Truyen2U.Net quay lại rồi đây! Các bạn truy cập Truyen2U.Com. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Chapter 17

{ Jaeကသိပ်ကိုနူးညံ့နွေးထွေးလွန်းတဲ့ကဗျာလေးတစ်ပုဒ်နဲ့တူတယ် }

"Ju......ဘယ်သွားမလို့လည်း!!!!"

".............."

"Ju....Jaeခေါ်နေတယ်လေ"

သူ့ရှေ့မှထွက်သွားမလိုလုပ်နေသည့်Juyeonရဲ့လက်တို့အားJaehyunဆုပ်ကိုင်လိုက်ပြီးသွားမရစေရန်တားထားလိုက်သည်။

"Ju....ဘယ်သွားမှာလည်းလို့"

Juyeonရဲ့မျက်နှာပေါ်မှာခံစားချက်မဲ့နေပြီးသူ့အားသူစိမ်းဆန်သည့်မျက်လုံးတို့ဖြင့်လည်းကြည့်နေသည်မှာထိတ်လန့်စရာပင်။

"ငါ့လက်ကိုလွှတ်!!!!"

"မလွှတ်ပါဘူး.....အခုဘယ်သွားမှာလည်း!!!!"

JaehyunကJuyeonရဲ့လက်တို့ကိုပိုမိုတင်းကြပ်စွာဖက်လိုက်ရင်းပြောလိုက်လေသည်။Juyeonကလည်းJaehyunလက်ကိုအားနဲ့ဖယ်ထုတ်ရင်း

"ငါ့လက်ကိုလွှတ်လို့ပြောနေတယ်!!!!! ငါ့ဘာသာဘယ်သွားသွားမင်းနဲ့မဆိုင်ဘူး!!!!"

ပစ်ပစ်ခါခါပြောလာသည့်စကားတို့ကJaehyunရင်ကိုဓားနဲ့အစိမ်းလိုက်ခွဲလိုက်သလိုပင်နာကျင်လှပါသည်။ဝမ်းနည်းမှူကြောင့်မျက်ရည်များပင်စတင်ဝဲလာရတော့သည်ကိုလည်းJuyeonကလျစ်လျူရှုနေခဲ့သည်။

"Juဘာလို့ချက်ချင်းပြောင်းလဲသွားတာလည်း!!!ပြောတော့Jaeနဲ့အတူတူနေမှာပါဆို အခုဘယ်သွားမယ်ဆိုတာလည်းမပြောဘူး!!!"

Juyeonကစိတ်ပျက်နေသည့်ပုံဖြင့်စုပ်တစ်ချက်သပ်လိုက်ပြီး

"စိတ်ကူးတွေယဥ်မနေနဲ့Lee Jaehyun!!!!!"

ဟုပြောကာJaehyunအားတွန်းထုတ်ခဲ့ပြီးထွက်သွားလေသည်။ကျန်ရစ်ခဲ့သည့်Jaehyunလေးမှာတော့အော်ဟစ်ပြီးငိုရုံမှလွဲ၍မတတ်နိုင်ခဲ့ချေ။

"Jaeတောင်းပန်ပါတယ်....မသွားပါနဲ့Ju.......Jaeတောင်းပန်ပါတယ်လို့....မသွားပါနဲ့!!!! Juyeon nah.....မသွားပါနဲ့လို့!!!"

ဟုအော်ဟစ်ငိုကြွေးနေမိသည့်Jaehyunလေးမှာသနားဖွယ်ကြေကွဲဖွယ်အတိ။စုံမှိတ်ထားသည့်မျက်လုံးတို့ကိုဖွင့်ကြည့်လိုက်တော့တစ်ခန်းလုံးမှောင်မည်းနေပြီးမောဟိုက်ကာမျက်ရည်များလည်းမျက်နှာတစ်ခုလုံးရွှဲစိုနေလေသည်။

သတိကိုပြန်လည်ကပ်တော့မှသူဟာJuyeonအခန်းထဲမှာမှန်းသတိထားမိတော့သည်။မောဟိုက်နေသည့်သူ့ကိုယ်သူပင်ဂရုမစိုက်နိုင်သေးဘဲဘေးဘီကိုလှည့်ကြည့်တော့Juyeonကရှိမနေပါ။သူစောနကအိပ်မက်မက်နေခဲ့တာပဲ။

စားပွဲပေါ်ကနာရီကိုလှမ်းကြည့်လိုက်တော့လည်းနာရီလက်တံကသုံးနာရီကိုပြနေသည်မလို့အခုအချိန်ကအပြင်ထွက်နေရမဲ့အချိန်လည်းမဟုတ်ချေ။မက်ခဲ့သည့်အိပ်မက်ဟာမကောင်းသည်မလို့စိုးရိမ်စိတ်တို့ဟာချက်ချင်းပင်လွှမ်းမိုးလာပြီးကုတင်ပေါ်မှကမန်းကတန်းထကာJuyeonအားလိုက်ရှာမိတော့သည်။

"Juyeon nah......ဘယ်မှာလည်း!!"

