြေးနေပေမယ့် ကောင်လေးတွေ anni မှာတော့ သတိတရခဏပြန်ပေါ်လာချင်လို့ ပြီးတော့ထပ်ပြီးဘယ်အချိန်ထိဆက်ပျောက်နေမယ်ဆိုတာကိုယ်တိုင်တောင်မသိပေမယ့် စောင့်နေပေးမယ်ဆိုရင် အဆင်သင့်ဖြစ်တဲ့အခါပြန်လာပါ့မယ်)
Bạn đang đọc truyện trên: Truyen2U.Com