Jaehyunဘယ်လောက်ပဲအော်ခေါ်ခေါ်Juyeonကိုမတွေ့သည်မလို့အိပ်မက်ထဲကလိုများJuyeonတစ်ကယ်သူ့ကိုထားပြီးထွက်သွားခဲ့တာလားဆိုသည့်အတွေးကရောက်လာသည်မလို့ကြမ်းပြင်ပေါ်မှာထိုင်ချလိုက်ရင်းငိုနေမိသည်။

သူငိုနေတုန်းမှာပဲ........

"Jae......"

Juyeonရဲ့ခေါ်သံလေးကြားလို့မော့ကြည့်မိတော့တစ်ကယ်Juyeonဖြစ်နေတာကြောင့်Jaehyunချက်ချင်းပင်ထကာJuyeonအားပြေးဖက်လေသည်။

"Jae.....ဘာလို့ငိုနေတာလည်း ဘာဖြစ်နေတာလည်းပြော"

ရုတ်တစ်ရက်ကြီးထကာငိုပြီးသူ့အားလာဖက်နေသောကြောင့်Jaehyunလေးတစ်ခုခုဖြစ်နေပြီဆိုတာJuyeonသိပါသည်။ဒါကြောင့်လည်းမေးလိုက်ခြင်းဖြစ်သည်။ဒါပေမဲ့Jaehyunကပြန်မဖြေဘဲသူ့ကိုသာရှိသမျှအားတွေအကုန်ထုတ်ကာတင်းကြပ်နေအောင်ဖက်ထားပြီးရင်ခွင်မှာမျက်နှာအပ်လျက်ငိုနေလေသည်။

Juyeonလည်းJaehyunရဲ့ကိုယ်လေးကိုအသာခွာလိုက်ရင်းကုတင်ပေါ်မှာထိုင်စေကာသေချာမေးရတော့သည်။ကောင်လေးကဘယ်လောက်တောင်ငိုထားသည်မသိ မျက်နှာတစ်ခုလုံးလည်းမျက်ရည်တွေစိုရွှဲနေပြီးကိုယ်လေးကလည်းတစ်ချက်တစ်ချက်တုန်တတ်သွားသေးသည်။

"Jae.....ကိုယ့်ကိုပြော....ဘာဖြစ်တာလည်း"

"Juကလေ.............Jaeကိုထားသွားတာ.......အိပ်မက်ထဲမှာ..........Jaeခေါ်နေတာတောင်လုံးဝလှည့်မကြည့်တော့ဘူး...."

ဆိုပြီးကလေးတစ်ယောက်နှယ်တစ်ရှုံ့ရှုံ့နဲ့ငိုနေသည်မလို့Jaehyunလေးအားချော့ရပါတော့သည်။

"Jae....ကိုယ့်ကိုကြည့်ဦး"

ပြောတဲ့အတိုင်းကြည့်ရှာပါသည်။

"အဲ့တာအိပ်မက်လေကွာ......တစ်ကယ်မှာမဟုတ်တာ...ပြီးတော့အဓိပ္ပါယ်မရှိကိုယ်ကJaeကိုထားခဲ့စရာလား....ဟင်...."

"ဒါပေမဲ့....Juကကြောက်စရာကြီး...Jaeကိုလည်းတွန်းထုတ်တာ"

"အော်....အဲ့တာအိပ်မက်လေလို့....Jaeကအတွေးများနေပါပြီ....တော်တော့ငိုနေတာရပ်တော့"

ဆိုကာJuyeonကသူ့လက်နဲ့Jaehyunမျက်နှာပေါ်မှမျက်ရည်တို့အားတစ်ယုတစ်ယသုတ်ပေးရှာသည်။

"ဒါနဲ့Juဘယ်သွားနေတာလည်းစောနက"

"ကိုယ်ခနရေဆာလာတာနဲ့ရေသွားသောက်နေတာပါ"

"နောက်ဆို...Jaeမသိဘဲဘယ်မှမသွားနဲ့နော်"

"အင်းပါ....အခုတော့အိပ်ရအောင်လာ....မနက်ဖြန်လည်းကျောင်းသွားရမှာကိုနောက်ကျနေမယ်"

"အင်း.......Jaeကိုဖက်ပြီးအိပ်နော်"

"အင်းပါ......"

ဆိုကာနှစ်ယောက်သားအတူတူကုတင်ပေါ်မှာပြန်လှဲလိုက်ကြပြီးJuyeonကလည်းJaehyunအတွက်စောင်သေချာပြန်ခြုံပေးလိုက်သည်။ပြီးတော့မှJaehyunကိုရင်ခွင်ထဲထည့်ကာအိပ်စေလေသည်။ဒါပေမဲ့ကောင်လေးကအတွေးများပြီးအိပ်မပျော်တော့ဘူးထင်။

"Ju.........ကြီးလာရင်Jaeနဲ့အတူတူနေမယ်လို့ကတိပေးထားတယ်နော်"

Jaehyunလေးကဘာကိုတွေးပြီးစိတ်ပူနေမှန်းသိတာမလို့Juyeonညင်သာစွာပင်ရင်ခွင်ထဲမှကောင်လေးအားခေါ်လိုက်သည်။

"Jae....."

"ဟင်"

Juyeonကငိုထားလို့မျက်ရည်ဥလေးတွေအရောင်လဲ့နေတဲ့Jaehyunရဲ့မျက်ဝန်းကိုသေချာစွာကြည့်လိုက်ပြီးလှဲနေရင်းတန်းလန်းမှာပင်ခေါင်းလေးကိုအနားတိုးလိုက်ကာအနည်းငယ်တုန်ရီကာခြောက်သွေ့နေသည့်Jaehyunရဲ့နှုတ်ခမ်းပါးလေးအားသူ့ရဲ့နှုတ်ခမ်းအစုံနဲ့ထိကပ်လိုက်ပြီး ဒီတစ်ခါမှာတော့အနမ်းမည်သည့်အနမ်းလေးတစ်ပွင့်အားပေးလိုက်ပါတော့သည်။

စက္ကန့်ပိုင်းလောက်သာကြာသည့်အနမ်းလေးဆိုပေမဲ့လက်ခံရရှိသူရောပေးသည့်သူရောအတွက်ပထမဦးဆုံးအတည်ပေါက်အနမ်းဖြစ်တာမလို့ချိုမြိန်ပါသည်လေ။

နမ်းပြီးတော့JuyeonကJaehyunရဲ့ခေါင်းလေးကိုပါအသာသပ်ပေးကာချော့သိပ်ပေးတော့မှကောင်ငယ်လေးကရင်ခွင်ထဲမှာအိပ်ပျော်သွားရှာသည်။Juyeonမှာတော့မအိပ်ပျော်နိုင်တော့ဘဲအတွေးပေါင်းစုံသာခေါင်းထဲမှာစီတန်းလို့နေသည်။

ငယ်ငယ်ကတည်းကအတူရှိလာပေးခဲ့သည့်JaehyunကJuyeonအတွက်တော့ဘယ်အရာနဲ့မှအဖိုးဖြတ်မရပါသောအဖိုးတန်လူသားလေးတစ်ယောက်ပင်ဖြစ်သည်။သူနဲ့ဝေးကွာရမှာအလွန်ကြောက်နေရှာပြီးပါးစပ်ကတစ်ဖွဖွအတူတူနေမယ်ဆိုသောစကားအားပြောနေသည်မှာလည်းအကြိမ်ကြိမ်။

တစ်ကယ့်ကိုအဖိုးတန်လေးပါပဲ။သူပေးထားတဲ့လက်ကောက်လေးကိုဆိုလည်းသိပ်ကိုသဘောကျတာလေ။အထူးတစ်လည်လက်ဆောင်မျိုးလည်းမပေးဖြစ်ခဲ့ဖူးတော့ဒါလေးကJaehyunအတွက်အဓိပ္ပါယ်ရှိနေတယ်ထင်ပါရဲ့။

Jaehyunကလေ သူ့အတွက်တော့သိပ်ကိုနွေးထွေးနူးညံ့လွန်းတဲ့ကဗျာလေးတစ်ပုဒ်နဲ့တူလေသည်။စာလေးတစ်ပိုဒ် နှစ်ပိုဒ်ကကြည့်ရတာဘာမှမဟုတ်ဘူးဆိုပေမဲ့တန်ဖိုးထားတဲ့သူအတွက်တော့အဓိပ္ပါယ်ရှိလွန်းတာထက်ကိုပိုပါသည်။

နှစ်လိုဖွယ်ရာစကားလုံးလေးတွေပေါင်းစပ်သီကုံးပြီးဖြစ်တည်လာတဲ့စာလေးတစ်ပိုဒ်ဟာဖတ်လိုက်ရသူအဖို့တော့စိတ်ကြည်နူးချမ်းမြေ့မှုကိုပေးစွမ်းနိုင်သည်လေ။

အလားတူဂုဏ်ပုဒ်ရှိစွာပင်နှစ်လိုဖွယ်ကောင်းတဲ့အပြုမူလေးတွေနဲ့ဖြစ်တည်လာတဲ့Jaehyunလေးဟာလည်းနှလုံးသားထဲမှာနေရာပေးထားတဲ့Juyeonအဖို့တော့သိပ်ကိုတန်ဖိုးရှိပြီးသိပ်ကိုမြတ်နိုးရပါပေသည်။

ရင်ခွင်ထဲမှာအိပ်စက်နေသည့်မြတ်နိုးရပါသောကောင်ငယ်လေးဟာသူ့ရဲ့ခါးကိုတင်းကြပ်စွာဖက်ထားသည်ကိုလည်းကောင်းကောင်းခံစားမိပါသည်။သူ့ကိုတစ်အားခင်တွယ်ရှာပါသော အားကိုးရှာပါသောဤကောင်လေးအားလာမဲ့နေ့ရက်တိုင်းမှာအတူတူဖြတ်သန်းရင်းစောင့်ရှောက်ပေးရမည်မှာလည်းနှလုံးသားကိုပုံအပ်ပေးထားသူJuyeonရဲ့တာဝန်ဖြစ်လာပါတော့သည်။

ကဗျာပိုဒ်လေးရဲ့စာမျက်နှာတိုင်းကိုပိုပြီးလှပအောင်သီကုံးပေးရမှာပဲမဟုတ်ဘူးလား။

သံစဥ်တွေမပါဝင်တဲ့စကားသံလေးဟာလည်းချိုမြိန်သလိုပကာသနမပါတဲ့ရိုးရှင်းတဲ့ကောင်လေးဟာလည်းချိုမြိန်ပါသည်။ထို့အတူပင်ပထမဦးစွာနမ်းခဲ့ရသည့်နှုတ်ခမ်းပါးလေးမှာလည်းချိုမြိန်လှပါသည်။

တစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေကိုမဖွင့်ပြောရသေးပေမဲ့အနမ်းလေးတော့ပေးမိလိုက်သည်။ရင်ခွင်ထဲမှာလည်းနေလိုက်သည်။မလိုပါဘူး။သိပ်....ကိုလှတဲ့သူတို့ရဲ့ချစ်ခြင်းတစ်ရားတွေဟာပါးစပ်ကနေတစ်ကူးတစ်ကထုတ်ပြောဖို့မလိုအပ်ပါဘူး။ဖော်ပြတတ်ရင်ရပါပြီ။ကောင်လေးကလည်းသူ့လိုတူညီတဲ့ခံစားချက်မျိုးရနေမှာပဲလေ။

ဒါပေမဲ့တစ်နေ့နေ့တစ်ချိန်ချိန်ကျရင်တော့သိထားပေမဲ့လည်းတစ်ခါလောက်တော့ပြောဖြစ်ချင်ပါသည်။မခဲယဥ်းပါသော်လည်းထုတ်ပြောဖို့ရန်အနည်းငယ်တော့တွန့်ဆုတ်နေမိသည်။ယောကျာ်းမပီသတာမျိုးတော့မဟုတ်။သိနေပြီးသားခံစားချက်ကိုအထူးတစ်လည်ထုတ်ပြောရမှာကိုတွေးတောနေခြင်းသာ။

ရင်ခွင်ထဲကကောင်လေးကိုတစ်ချက်ပြန်ကြည့်လိုက်တော့အိပ်မောကျနေတာချစ်စဖွယ်ပင်။ဆံနွယ်ညိုတို့ဖုံးအုပ်သည့်ခေါင်းလုံးလုံးလေးအားတစ်ချက်ညင်သာစွာမွှေးလိုက်ပြီးစိတ်ထဲမှရေရွတ်လိုက်သည်။

" ~ချစ်တယ်Jae~ အခုတော့စိတ်ထဲကနေပဲပြောလိုက်မယ် တစ်နေ့နေ့ကျရင်တော့ကိုယ်သေချာပေါက်ပါးစပ်ကနေထုတ်ပြောပါ့မယ် အိပ်မက်ဆိုးတွေလည်းမမက်ပါစေနဲ့တော့ ကိုယ့်ရဲ့Jae "

တစ်ဖန်ထပ်ပြီးရှေ့ဆံပင်အနည်းငယ်ဝဲကျနေသည့်နှဖူးပြင်လေးကိုနမ်းကာအတွေးကမ္ဘာမှထွက်လာလိုက်ပြီးကောင်လေးကိုလည်းဖက်ရင်းအိပ်စက်ခြင်းဆီသို့ဦးတည်လိုက်လေသည်။

ဒါပေမဲ့.....ဘယ်သူသိနိုင်မှာလည်းနော်.....Jaehyunလေးရဲ့အိပ်မက်ဟာအပြင်မှာသာတစ်ကယ်ဖြစ်လာနိုင်မလားဆိုတာ...........
__________________________________________

Thanks for reading🌸

Zawgyi

{ Jaeကသိပ္ကိုႏူးညံ့ႏြေးေထြးလြန္းတဲ့ကဗ်ာေလးတစ္ပုဒ္နဲ႕တူတယ္ }

"Ju......ဘယ္သြားမလို႔လည္း!!!!"

".............."

"Ju....Jaeေခၚေနတယ္ေလ"

သူ႕ေရွ႕မွထြက္သြားမလိုလုပ္ေနသည့္Juyeonရဲ႕လက္တို႔အားJaehyunဆုပ္ကိုင္လိုက္ၿပီးသြားမရေစရန္တားထားလိုက္သည္။

"Ju....ဘယ္သြားမလို႔လည္းလို႔"

Juyeonရဲ႕မ်က္ႏွာေပၚမွာခံစားခ်က္မဲ့ေနၿပီးသူ႕အားသူစိမ္းဆန္သည့္မ်က္လုံးတို႔ျဖင့္လည္းၾကည့္ေနသည္မွာထိတ္လန့္စရာပင္။

"ငါ့လက္ကိုလႊတ္!!!!"

"မလႊတ္ပါဘူး.....အခုဘယ္သြားမွာလည္း!!!!"

JaehyunကJuyeonရဲ႕လက္တို႔ကိုပိုမိုတင္းၾကပ္စြာဖက္လိုက္ရင္းေျပာလိုက္ေလသည္။Juyeonကလည္းJaehyunလက္ကိုအားနဲ႕ဖယ္ထုတ္ရင္း

"ငါ့လက္ကိုလႊတ္လို႔ေျပာေနတယ္!!!!! ငါ့ဘာသာဘယ္သြားသြားမင္းနဲ႕မဆိုင္ဘူး!!!!"

ပစ္ပစ္ခါခါေျပာလာသည့္စကားတို႔ကJaehyunရင္ကိုဓားနဲ႕အစိမ္းလိုက္ခြဲလိုက္သလိုပင္နာက်င္လွပါသည္။ဝမ္းနည္းမႉေၾကာင့္မ်က္ရည္မ်ားပင္စတင္ဝဲလာရေတာ့သည္ကိုလည္းJuyeonကလ်စ္လ်ဴရႈေနခဲ့သည္။

"Juဘာလို႔ခ်က္ခ်င္းေျပာင္းလဲသြားတာလည္း!!!ေျပာေတာ့Jaeနဲ႕အတူတူေနမွာပါဆို အခုဘယ္သြားမယ္ဆိုတာလည္းမေျပာဘူး!!!"

Juyeonကစိတ္ပ်က္ေနသည့္ပုံျဖင့္စုပ္တစ္ခ်က္သပ္လိုက္ၿပီး

"စိတ္ကူးေတြယဥ္မေနနဲ႕Lee Jaehyun!!!!!"

ဟုေျပာကာJaehyunအားတြန္းထုတ္ခဲ့ၿပီးထြက္သြားေလသည္။က်န္ရစ္ခဲ့သည့္Jaehyunေလးမွာေတာ့ေအာ္ဟစ္ၿပီးငို႐ုံမွလြဲ၍မတတ္နိုင္ခဲ့ေခ်။

"Jaeေတာင္းပန္ပါတယ္....မသြားပါနဲ႕Ju.......Jaeေတာင္းပန္ပါတယ္လို႔....မသြားပါနဲ႕!!!! Juyeon....nah.....မသြားပါနဲ႕လို႔!!!"

ဟုေအာ္ဟစ္ငိုေႂကြးေနမိသည့္Jaehyunေလးမွာသနားဖြယ္ေၾကကြဲဖြယ္အတိ။စုံမွိတ္ထားသည့္မ်က္လုံးတို႔ကိုဖြင့္ၾကည့္လိုက္ေတာ့တစ္ခန္းလုံးေမွာင္မည္းေနၿပီးေမာဟိုက္ကာမ်က္ရည္မ်ားလည္းမ်က္ႏွာတစ္ခုလုံး႐ႊဲစိုေနေလသည္။

သတိကိုျပန္လည္ကပ္ေတာ့မွသူဟာJuyeonအခန္းထဲမွာမွန္းသတိထားမိေတာ့သည္။ေမာဟိုက္ေနသည့္သူ႕ကိုယ္သူပင္ဂ႐ုမစိုက္နိုင္ေသးဘဲေဘးဘီကိုလွည့္ၾကည့္ေတာ့Juyeonကရွိမေနပါ။သူေစာနကအိပ္မက္မက္ေနခဲ့တာပဲ။

စားပြဲေပၚကနာရီကိုလွမ္းၾကည့္လိုက္ေတာ့လည္းနာရီလက္တံကသုံးနာရီကိုျပေနသည္မလို႔အခုအခ်ိန္ကအျပင္ထြက္ေနရမဲ့အခ်ိန္လည္းမဟုတ္ေခ်။မက္ခဲ့သည့္အိပ္မက္ဟာမေကာင္းသည္မလို႔စိုးရိမ္စိတ္တို႔ဟာခ်က္ခ်င္းပင္လႊမ္းမိုးလာၿပီးကုတင္ေပၚမွကမန္းကတန္းထကာJuyeonအားလိုက္ရွာမိေတာ့သည္။

"Juyeon nah......ဘယ္မွာလည္း!!"

Jaehyunဘယ္ေလာက္ပဲေအာ္ေခၚေခၚJuyeonကိုမေတြ႕သည္မလို႔အိပ္မက္ထဲကလိုမ်ားJuyeonတစ္ကယ္သူ႕ကိုထားၿပီးထြက္သြားခဲ့တာလားဆိုသည့္အေတြးကေရာက္လာသည္မလို႔ၾကမ္းျပင္ေပၚမွာထိုင္ခ်လိဳက္ရင္းငိုေနမိသည္။

သူငိုေနတုန္းမွာပဲ........

"Jae......"

Juyeonရဲ႕ေခၚသံေလးၾကားလို႔ေမာ့ၾကည့္မိေတာ့တစ္ကယ္Juyeonျဖစ္ေနတာေၾကာင့္Jaehyunခ်က္ခ်င္းပင္ထကာJuyeonအားေျပးဖက္ေလသည္။

"Jae.....ဘာလို႔ငိုေနတာလည္း ဘာျဖစ္ေနတာလည္းေျပာ"

႐ုတ္တစ္ရက္ႀကီးထကာငိုၿပီးသူ႕အားလာဖက္ေနေသာေၾကာင့္Jaehyunေလးတစ္ခုခုျဖစ္ေနၿပီဆိုတာJuyeonသိပါသည္။ဒါေၾကာင့္လည္းေမးလိုက္ျခင္းျဖစ္သည္။ဒါေပမဲ့Jaehyunကျပန္မေျဖဘဲသူ႕ကိုသာရွိသမွ်အားေတြအကုန္ထုတ္ကာတင္းၾကပ္ေနေအာင္ဖက္ထားၿပီးရင္ခြင္မွာမ်က္ႏွာအပ္လ်က္ငိုေနေလသည္။

Juyeonလည္းJaehyunရဲ႕ကိုယ္ေလးကိုအသာခြာလိုက္ရင္းကုတင္ေပၚမွာထိုင္ေစကာေသခ်ာေမးရေတာ့သည္။ေကာင္ေလးကဘယ္ေလာက္ေတာင္ငိုထားသည္မသိ မ်က္ႏွာတစ္ခုလုံးလည္းမ်က္ရည္ေတြစို႐ႊဲေနၿပီးကိုယ္ေလးကလည္းတစ္ခ်က္တစ္ခ်က္တုန္တတ္သြားေသးသည္။

"Jae.....ကိုယ့္ကိုေျပာ....ဘာျဖစ္တာလည္း"

"Juကေလ.............Jaeကိုထားသြားတာ.......အိပ္မက္ထဲမွာ..........Jaeေခၚေနတာေတာင္လုံးဝလွည့္မၾကည့္ေတာ့ဘူး...."

ဆိုၿပီးကေလးတစ္ေယာက္ႏွယ္တစ္ရႈံ႕ရႈံ႕နဲ႕ငိုေနသည္မလို႔Jaehyunေလးအားေခ်ာ့ရပါေတာ့သည္။

"Jae....ကိုယ့္ကိုၾကည့္ဦး"

ေျပာတဲ့အတိုင္းၾကည့္ရွာပါသည္။

"အဲ့တာအိပ္မက္ေလကြာ......တစ္ကယ္မွာမဟုတ္တာ...ၿပီးေတာ့အဓိပၸါယ္မရွိကိုယ္ကJaeကိုထားခဲ့စရာလား....ဟင္...."

"ဒါေပမဲ့....Juကေၾကာက္စရာႀကီး...Jaeကိုလည္းတြန္းထုတ္တာ"

"ေအာ္....အဲ့တာအိပ္မက္ေလလို႔....Jaeကအေတြးမ်ားေနပါၿပီ....ေတာ္ေတာ့ငိုေနတာရပ္ေတာ့"

ဆိုကာJuyeonကသူ႕လက္နဲ႕Jaehyunမ်က္ႏွာေပၚမွမ်က္ရည္တို႔အားတစ္ယုတစ္ယသုတ္ေပးရွာသည္။

"ဒါနဲ႕Juဘယ္သြားေနတာလည္းေစာနက"

"ကိုယ္ခနေရဆာလာတာနဲ႕ေရသြားေသာက္ေနတာပါ"

"ေနာက္ဆို...Jaeမသိဘဲဘယ္မွမသြားနဲ႕ေနာ္"

"အင္းပါ....အခုေတာ့အိပ္ရေအာင္လာ....မနက္ျဖန္လည္းေက်ာင္းသြားရမွာကိုေနာက္က်ေနမယ္"

"အင္း.......Jaeကိုဖက္ၿပီးအိပ္ေနာ္"

"အင္းပါ......"

ဆိုကာႏွစ္ေယာက္သားအတူတူကုတင္ေပၚမွာျပန္လွဲလိုက္ၾကၿပီးJuyeonကလည္းJaehyunအတြက္ေစာင္ေသခ်ာျပန္ၿခဳံေပးလိုက္သည္။ၿပီးေတာ့မွJaehyunကိုရင္ခြင္ထဲထည့္ကာအိပ္ေစေလသည္။ဒါေပမဲ့ေကာင္ေလးကအေတြးမ်ားၿပီးအိပ္မေပ်ာ္ေတာ့ဘူးထင္။

"Ju.........ႀကီးလာရင္Jaeနဲ႕အတူတူေနမယ္လို႔ကတိေပးထားတယ္ေနာ္"

Jaehyunေလးကဘာကိုေတြးၿပီးစိတ္ပူေနမွန္းသိတာမလို႔Juyeonညင္သာစြာပင္ရင္ခြင္ထဲမွေကာင္ေလးအားေခၚလိုက္သည္။

"Jae....."

"ဟင္"

Juyeonကငိုထားလို႔မ်က္ရည္ဥေလးေတြအေရာင္လဲ့ေနတဲ့Jaehyunရဲ႕မ်က္ဝန္းကိုေသခ်ာစြာၾကည့္လိုက္ၿပီးလွဲေနရင္းတန္းလန္းမွာပင္ေခါင္းေလးကိုအနားတိုးလိုက္ကာအနည္းငယ္တုန္ရီကာေျခာက္ေသြ႕ေနသည့္Jaehyunရဲ႕ႏႈတ္ခမ္းပါးေလးအားသူ႕ရဲ႕ႏႈတ္ခမ္းအစုံနဲ႕ထိကပ္လိုက္ၿပီး ဒီတစ္ခါမွာေတာ့အနမ္းမည္သည့္အနမ္းေလးတစ္ပြင့္အားေပးလိုက္ပါေတာ့သည္။

စကၠန့္ပိုင္းေလာက္သာၾကာသည့္အနမ္းေလးဆိုေပမဲ့လက္ခံရရွိသူေရာေပးသည့္သူေရာအတြက္ပထမဦးဆုံးအတည္ေပါက္အနမ္းျဖစ္တာမလို႔ခ်ိဳၿမိန္ပါသည္ေလ။

နမ္းၿပီးေတာ့JuyeonကJaehyunရဲ႕ေခါင္းေလးကိုပါအသာသပ္ေပးကာေခ်ာ့သိပ္ေပးေတာ့မွေကာင္ငယ္ေလးကရင္ခြင္ထဲမွာအိပ္ေပ်ာ္သြားရွာသည္။Juyeonမွာေတာ့မအိပ္ေပ်ာ္နိုင္ေတာ့ဘဲအေတြးေပါင္းစုံသာေခါင္းထဲမွာစီတန္းလို႔ေနသည္။

ငယ္ငယ္ကတည္းကအတူရွိလာေပးခဲ့သည့္JaehyunကJuyeonအတြက္ေတာ့ဘယ္အရာနဲ႕မွအဖိုးျဖတ္မရပါေသာအဖိုးတန္လူသားေလးတစ္ေယာက္ပင္ျဖစ္သည္။သူနဲ႕ေဝးကြာရမွာအလြန္ေၾကာက္ေနရွာၿပီးပါးစပ္ကတစ္ဖြဖြအတူတူေနမယ္ဆိုေသာစကားအားေျပာေနသည္မွာလည္းအႀကိမ္ႀကိမ္။

တစ္ကယ့္ကိုအဖိုးတန္ေလးပါပဲ။သူေပးထားတဲ့လက္ေကာက္ေလးကိုဆိုလည္းသိပ္ကိုသေဘာက်တာေလ။အထူးတစ္လည္လက္ေဆာင္မ်ိဳးလည္းမေပးျဖစ္ခဲ့ဖူးေတာ့ဒါေလးကJaehyunအတြက္အဓိပၸါယ္ရွိေနတယ္ထင္ပါရဲ႕။

Jaehyunကေလ သူ႕အတြက္ေတာ့သိပ္ကိုႏြေးေထြးႏူးညံ့လြန္းတဲ့ကဗ်ာေလးတစ္ပုဒ္နဲ႕တူေလသည္။စာေလးတစ္ပိုဒ္ ႏွစ္ပိုဒ္ကၾကည့္ရတာဘာမွမဟုတ္ဘူးဆိုေပမဲ့တန္ဖိုးထားတဲ့သူအတြက္ေတာ့အဓိပၸါယ္ရွိလြန္းတာထက္ကိုပိုပါသည္။

ႏွစ္လိုဖြယ္ရာစကားလုံးေလးေတြေပါင္းစပ္သီကုံးၿပီးျဖစ္တည္လာတဲ့စာေလးတစ္ပိုဒ္ဟာဖတ္လိုက္ရသူအဖို႔ေတာ့စိတ္ၾကည္ႏူးခ်မ္းေျမ့မႈကိုေပးစြမ္းနိုင္သည္ေလ။

အလားတူဂုဏ္ပုဒ္ရွိစြာပင္ႏွစ္လိုဖြယ္ေကာင္းတဲ့အျပဳမူေလးေတြနဲ႕ျဖစ္တည္လာတဲ့Jaehyunေလးဟာလည္းႏွလုံးသားထဲမွာေနရာေပးထားတဲ့Juyeonအဖို႔ေတာ့သိပ္ကိုတန္ဖိုးရွိၿပီးသိပ္ကိုျမတ္နိုးရပါေပသည္။

ရင္ခြင္ထဲမွာအိပ္စက္ေနသည့္ျမတ္နိုးရပါေသာေကာင္ငယ္ေလးဟာသူ႕ရဲ႕ခါးကိုတင္းၾကပ္စြာဖက္ထားသည္ကိုလည္းေကာင္းေကာင္းခံစားမိပါသည္။သူ႕ကိုတစ္အားခင္တြယ္ရွာပါေသာ အားကိုးရွာပါေသာဤေကာင္ေလးအားလာမဲ့ေန႕ရက္တိုင္းမွာအတူတူျဖတ္သန္းရင္းေစာင့္ေရွာက္ေပးရမည္မွာလည္းႏွလုံးသားကိုပုံအပ္ေပးထားသူJuyeonရဲ႕တာဝန္ျဖစ္လာပါေတာ့သည္။

ကဗ်ာပိုဒ္ေလးရဲ႕စာမ်က္ႏွာတိုင္းကိုပိုၿပီးလွပေအာင္သီကုံးေပးရမွာပဲမဟုတ္ဘူးလား။

သံစဥ္ေတြမပါဝင္တဲ့စကားသံေလးဟာလည္းခ်ိဳၿမိန္သလိုပကာသနမပါတဲ့ရိုးရွင္းတဲ့ေကာင္ေလးဟာလည္းခ်ိဳၿမိန္ပါသည္။ထို႔အတူပင္ပထမဦးစြာနမ္းခဲ့ရသည့္ႏႈတ္ခမ္းပါးေလးမွာလည္းခ်ိဳၿမိန္လွပါသည္။

တစ္ေယာက္နဲ႕တစ္ေယာက္ခံစားခ်က္ေတြကိုမဖြင့္ေျပာရေသးေပမဲ့အနမ္းေလးေတာ့ေပးမိလိုက္သည္။ရင္ခြင္ထဲမွာလည္းေနလိုက္သည္။မလိုပါဘူး။သိပ္ကိုလွတဲ့သူတို႔ရဲ႕ခ်စ္ျခင္းတစ္ရားေတြဟာပါးစပ္ကေနတစ္ကူးတစ္ကထုတ္ေျပာဖို႔မလိုအပ္ပါဘူး။ေဖာ္ျပတတ္ရင္ရပါၿပီ။ေကာင္ေလးကလည္းသူ႕လိုတူညီတဲ့ခံစားခ်က္မ်ိဳးရေနမွာပဲေလ။

ဒါေပမဲ့တစ္ေန႕ေန႕တစ္ခ်ိန္ခ်ိန္က်ရင္ေတာ့သိထားေပမဲ့လည္းတစ္ခါေလာက္ေတာ့ေျပာျဖစ္ခ်င္ပါသည္။မခဲယဥ္းပါေသာ္လည္းထုတ္ေျပာဖို႔ရန္အနည္းငယ္ေတာ့တြန့္ဆုတ္ေနမိသည္။ေယာက်ာ္းမပီသတာမ်ိဳးေတာ့မဟုတ္။သိေနၿပီးသားခံစားခ်က္ကိုအထူးတစ္လည္ထုတ္ေျပာရမွာကိုေတြးေတာေနျခင္းသာ။

ရင္ခြင္ထဲကေကာင္ေလးကိုတစ္ခ်က္ျပန္ၾကည့္လိုက္ေတာ့အိပ္ေမာက်ေနတာခ်စ္စဖြယ္ပင္။ဆံႏြယ္ညိုတို႔ဖုံးအုပ္သည့္ေခါင္းလုံးလုံးေလးအားတစ္ခ်က္ညင္သာစြာေမႊးလိုက္ၿပီးစိတ္ထဲမွေရ႐ြတ္လိုက္သည္။

" ~ခ်စ္တယ္Jae~ အခုေတာ့စိတ္ထဲကေနပဲေျပာလိုက္မယ္ တစ္ေန႕ေန႕က်ရင္ေတာ့ကိုယ္ေသခ်ာေပါက္ပါးစပ္ကေနထုတ္ေျပာပါ့မယ္ အိပ္မက္ဆိုးေတြလည္းမမက္ပါေစနဲ႕ေတာ့ ကိုယ့္ရဲ႕Jae "

တစ္ဖန္ထပ္ၿပီးေရွ႕ဆံပင္အနည္းငယ္ဝဲက်ေနသည့္ႏွဖူးျပင္ေလးကိုနမ္းကာအေတြးကမၻာမွထြက္လာလိုက္ၿပီးေကာင္ေလးကိုလည္းဖက္ရင္းအိပ္စက္ျခင္းဆီသို႔ဦးတည္လိုက္ေလသည္။

ဒါေပမဲ့.....ဘယ္သူသိနိုင္မွာလည္းေနာ္.....Jaehyunေလးရဲ႕အိပ္မက္ဟာအျပင္မွာသာတစ္ကယ္ျဖစ္လာနိုင္မလားဆိုတာ...........
__________________________________________

Thanks for reading🌸

Bạn đang đọc truyện trên: Truyen2U.Com